တစ်လောက အသိတစ်ယောက်ဆီကနေ ဖော်ဝပ် ရတဲ့အကြောင်းအရာလေးပါ။ မကျွမ်းကျင်တဲ့ အရာတစ်ခုကိုလက်တည့်စမ်းချင်တာနဲ့ လက်တည့်စမ်းလိုက်ပါတယ်။ ပထမဆုံး ဘာသာပြန်ဖူးခြင်းဖြစ်ပြီး အမှားအယွင်းတွေ အတိမ်းအစောင်းတွေ အသိန်းအသောင်းမက ပါနေမှာသေချာပါတယ်။ မူရင်းကို အောက်မှာဖော်ပြပေးထားပါတယ် ကျွမ်းကျင်သူများ တိကျမှန်ကန်တဲ့ စာဖတ်ဖို့ကျော်ဖတ်နိုင်ကြောင်းပါခင်ဗျာ။ စာဖတ်သူတွေကို မှားယွင်းတဲ့ အတွေးအခေါ်တွေပါ ပေးမိတယ်ဆိုရင်တော့ ရွာသားကိုသာ အပြစ်တင်ကြပါခင်ဗျာ။
အချက် ၁ လူတစ်ယောက်နဲ့စကားပြောစဉ်မှာ အောက်ကို ငုံ့ကြည့်နေတတ်ခြင်း
လူတွေနဲ့ စကားပြောတဲ့အခါမှာ သူတို့ရဲ့ မျက်လုံးကို ကြည့်ပြီး ပြောတတ်ဖို့ လေ့ကျင့်သင့်ပါတယ်။ အကယ်၍ လူတွေကို စိုက်ကြည့်ခြင်းဟာ ယဉ်ကျေးတဲ့အရာမဟုတ်ဘူးလို့ လေ့ကျင့်သင်ကြားဖူးတယ်ဆိုလည်း မှန်ပါတယ်။ ဒါပေမယ့် သူ/သူမရဲ့ မျက်စိကို လုံးဝမကြည့်ရဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။
အချက် ၂ ပျင်းရိလေးတွဲ့စွာ ပြုမူနေထိုင်ခြင်း
စမတ်ကျကျနေထိုင်ပါ။ အရပ်ရှည်တယ်ဆိုတာ ကောင်းမွန်တဲ့အရာတစ်ခုပါ။ ပျင်းရိလေးတွဲ့စွာ နေထိုင်နေရင်တော့ အရပ်ပု သယောင်ယောင်ထင်ရပါလိမ့်မယ်။ စမတ်ကျကျနေထိုင် ပြုမူတတ်ရင် အရပ်ရှည်လာသလိုထင်စေရုံသာမက ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်အ၀ရှိတဲ့ ပုံစံလည်း ပေါ်ပေါက်စေပါတယ်။
အချက် ၃ သုန်မှုန်နေတတ်တာ
ဘယ်သူကမှ အမြဲစိတ်ပျက်ညစ်ညူးဖွယ် ပုံစံပေါက်နေတဲ့ သူကို ဆက်ဆံချင်မှာမဟုတ်ပါဘူး။ တကယ်လို့ အခြေအနေမဟန်ဘူးလို့ ယူဆရင် ခပ်ခွာခွာလေးနေပေးပါ။ လူအတော်များများက ဖျတ်လတ်တက်ကြွနေတဲ့ လူတွေနဲ့ပဲ ဆက်ဆံချင်ကြမှာ။ သုန်မှုန်မနေဘဲ အပြုံးလေးတွေနဲ့ ဆက်ဆံဖို့ ကြိုးစားပါ။
အချက် ၄ သူတစ်စိမ်းတွေကို ရှောင်ကြဉ်တာ
ငယ်တုန်းကတည်း သူတစ်စိမ်းတွေကို မဆက်ဆံရဘူးလို့ မိဘက ဆိုဆုံးမဖူးမှာပါ။ အခုကလေးမဟုတ်တော့ဘူးလေ၊ တစ်ချို့အချက်တွေကို ပြောင်းလဲကြည့်ပါ။ ဘ၀ကိုတိုးတက်အောင် ကြိုးစားတဲ့လူတစ်ယောက်က လူမျိုးစုံနဲ့ ပေါင်းသင်းဆက်သွယ်နိုင်ရပါမယ်။ ဒီတော့ လူများနိုင်သလောက်များများနဲ့ တွေ့ဆုံဖို့ ကြိုးစားပါ။
အချက် ၅ ပထမဆုံးတွေ့ဆုံခြင်းမှာပဲ အထင်အမြင်သေးစေတာ
လူအတော်များများက လူတစ်ယောက်နဲ့ ပတ်သက်တဲ့ အရာရာအားလုံးလိုလိုကို အဲဒီလူနဲ့ ပထမဆုံးတွေ့တုန်းက မြင်တဲ့အမြင်ပေါ်မှာပဲ မူတည်ပြီး အကဲဖြတ် သုံးသပ်လေ့ရှိတယ်ဆိုတာကို သိထားသင့်ပါတယ်။ ရှေ့ဆက် ဆက်ဆံစရာတွေ ရှိတယ်ဆိုရင် သေသေသပ်သပ် စနစ်တကျ ပြုမူနေထိုင်ခြင်းဖြင့် တွေ့ဆုံတဲ့သူနဲ့ သင့်မြတ်အောင် ပေါင်းသင့်တယ်။ အနာဂါတ်ဆက်ဆံရေးကို ပိုမိုလွယ်ကူချောမွေ့စေမယ်ဆိုတာ သေချာပါတယ်။
အချက် ၆ စကားပြောကောင်းမွန်ဖို့မကြိုးစားတာ
တိုးတက်ချင်တဲ့သူတစ်ယောက်ဆိုတာ စကားပြောကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ရပါမယ်။ စကားအများကြီး ပြောရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ စကားပြောကောင်းမွန်ဖို့ပဲ လိုအပ်တာပါ။ စကားပြောကောင်းမွန်တယ်ဆိုတာ မိမိပြောနေတဲ့စကားကို စိတ်ဝင်စားလာအောင် ပြောတတ်တာ စကားလုံး အသုံးအနှုန်း ပိုင်နိုင်ကျွမ်းကျင်တာကို ဆိုလိုတာပါ။ သမာရိုးကျပြောရရင် ကိုယ်ဘာတွေပြောနေလဲ ကိုယ့်ဘာသာ နားထောင်ကြည့် ဝေဖန်ကြည့်သင့်တယ်။ အာချောင်နေတာသက်သက်ပဲလား ဆိုတာ လေ့လာသုံးသပ်သင့်တယ်။
အချက် ၇ သူတစ်ပါးစကားကို ဂရုတစိုက်နားထောင်မပေးတတ်တာ
တခြားလူတစ်ယောက် စကားစပြောလိုက်တာနဲ့ နားထောင်သူတွေကို တစ်ချက်တည်း ဘယ်လိုနစ်ဝင်သွားစေနိုင်သလဲ ဆိုတာ သတိထားမိပါသလား။ အဲဒီလူကို စိတ်မ၀င်စားဖူးဆိုရင်တော့ ထားလိုက်ပါ။ အဲ့ဒီလူက အရေးပါ အရာရောက်တယ်ဆိုရင်တော့ သူပြောသမျှကို အာရုံစိုက်နားထောင်ပေးသင့်တယ်။ ဒါမှလည်း ရှေ့မှာ ဆက်ပြီး ပြောဆိုဆက်ဆံလို့ အဆင်ပြေမှာ ဖြစ်ပါတယ်။
အချက် ၈ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အဆက်အသွယ်ဖြတ်ထားတာ
ကိုယ်နဲ့ ခင်မင်သိကျွမ်းတဲ့ လူအားလုံးနဲ့ အကောင်းဆုံး ဆက်ဆံရေး ရှိတယ်ဆိုတာ သေချာဖို့ သူတို့နဲ့ အမြဲတမ်း အဆက်အသွယ်ရှိနေဖို့ လိုအပ်ပါတယ်။ ဆက်သွယ်ရန်စာရင်းထဲက လူတွေနဲ့ ပုံမှန်ဆက်သွယ်ပေးပါ။ မိမိတည်ရှိနေသေးကြောင်းလည်း သတိပေးရာ ကျတာပေါ့။ တစ်ပတ်ကို နှစ်ကြိမ်မဖြစ်မနေခေါ်ရမယ်မဟုတ်ပါဘူး။ ပေါ်လာတဲ့ကိစ္စတွေ အခမ်းအနားတွေ အလိုက် ဆက်သွယ်နေထိုင်သွားရင် ရပါပြီ။
အချက် ၉ ထိန်းချုပ်လွန်းတာ
လှုပ်ရှားသင့်တယ် မလှုပ်ရှားသင့်ဘူးဆိုတာ အခြေအနေကိုကြည့်ပြီး ဆုံးဖြတ်ပါ။ သိပ်ကိုပျင်းရိစရာကောင်းတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုလက်ရှိရောက်နေတဲ့ အခြေအနေမှာ မကျေနပ်နိုင်ဘူးဆိုရင် တခြားလူတွေကို အပြစ်မတင်ပါနဲ့၊ ရပ်မနေပါနဲ့၊ ဟန်ဆောင်မနေပါနဲ့၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်ပါ။ ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုဆိုတဲ့ ခံစားချက်ကို မွေးမိခင်ကလွဲရင် ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ပါဘူး။
အချက် ၁၀ လူနေမှုဘ၀ကိုမပျော်ရွှင်တော့တာ
လူတွေကို ကိုယ်နဲ့အတူရှိနေချင်စိတ် ရှိစေချင်တယ်ဆိုရင် ကိုယ်ဟာ ပျော်ရွှင်မှုတွေနဲ့ အချိန်ကုန်ဆုံးတတ်တယ်ဆိုတာကို သူတို့ကို ပြသလိုက်ပါ။ အရမ်းအလုပ်ကြိုးစားတဲ့ သူတစ်ယောက်ဆိုရင်တော့ တစ်မျိုးပေါ့။ အပြင်ထွက်ပြီးလည်ပတ်လိုက်ပါ။ လူနေမှုဘဝရဲ့ ပျော်ရွှင်မှုရသကို အပြည့်အဝ ခံစားသင့်တယ်။
အချက် ၁၁ ရင်မဆိုင်ရဲတာ
တကယ်တော့ ဒါဟာ ဘ၀ရဲ့ အစိတ်အပိုင်းအားလုံးနဲ့ သက်ဆိုင်ပါတယ်။ လူတောတိုးရဲအောင် ကိုယ့်ရဲ့ အလုပ်အကိုင်တိုးတက်ရေးတွေအတွက် ရင်ဆိုင်သင့်တာတွေကို ရင်ဆိုင်လိုက်ပါ။ လုပ်ရမယ့် အလုပ်တစ်ခုအတွက် စိတ်ခံစားချက်တွေက ကာဆီးနေတယ်ဆိုရင် အခြေအနေကို သေချာလေ့လာသုံးသပ်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့ နောက်မတွန့်ပါနဲ့။
အချက် ၁၂ တံခါးပိတ်ဝါဒကျင့်သုံးတာ
လူတွေက အမျိုးမျိုးရှိပါတယ်။ ဘာသာရေးမတူညီတာ၊ လူမျိုးမတူတာ၊ ယဉ်ကျေးမှုမတူတာ၊ ဘာသာစကားမတူတာ တကယ့်ကို မတူညီတာတွေက အများကြီး။ သူတို့ကိုဘယ်လို လူမျိုးဖြစ်စေချင်လည်း ဆိုတာထက် သူတို့ဘယ်လိုလူလည်း ဆိုတာကိုသာ လက်ခံနိုင်ဖို့ ကြိုးစားပါ။ လက်မခံနိုင်တဲ့ သူတွေကို ကြိုးစားပြီးလက်ခံကြည့်ပါ။ သူတို့က ကိုယ့်ကိုမလေးစားဘူးဆိုရင်တောင် သူတို့ကို လေးစားမှုပေးပြီး ခြားနားချက်တွေကို ရှာဖွေကြည့်ပါ။
ကျနော့အတွေးအမြင်
တစ်ချို့အချက်အလက်တွေက ကျနော်တို့ယဉ်ကျေးမှုတွေ ဓလေ့ထုံးစံတွေနဲ့ မကိုက်ညီတာတွေ ရှိပါလိမ့်မယ်။ ငယ်ကတည်းက သင်ကြားခံရတဲ့ လူကြီးသူမကို ခေါင်းငုံ့ပြီးပြောနေကျ အကျင့်တွေ၊ တစ်ခုခုဆို လူရှေ့ထွက်ဖို့ မ၀ံ့ရဲတာတွေ၊ လူမျိုးခြားဘာသာစကားတွေကို သူတို့နဲ့ရင်ဘောင်တန်းပြီးပြောနိုင်ဖို့ အားနည်းတာတွေ၊ လုပ်ငန်းခွင်ထဲမှာ လူကြီးပြောသမျှကို အမှန်ဆိုပြီး လိုက်လုပ်တတ်တာ စသည်ဖြင့် အချက်တော်တော်များများကို ကျနော်တို့ ပြုပြင်ပြောင်းလဲသင့်တယ်လို့ ယူဆပါတယ်။ ကျနော်ပထမဆုံး အလုပ်စလုပ်ဖူးတော့ အသက် ၁၇နှစ်မှာပါ။ အလုပ်ရှင်က နိုင်ငံခြားသားမို့ စကားပြောရင်ခေါင်းငုံ့နေတတ်တဲ့ ကျနော့အကျင့်ကို ပြုပြင်ဖို့ သူအမြဲပြောတတ်တယ်။ ခေါင်းငုံ့နေတတ်တာဟာ အပြစ်ကျူးလွန်တဲ့ သူတွေရဲ့ အမူအကျင့်လို့ သူတို့တွေက ယူဆပါတယ်။ တစ်ချို့အချက်တွေကတော့ ကျနော်တို့ကိုယ်တောင် မသိနိုင်တဲ့ ယဉ်ကျေးမှုခြားနားချက်အရ အယူအဆတွေ အမူအကျင့်တွေ ကွဲပြားသွားတတ်ကြတာပါ။ မိမိဘ၀တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင်ပြောင်းလဲစေခြင်းဖြင့် တိုးတက်မြင့်မားသော လူနေမှုဘ၀တွေ များသည်ထက်များနိုင်ကြပါစေခင်ဗျာ….
Dirty Habit #1 –Looking down at the floor when speaking to someone. You must learn to look at someone directly in their eyes when speaking to them. If you were taught that staring at people was impolite, you’re absolutely right. However, this does not mean you can’t look at someone in his or her eyes.
Dirty Habit #2 – Slouching when you’re standing or sitting down. Stand up straight. In our society being tall is a good thing. When you slouch you appear much shorter. Not only will standing straight make you look taller but it will also give you a confident look.
Dirty Habit #3 –Frowning and not smiling enough. No one likes to spend time with someone who’s in a bad mood. If you’re not feeling too great then try to keep your distance. People love to spend time with upbeat, optimistic people. Make an effort to smile, not frown.
Dirty Habit #4 – Avoiding strangers. Since the day you were born, your parents have taught you never to speak to strangers. Well, you’re a grown up now and things have changed. In order to develop exceptional people skills you need to be comfortable speaking to all types of people. You need to meet as many people as you can.
Dirty Habit #5 – Making a poor first impression. Did you know that people will judge almost everything about you just by your first impression? Make an initial effort to get along with the person you are meeting and you’ll save yourself a lot of trouble in the future.
Dirty Habit #6 – Not making an effort to speak well. In order to develop great people skills you need to become a great conversationalist. This doesn’t mean you need to speak a lot; this means you need to speak well. You need to articulate and choose your words wisely. Basically, you need to listen to what you’re saying and not just blabber on about whatever you feel like.
Dirty Habit #7 – Not being a good listener. Have you ever noticed how you tend to fall into a mind drift as soon as the other person begins to speak? Okay, well if you really don’t care about the person, then fine. But if you do, make an effort to listen and let the person speak. It will only help you further on in the conversation.
Dirty Habit #8 – Not staying in touch with your acquaintances. To make sure you have the best relationships with all of the people you know, you must stay in touch with them. You need to regularly check your contact list and remind them all that you still exist. I’m not saying to call them up twice a week but an occasional check up is always nice.
Dirty Habit #9 – Not being proactive. When there is not enough action and things are looking dull, it’s up to you to make a move. If you aren’t satisfied with the current situation don’t blame others, do something about it! Let’s face it: no one really cares if you’re unhappy, except maybe your mom...
Dirty Habit #10 – Not enjoying your social life. If you want people to enjoy your company, you need to let them know that you’re a fun person to spend time with. If you’re a hard worker, then I congratulate you! However, you need to occasionally go out and be known for your excellent nights out! Go out and live your life to the fullest!
Dirty Habit #11 – Not facing your fears. Actually, this relates to all aspects of your life but in this context I’m talking about meeting new people, career promotions, etc. If you need to do something logical but your emotions are getting in the way, then you need to analyze the situation and use some common sense.
Dirty Habit #12 – Refusing to be open minded. There are all kinds of people out there. There are different religions, different races, different cultures, and different languages. Learn to accept others for who they are not who you want them to be. Give them your full respect and work out your differences unless of course you aren’t receiving the respect you deserve.
There you go! 12 dirty habits to always avoid if you really want to develop exceptional people skills! If you’re prepared to create a real turning point in your life then maybe it’s time you checked out my website http://www.overcome-shyness.com: “A man’s complete guide on overcoming shyness, gaining popularity and boosting self-confidence.
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
12 comments:
၁၂ချက်လုံးနဲ့ကိုက်နေသလားလို့ ။
မပြုပြင်တော့ဘူး အသစ်ပဲလဲလိုက်တော့မယ်ဟာ။
(၁၂ရေးတာ ၁၀ဖြစ်သွားတယ်..မျက်စိလဲမကောင်း)
ကောင်းပါ၏။ (ဘယ်သူတွေက စလုပ်ကြမလဲ ??? )
အင်းး..... မှတ်ထားလိုက်မယ်။
ကြိုးစားကြည့်တာပေါ့..... တချို့အချက်တွေက ပြင်လို့ရပါ့မလားမသိ။ ကိုယ့်စရိုက်လိုဖြစ်နေတော့လည်း...
ကိုရွာသား ဘာသာပြန်တာပဲဖတ်သွားတယ် :P
အဲဒီ့ အချက်တွေ အကုန်လုံးလိုက်နာနိုင်ရင် အကောင်းဆုံးဘဲ။ တကယ်လိုက်နာနိုင်ဖို့တော့ ခက်လိမ့်မယ် ထင်တယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ဒီပို့စ်လေး တော်တော် ကောင်းတယ် ကျေးဇူး အစ်ကို လေ့လာမှတ်သားသွားတယ် ။
မောင်မျိုး
ဘာသာပြန်ကောင်းတယ။်
တစိမ့်စိမ့်စဉ်းစားပြီးဖတ်ရမဲ့စာမျီူးဘဲ
လာမလည်တာကြာပြီ။
ဖတ်သွားတယ် မှတ်သွားတယ်..
အားလုံးလည်း ဖတ်သင့်တယ်..
မှတ်သားသွားတယ် ပြင်သင့်တာတွေတော့
များသား ပြင် မပြင်နိုင်တော့ မသိဘူး
လောလောဆယ် စလုံးမှာပဲရှိသေးတယ်
ကိုရွာသားရေ
ရွာသားလေး..
ဗဟုသုတ ရလို့ ကျေးဇူးပါ....သေချာတာကတော့ အားလုံး မလုပ်နိုင်သေးဘူး.. :P
ဒါပေမဲ့  ခနခန ပြန်ဖတ်ပြီး ကိုယ့်ကိုယ်ကိုလေ့လာခြင်လို့ သိမ်းထားလိုက်တယ်နော်..။
အပြစ်မတင်ပါဘူး
ကျေးဇူးတင်ပါတယ်
တို့ က မြန်မာစာသည် တို့ စာ မြန်မာစကားသည် တို့ စကားဆိုတာကို ကျင့်သုံးနေတဲ့သူပါ
(၁) မျက်လုံးလေးလှရင်တော့ စိုက်ကြည့်ပြီး ပြောမိမှာပဲ
(၂) ပင်ကိုပု ပါ ဘယ်လိုလုပ်ရမလဲ
(၃) မျက်နှာဖုံးလေး ၁ခု ခဏငှားပါ
(၄) သိပ်ခက်တာပဲ (ဘလော့ဂါ လုပ်ရင်ကောင်းမလား)
(၅) လွယ်၂နဲ့ တော့ မဆုံးဖြတ်တတ်ပါဘူးလေ
(၆)သင်ပေးပါလားစကားပြောနည်းလေးဆရာတင်တယ်
(၇)ဟုတ်ပြီ ဒီကေ၇ှ့ လျှောက် ပလာစတာကပ်ထားမယ်
(၈)သိပ်ခက်တာပဲ တို့ က ရေပေါ်ကဆီ
(၉) အသားကျသွားပြီ ဒါပေသိ ကြိုးစားကြည့်တာပေါ့
(၁၀)အပြင်ထွက်လည်တာနဲ့ တော့ ပျော်မယ်မထင်
(၁၁)ခြေမျက်စိ အထက်ပိုင်းလေး ဖျက်နေလို့ ပါ
(၁၂) ပါးစပ်ပိတ်ဝါဒက တို့ အတွက် ပိုကောင်းမယ်
တိုးတက်စေချင်လို့ အချိန်ကုန်ခံပြီး ဘာသာပြန်ပေးတဲ့ စာရေးသူကို လေးစားသောအားဖြင့် ပြင်ဖို့ ကြိုးစား လိုက်ဦးမယ်
အချက် ၈။ အချက် ၈ :D
Post a Comment