ကျနော့ ဇာတိမြေက မုံရွာမြို့ပါ။ မွေးဖွားရာဒေသကနေ ဝေးတဲ့ အရပ်ဒေသတွေမှာပဲနေခဲ့ရတယ်။ ဘယ်ဇာတိလဲ လို့ဆိုတဲ့ မေးခွန်းတိုင်း အတွက်ဖြေလိုက်တိုင်း မုံရွာကပါ ပြောမိတယ်။ သြော် ဘယ်ရွာက ဆိုပြီး ပြန်မေးကြပြန်ရော။ အဲဒီတော့……
ဘလော့လေးစလုပ်တော့ မရွှေပြည်သူက အစ်ကိုဘယ်နာမည်ယူမလဲဆိုတော့။ ခေါင်းထဲစဉ်းစားမိတာက ချစ်တဲ့ဇာတိမြေကိုလည်းပါစေချင်တယ်။ ပြီးတော့ ဒီရောက်တဲ့ လူတွေတိုင်း ရွှေပြည်ကြီးကို ပြန်ရင် ရွာပြန်မယ်။ ရွာမှာက ဘယ်လိုနဲ့ ပြောတတ်ကြတယ်လေ။ ဒါနဲ့ ပြည်သူပြည်သားအဖြစ် ဂုဏ်ယူစွာလည်း တစ်ကြောင်း…
ကျနော်ကြီးပြင်းတဲ့ အရပ်က ဟိုးဝေးလံတဲ့ တောကြိုအုံကြားက စက်ရုံမြေလေးပါ။ ဆိုတော့ တော်ရုံတန်ရုံ သိသင့်သိထိုက်ပါတယ်ဆိုတာတောင် မသိတဲ့ ခပ်ထူထူ ခပ်အူအူ ထုံထုံ နုံနုံ နန အတီးအတ ထဲကပါ။ ဘယ်လောက်နုံလည်းဆို ရန်ကုန်ပထမဆုံးရောက်ဖူးတဲ့အခေါက်ပေါ့…..
ကျနော့အမှတ်မမှားရင် ကျနော့အသက်၅နှစ်ကျော်ကျော်ဖြစ်မယ်။ ရန်ကုန်မြို့ကြီးကိုတဲ့ ယောင်လည်လည်ဆိုပါတော့ဗျာ။ မေက ရန်ကုန်မှာကျောင်းတက်တာဆိုတော့ ရန်ကုန်ကိုစကျွမ်း။ ကရ၀ိတ်ကို လိုက်ပို့ပေးမယ် ရေခဲမုန့်သိပ်ကောင်းတယ်တဲ့။ ကရ၀ိတ်ကို ချီတက်ကြရောပေါ့ဗျာ။ ကရ၀ိတ်ကိုရောက်တော့ ကျနော်ကြည့်တယ်။ သေသေချာချာကိုကြည့်တာနော်။ အဲ့…မှန်တွေအပြည့်ကာလို့။ အပေါ်မော့ကြည့်တော့ အချွန်တွေ အတက်တွေနဲ့။ ပြီးတော့ အောက်ကို ငုံ့ကြည့် ပြန်တော့ ကော်ဇောတွေကို အကျခင်းလို့။ အထဲကိုဝင်မယ်လည်းဆိုရော မေ,နေဦးလေလို့ ဖိနပ်လေးကောက်ချွတ်တယ်။ ပေး..မေ့ဖိနပ်လည်းပေးဆိုတော့ မေတို့တွေ ကြောင်သွားကြတယ်။ ဟုတ်တယ်လေ…ဘုန်းကြီးကျောင်းထဲဝင်ရင် ဖိနပ်ချွတ်ရတယ်လေ ဆိုတော့မှ အားလုံးကျနော့ကို ၀ိုင်းဟားကြတယ်။ ကျနော်မှတ်ထားတာက ရွာက ဘုန်းကြီးကျောင်းတွေမှာသာ ကော်ဇောခင်းတတ်တာ အချွန်အတက်တွေနဲ့ ဆောက်ကြတာ ပြီးတော့ မှန်ဗီရိုကြီးတွေအကြီးကြီးတွေနဲ့လေ။ အဲ့လောက် ထူအတဲ့ အတွက် မှတ်မှတ်ယယ ဖြစ်အောင် ရွာသားလေးလို့ ဘလော့နာမည်ကိုပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒါပေမယ့် ရွာသားလေးဆိုတဲ့နာမည်က ယူထားပြီးဖြစ်နေတယ်။ မရွှေပြည်က ပြန်မေးတယ် အစ်ကို နာမည်အသစ်ရွေးပေးပါတဲ့။ ဘယ်လိုလုပ်ရပါ့။ ရွာသားလေးဆိုတဲ့ ပညတ်နဲ့ အများကြီးစဉ်းစားထားပြီးသားလေ။ နောက်တော့ ကိုကို(စက်မှုတက္ကသိုလ်)၊ အိအိခင်(နည်းပညာတက္ကသိုလ်) တို့လို….
တကယ်က ကျနော့မှာ အန်ချင်စရာကြီး လုပ်ဖို့ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး။ ဖေ့ကို ကြည့်ပြီး မလုပ်တော့ဘူးရယ်တွေးမိခဲ့တယ်။ ၀ါသနာပါမိတာကလည်း တစ်ခြားလေ။ ဒါပေမယ့် ဒါပေမယ့်ပေါ့လေ…
ဆယ်တန်းကို ကံစွတ်ပြီး အဲ့ဒီနှစ်က အောင်ခဲ့တယ်။ ဒါပေမယ့် ရမှတ်ကတော့ အားရစရာမရှိ။ ရည်ရွယ်ထားတာတော့ ဖြစ်လာမယ့်အကြောင်း လုံးဝမရှိတော့။ ဆယ်တန်းအောင်တော့ မဟာစည်မှာ ကိုရင်ဝတ်ရင်းကနေ ရန်ကုန်မှာ ကွန်ပြူတာ တက်ဖို့ အကြောင်းကဖန်လာပြန်တယ်။ ကျနော်နေတဲ့ တောင်ဥက္ကလာအိမ်က တစ်အိမ်လုံးနီးပါး ၀ိုင်အိုင်တီကပါ။ အစ်ကိုတစ်ယောက်က လက်ရှိတက်နေဆဲ။ ၉၆-၉၇ ခုနှစ်ကျောင်းတွေပိတ်ထားဆဲကာလပါ။ အစ်ကိုနယ်ကို အလည်လာတုံးကလည်း သူ့သူငယ်ချင်း ၀ိုင်အိုင်တီက အစ်ကိုကြီးတွေနဲ့အတူတူ။ သူတို့ကို ရွှေစက်တော်ပို့ရင်း ညတိုင်းနီးပါး လက်ဖက်ရည်ဆိုင်မှာ ကျောင်းကို လွမ်းတယ်ဆိုတဲ့ အကြောင်းတွေ ကျောင်းအကြောင်းတွေ ပျော်ရွှင်စရာ တက်ကြွနေတဲ့သူတို့ မျက်နှာတွေကို ငေးမောနေခဲ့ရတာပေါ့။ ရန်ကုန်ရောက်တော့ အစ်ကိုက ကျောင်းကို ခေါ်သွားတယ် နွေအေးမှာ ကြာစွယ်ဟင်းချိုနဲ့ဝက်သားဟင်းအချိုချက်ကျွေးတယ်။ ပြီးတော့ သြဘာလမ်းဆိုတာကို ရှင်းပြတယ်။ ဦးလူပေါဂိတ် ဆင်းရဲသားဂိတ်တွေကို ပြတယ်။ တိုင်လုံးကြီးတွေအောက်ကနေ ကျောင်းကြီးရဲ့ ခမ်းနားမှုတွေက အတိုင်းသားလေ။ ပြီးတော့ သူပြောပြတဲ့ အကြောင်းအရာ အသစ်တွေက စိတ်လှုပ်ရှားမှုနဲ့ နားထောင်လို့သိပ်ကောင်းနေခဲ့တယ်..တကယ်။ အိပ်မက်တွေ မက်တော့တာပေါ့။
ကျောင်းလျှောက်လွှာတွေခေါ်တော့ ပထမဦးစားပေးက စက်မှုပေါ့ (ရန်ကုန် မန္တလေးနဲ့ ပြည်သုံးခုထဲပါ)၊၊နောက်တော့ သွားဆေး၊ သစ်တောနဲ့ ကွန်ပြူတာနဲ့ ဘလာ ဘလာတွေပေါ့။
ကျောင်းတွေ ချပေးပြီဆိုတော့ ကျနော်နဲ့ ကွန်ပြူတာတက်နေတဲ့ သူငယ်ချင်းတွေက စက်မှုကနေ ကွန်ပြူတာကို ရွှေ့ကြတယ်။ ကျောင်းထဲကို တစ်ခေါက်ရောက်ပြန်တယ်။ ကျောင်းမှာ ကျနော်တို့နာမည်တွေ ရှိနေပြီ။ ဟေး…..ဒီကျောင်းကြီးမှာတက်ရတော့မယ်ပေါ့။ ပြီးတော့မှ ကျနော်တို့ကို နှစ်ခြမ်းခွဲလိုက်ပြန်တယ်။ မှော်ဘီနဲ့သန်လျင်တဲ့။ ဟာ…ဒါဆို ဘယ်လိုလုပ်မလဲ။ အဝေးကို ကျောင်းတက်ဖို့က မဖြစ်နိုင်ပြန်ဘူး။ ကျနော့မှာ လက်ရှိတက်လက်စ သင်တန်းတွေနဲ့။
ပြီးတော့ ကြားနေတဲ့ ကောလဟလ။ စက်မှုတက္ကသိုလ်ဆိုတာမရှိတော့ဘူးတဲ့။ သူငယ်ချင်းအဖေက အဝေးသင်ကဆိုတော့ သူ့ကို အကူအညီတောင်းတယ်။ သူက ကျနော်တို့ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးရုံးကို လွှတ်လိုက်တယ်။ ရုံးကိုရောက်တော့ အဆင့်ဆင့်မေးစမ်းကြည့်တာ ဆရာမမိုးမိုးအင်းလျား နာမည်ကြီး ၀တ္ထုတစ်ပုဒ်လို ဖြစ်သွားပါတယ်။
အဆညကို သွားခဲ့တယ်။ ကျောင်းပြောင်းတော့မယ်။ မြို့ထဲက မပြောင်းမယ့် ကျောင်းတစ်ခုခုမှာတက်မှ ဖြစ်မယ်။ မပြောင်းရွှေ့မယ့် ကျောင်းတွေထဲမှာ လက်ရှိတက်နေတဲ့ သင်တန်းတွေနဲ့ အနီးစပ်ဆုံးက ကွန်ပြူတာတဲ့(ကွန်ပြူတာက မပြောင်းရဘူးလို့ ကြားတာပါဗျာ)။ ကွန်ပြူတာက အဲ့ဒီနှစ်က ဆေး၊ စက်မှုပြီးရင် တတိယ၀င်ခွင့် အမှတ်အများဆုံး။ အဆညက အရာရှိက ကျနော့ကို ပေးမပြောင်းသေးဘူး။ သားရယ် စဉ်းစားပါတဲ့။ ဒုတိယကို ၀င်ခွင့်ရရဲ့သားနဲ့တဲ့။ လူတိုင်း အင်ဂျင်နီယာဖြစ်ချင်ပေမယ့် ဖြစ်ခွင့်မရတဲ့သူတွေအများကြီး။ အမှတ်တွေမှီရဲ့သားနဲ့ စဉ်းစားပါသားရယ်တဲ့။
အဆညရုံးရှေ့မှာ ချီတုံချတုံဖြစ်ပြန်ရော။ တွေဝေတတ်ပါတယ်ဆိုမှ တက်ပါမယ်လို့ အိပ်မက်တွေထားခဲ့တယ်ဆိုမှ။ အဲ့ဒီမှာ ခင်မင်စရာကောင်းတဲ့အမကြီးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ ကျနော်က သူ့ကို တ,ကျယ်လို့ခေါ်ပါတယ်။ ငါလည်းကျောင်းလာပြောင်းတာတဲ့ အခုမပြောင်းတော့ဘူးဟာ အင်ဂျင်နီယာပဲလုပ်တော့မယ်တဲ့။ ဘာပဲဖြစ်ဖြစ် ဒီကျောင်းပဲတက်မယ်တဲ့။ ဟာ..အဖော်တစ်ယောက်ရပြီဆိုတော့ ကျနော့အကျင့်အတိုင်း ဦးလေး ကျနော်မပြောင်းတော့ဘူးဗျာဆိုပြီး တစ်ချိုးတည်း ပြန်လာတယ်။ နောက်ဘယ်တော့မှ မလာတော့ဘူးဆိုပြီး။
တကယ်တော့ နောက်ထပ် ထပ်သွားခဲ့ရပါတယ်။ ကျောင်းတွေ တက်ဖို့ ရက်တွေနီးလာတော့ ကျနော့ကို ပို့တဲ့စာက မရသေးဘူး။ နယ်ပဲပြန်တက်ရမှာမို့ ကျနော့ကိုစာမပို့တာလားဆိုပြီး ယောက်ယပ်ကိုခပ်နေခဲ့တာ။ အဆညကိုတစ်ခေါက်သွားရပြန်ရော။ ဒီတစ်ခေါက်တော့ အဆညနဲ့တင်မရပ်တော့ဘူးဗျ။ နောက်ထပ် နတ်မောက်လမ်းကို လိုက်ပါတဲ့။ နတ်မောက်ရောက်တော့ ဟိုပြေးလိုက် ဒီပြေးလိုက် ဟိုလူ့မေးလိုက် ဒီလူ့မေးလိုက် ဆိတ်ဟိုဒင်းလိုပါပဲ။ အိမ်ကပဲစောင့်ပါတဲ့။ စာတွေက ပို့လိုက်ပြီတဲ့။ ဖြစ်နိုင်ရင် ဖုန်းချလိုက်သလို ဂလောက်တောင်မြည်မလားမသိဘူး စိတ်ရှည်လက်ရှည် နှစ်ခွန်းပဲ ဖြေတယ်။ အမ အမဆိုတာတောင် ပြန်လှည့်မကြည့်တော့ဘူး။ သိပ်အလုပ်ရှုပ်နေတာ သူ့မှာ ခေါက်ဆွဲသုပ် ပန်းကန်နဲ့လေ။
အိမ်ရောက်တော့ အမောတကော ရေပြေးသောက်တယ်။ စာက အိမ်ရောက်နေပြီတဲ့။ တက်ရမယ့်ကျောင်းက မှော်ဘီတဲ့။
အဲဒီကနေ ၀ိုင်တီယူ ဖြစ်လာတာပေါ့ဗျာ….
ကိုနေညိုရင့်ရေ အဲ့လောက်ဆို တော်တော်ရှည်သွားပြီ..ဟုတ် :)
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
28 comments:
ကျွန်တော့်ကို မှော်ဘီကျောင်းစပို့ပေးတော့ ကျောင်းတော်ကြီးကို မြင်တာနဲ့ အာအိုင်တီကျောင်းဆင်းအဖေက မချိတင်ကဲနဲ့ တစ်လုံးထဲပြောတယ်။
"သားရယ်၊ မင်း မြန်မြန်အောင် အောင်သာလုပ်ပါတော့ကွာ။"တဲ့
ဥိးသောင်းအကြောင်းကျန်သေးတယ်လေ.သိချင်သေးတယ်။
နာမည်ပေးထားတာရော၊ ရေးထားတာရော အကုန်ကောင်းတယ် မောင်လေးရေ၊
(သိသင့်သိထိုက်ပါတယ်ဆိုတာတောင် မသိတဲ့ ခပ်ထူထူ ခပ်အူအူ ထုံထုံ နုံနုံ နန အတီးအတ)အဲဒီ ထက်များတတ်ရင် စာတွေက မိုးပျံနေမှာ သေချာတယ်
သြော်...ဒီလိုလား...။ :P
ကိုရွာသားရေ.. အခုလို ရေးပေးတာ ကျေးဇူးပါဗျာ..။ နောက်များလဲ ကြုံရင် တက်ဂ် မယ်နော်..ဟဲ။
အန်ဂျင်စရာကြီး ရေးထားတဲ့စာ ကို နည်းပေးလမ်းပြအနေနဲ့  ဖတ်မှတ်လေ့လာသွားပါတယ် ခင်ဗျား...
အကြောင်းက ကိုလူထွေးလဲ မျက်စိလည်လမ်းမှားပြီး တဂ်ခံထိထားတယ်လေ...
ဂလိုကိုး :)
ဒီတလော အတော်လက်တွေ့နေမှတ်တယ်။။ စာတွေအရေးစိပ်လို့..။ ၀မ်းသာပါတယ်ဗျားးး ဖတ်ရတာ။
သိသွားပြီ.း)))
အဲဒီတုန်းက အကြောင်းတွေ ပြန်မတွေးချင်ဘူး...ငိုချင်လို့ ...
ဖတ်မိတယ်
နာမည်နဲ့ လူနဲ့လိုက်တယ်း)အနောက်က ကလောင်ကတော့ ရှိန်တာပေါ့ကွယ် ဟုတ်ဘူးလား လူမောင် (ဆေး-၁) ဘာတို့ ။ ညီ သိတဲ့ရွာသားက ပုဆိုးကို ပေါင်းရင်းထိ ၀တ်ကြတာ အစ်ကိုကော အဲ့လိုပဲလား :P မျှော့ကိုက်မယ်နော် သတိ ။
96လား 97လား ၁၀တန်းအောင်တာ။တို့လဲအတူတူပဲ ကျောင်းကြီးကိုမျှော်ပြီးသကာလးးးး
ပုသိမ်GTC မှသည် ပြည်PTU သို့။ဦသောင်းကျောင်းကိုတစ်ခါလာပြီးမိန့်ခွန်းခြွေ၏။
အန်ချင်စရာကြီးလို့ တော့ မခေါ်ပါနဲ့ လား မောင်လေးရွာသားရေ… အညာသွေးချင်းတူ… အင်ဂျင်နီယာသွေးချင်းတူ… မေဂျာသွေးချင်တူ… ပြီးတော့ ဘလော့သွေးချင်းတူဆိုတော့… မောင်နှမအရင်းတွေလိုပဲပေါ့… တို့ လဲ ဟိုးအရင်ကျောင်းတုန်းက စာရေးတုန်းက xxxx( စက်မှုတက္တသိုလ်) ဆိုရေးခဲ့တာ… ကျောင်းကို ချစ်လွန်းလို့ လေ… YTU ဖြစ်ဖြစ် PTU ဖြစ်ဖြစ် TU အားလုံး = RIT လို့  ရင်ထဲအမြဲစွဲမှတ်ထားတယ်… အစည်းဘယ်တော့မှ မပြေပါဘူး….
ဆောဒီး။recent comments ကိုဖျက်ထားတော့
ကွန်မန့်ပေးသွားတာမသိလိုက်ဘူး။ဟင့် နာလိုဘူး 97တွေကို။
တို့ထက်နောက်နှစ်မှ၁၀တန်းအောင်ပြီး တို့နဲ့တစ်နှစ်ထဲကျောင်းတူတူတက်ရတာ။
စတာနော်။
YTU ကျောင်းကြီးမှာ သိပ်တက်ချင်ခဲ့တာ။ မတက်ရလို့ ကွန်ပျူတာပဲ ယူလိုက်တော့တယ်။ နို့မို့ အန်ချင်စရာကြီး... အင်း ဟုတ်သေးဘူး အန်ချင်စရာလေး ပေါ့.. :P ဖြစ်လာလိမ့်မယ်ထင်တာပဲ။
ဆရာအကြောင်းတွေ၊ အခုတလော ရေးတဲ့စာတွေ ဖတ်ရတာ အားရှိတယ်ဟေ့။ ရင်တွင်းခံစားချက်တွေကို ပြောင်မြောက်တဲ့ အဖွဲ့အနွဲ့တွေနဲ့ ချယ်မှုန်းလိုက်တော့ ဖတ်ဖို့ အရမ်းဆွဲဆောင်သွားတယ်။ ဆက်လုပ်ဟေ့ ............ ရွာသားရေ ..........။
အိမ်က ဘိုးတော်က အန်ချင်စရာ အကြီးစားကြီးပေါ့ရွာသားလေးရေ။
အန်ချင်စရာကြီး ရွာသားလေး
အန်ချင်စရာ ဆိုတာ တော်တော် စဉ်းစားလိုက်ရတယ်။
ပြီးခါနီးမှ သိသွားတာ။
ကိုယ်တောင် နဲနဲ ထုံလာပြီ ထင်တယ်။
အင်း...
ကျောင်းနဲ့ ပါတ်သတ်ရင်တော့ ပြောစရာတွေ အများကြီးပါပဲ။ ဒါပေမယ့် အဟောင်းတွေ အသစ်ဖြစ်ပါတယ်လေ။ အစုတ်အတိုင်းပဲ ထားလိုက်အုံးမယ်။
မှတ်မိပါ့း))
ပထမဆုံး လာလည်ခြင်းပါ။ တော်တော်များများ ဖတ်သွားပါတယ်။ နောက်လည်း လာဖတ်ပါဦးမယ်။
သဘောကျ နှစ်သက်မိတဲ့ ဘလော့လေးတစ်ခုပါ။
ဖတ်သွားပါတယ်။ ကိုယ်ကျတော့ နစ်နောက်က အဲဒါထည့်ဖို့ တစ်ခါမှ သတိမရခဲ့ဘူး။ ကိုယ်ရေးတဲ့စာတွေဖတ်ပြီး RIT ကျောင်းသူတွေက အန်ချင်ရာကြီးလို့ ထင်သွားမှာစိုးလို့။ကျောင်းကိုအားနာလို့ ဟီး .. ဟီး။ ။ ကိုရွာသားလေးလို လူမျိုးကျတော့ တို့ကျောင်း နာမည်ရတာပေါ့။
ဟဟ. ကိုရွာသားနဲ့ အနော်နဲ့ အင်ဂျင်နီယာကို အန်ချင်စရာလို့ ခေါ်ပုံချင်းတူတယ်။ အဲလိုပြောရင်အိမ်ကလူကြီးတွေက အမြဲရီတယ်။ ပေါက်ကရပြောလို့တဲ့
အခုတော့..ပိုပြီး - အန်ချင်စရာကြီး- ဖြစ်နေတာပေါ့နော်။း)
အန်ုချင်စရာကြီး တို့ရဲ့ တိုင်လုံးကြီးတွေကတော့.. အခု..အော်ချင်စရာ ကောင်းလောက်အောင်.. အလဟသ .. တိုက်စား ဆွေးမြေ့နေတာ..တွေ့ခဲ့ရလေရဲ့။
ခုမှဖတ်ရတယ် ..း)
ဘယ်လိုဘယ်ပုံ ရွာသားလေး (၀ိုင်တီယူ) ဖြစ်လာသလဲပေါ့
ရွာသားလေး အတ္ထုပ္ပတ္တိ ပေါ့ (စာလုံးပေါင်းမှားလားမသိ :D)
နာမည်ပေး ကင်ပွန်းတပ်ထားပုံလေးကတော့
သိပ်ကောင်းတာပဲ
နုံအတာမဟုတ်ပါဘူး ရိုးသားလွန်းတာပါ
အန်ချင်စရာကြီးလို့ များ မပြောပါနဲ့  စဉ်းစားမိတိုင်း အန်ချင်လွန်းလို့  (ကိုယ့်ဝါသနာဆိုတာတောင် ရဲ၂မပြောဝံ့တဲ့ဘ၀မှာ)
တို့ ဖေဖေကတော့ သူ့ လို အန်ချင်စရာဖြစ်စေချင်တာ
Post a Comment