13 May 2009

ဘ၀အသစ်ဖြင့် ပြန်လည်ရှင်သန်နိုးထလာခြင်း

ဘလော့မိတ်ဆွေအပေါင်းတို့ခင်ဗျား

မကြာခဏ ဖွင့်လိုက်ပိတ်လိုက်လုပ်တတ်သော
ဘလော့တကာတွင် သူ့ကိုတွေ့နိုင်သော
စိတ်ကြီးတတ်သူဟု ဂုဏ်ယူထားသော
စာအရေးအသားကောင်းပြီး စာလုံးပေါင်းမှားသော (ဘယ်တော့မှ ပြန်ပြင်လိမ့်မည်မဟုတ်)
အိုးပုတ်ပန်းတွေဆီက မောင်မျိုးတစ်ယောက် ဟိုတစ်လောက ရေတိမ်နစ်ပြီး(ဘယ်လောက်တိမ်သလဲဆို မွေးခါစကလေး ဟိုဒင်းလောက်ပဲ ရှိပါသတဲ့ ခြေမျက်စိနော်) သေဆုံးသွားခဲ့ပါတယ်။

သို့သော်....
အဘယ်သိကြားမင်းရဲ့ ဟိုဒင်းတင်းတော်မူသောကြောင့် (ကျောက်ဖျာပါခင်ဗျာ)
အမောင်ပြာသိုဆိုပြီး အသစ်မွေးဖွားပေးလိုက်ပါတယ်
ချစ်သူခင်သူမုန်းသူ အားလုံး ၀ိုင်းဝန်းစောင်မကြည့်ရှုနိုင်စေကြောင်း
ဒူ......ဟူ..........ဟူ

လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အယုတ်အလတ်အမြတ်မရွေး သွားရောက်ကြည့်ရှုရန်
ပထမဆုံးလာရောက်ကြည့်ရှုသူ ဆယ်ဦးအား မောင်မျိုး၏ ကြွင်းကျန်ရစ်သောပုဆိုး ဆယ်ထည်
ယနေ့မနက်ဖြန် ဆက်တိုက်ကြည့်က မောင်ပြာသို၏ ကြီးတော်ကြီးနှစ်ယောက်အား မဲဖောက်ပေးမည်
ကိုပြာသိုရေးသမျှအပုဒ်တိုင်းကော့မန့်ပေးသူဖြစ်ပါက မုဆိုးမ အေးကြည်မအား အခါမဆိုင်းလူတိုင်းရနိုင်စေ

15 comments:

Maung Myo said...

သူလုပ်မှပဲး(

အနားမှာရှိလို့တော့ ဗိုက်ခေါက်ထူထူကို နူုးအောင်ပြုတ် ကလီစာတွေထုတ်ပြီး ချဉ်ရည်နဲ့ တို့စားပစ်မှာ ။

yehtutnaung said...

(၁) မုဆိုးမ အေးကြည်မနှင့် အသက်အရွယ် အလွန်ကွာ၍ အမကြီး (အမြှီးကျ) နေရာ၌သာ ထားရှိလိုခြင်း။
(၂) ကြီးတော်ကြီး ၂ ယောက်မှာ တရားရိပ်သာ ၀င်နိုင်သည်မို့  နားမပူလိုခြင်း။
(၃) ကိုမောင်မျိုး၏ ကြွင်းကျန်ရစ်သော ပုဆိုး ဆယ်ထည်ကို အထည်ချုပ်စက်ရုံပို့ က အကျိုးရှိမည်ဟု အကြံပြုလိုခြင်း
စသည့် ဂျင်း တို့ ကြောင့် မောင်ပြာသိုအား ကိုရွာသား သာလျှင် အထိုက်တန်ဆုံးလို့ 
ပြောလိုပါသည် .....ခင်ညာ :P

(ဒူ...ဝေ...ဝေ....((ဘူ)))

ပုံ/
ဘကြီး နေညို

ဝေလေး said...

ဘာများလည်းလို့..... ဟီးး

ကြည်ဖြူပိုင် said...

ဟဟ. ရီရပါ့:)

ရွှန်းမီ said...

ဖြစ်မှဖြစ်ရလေ. . သူလုပ်မှပဲ . .

sait phay yar said...

ကြော်ညာတာအဲလိုလား ပညာလာယူတယ်နော်

ကောင်းကင်ပြာ said...

အမ လဲ သွားလိုက်တယ် ရွာသားရေ

Moe Cho Thinn said...

မောင်မျိုးတော့ လူပေါင်းမှားပြီ

khin oo may said...

တယ်ဆိုးတဲ့ ရွာသားဘဲ

khin oo may said...

တို့ကိုတော့မတနဲ့နော.် ဒါဘဲ

ညီလင်းသစ် said...

သြော်...ဂလိုလား!!! :)

ကဗျာမလေး said...

အပြောင်းအလဲ တစ်ခုကို ... အသစ်တစ်ခုလို့ မှတ်ယူပြီး လေ့လာလိုက်ဦးမယ် :)

ဖိုးဂျယ် said...

သွားလည်နေတယ် ကိုရွာသားရေ သူ့လိုက်ဖမ်းရတာ မလွယ်ဘူးပဲး)

ဗီလိန် said...

ဟဟ ဝေလေးက ဘဝတူတွေဆိုပြီး “ဘာများလဲလို့” တဲ့ ဟာဟ

ကိုရွာသားအကြောင်းလားလို့။ ဘယ်ဟုတ်မလဲ။ ဒီမျောက်မအကြောင်းများ ပို့စ်တစ်ပုဒ်အဖြစ် ရေးနေသေးတယ်။ သိသားပဲ။ အမြင်ကပ်လို့ မသိချင်ယောင်ဆောင်ပြီး ပစ်ထားတာ။ :D

Unknown said...

ရွာသား လူနောက်ပဲ
အဲ့လိုလည်း ကြော်ငြာကောင်းတယ်လား
ခုလည်း ပြာသိုက ပေါ်ပျောက်ပဲ ထပ်ကြော်ငြာရမယ်