12 May 2009

ရထားတစ်စင်းဖြစ်ခဲ့ရင်

တနေ့က မရောက်တာကြာပြီဖြစ်တဲ့ အဲ့ဒီဘူတာကို ရောက်ခဲ့တယ်။ ကျနော့်အထင် ခြောက်လနီးပါးလောက် ရှိပြီ။

လွန်ခဲ့တဲ့ ခြောက်လမတိုင်ခင်ကပေါ့…..
ရောက်တဲ့အခေါက်တိုင်း အေးအေးဆေးဆေးနေမှ ရထားပေါ်က ဆင်းတယ်။ လူတွေအားလုံးရှုပ်ယှက်ခက်နေကြမို့ပါ။ ဘူတာအစ ဖြစ်သလို ဘူတာအဆုံးလည်းဖြစ်နေတာကိုး။ တစ်ချို့ကလည်း ခရီးရှည်မှာမို့ ထိုင်စရာနေရာတစ်ခုအတွက် ပတ်စီးကြသတဲ့။ တစ်ချို့ကလည်း အိပ်ပျော်နေကြတယ်တဲ့။ ဂိတ်ဆုံးစီးမယ်ဆိုပြီး စိတ်လျော့ထားဟန်တူပါတယ်။ စီးသူကစီး တက်သူကတက် ဆင်းသူကဆင်းရယ်နဲ့မို့ လူသိပ်များလွန်းတယ်။ ဒီဘူတာဘက်မှာ နေထိုင်ဖို့ဆို အဲ့ဒီအချက်တစ်ခုနဲ့ ငြင်းပယ်ဖြစ်မယ်ထင်တယ်။

ဘူတာအစလည်းဖြစ်ပြန် အဆုံးလည်းဖြစ်ပြန်ဆိုတော့ ဘယ်ဘက်လမ်းကပဲဖြစ်ဖြစ် ညာဘက်လမ်းကပဲဖြစ်ဖြစ် ပြန်ထွက်မယ့် ရထားတွေချည်း။ အချိန်မရတဲ့သူတွေက အရင်ထွက်မယ့် ရထားကို သုတ်သီးသုတ်ပြာ တက်လိုက်ရုံပဲ။ အချိန်ရတယ် နေရာလိုသ,ပ ဆိုသူတွေတော့ နောက်တစ်ခေါက်ထွက်မယ့် ရထားကိုလိုက်ရုံပေါ့။ ရထားမှားပြီး စီးစရာလည်း မရှိတော့ဘူးလေ။ စင်္ကြန်ရဲ့ ဘယ်တက်တက် ညာတက်တက် ခရီးစဉ်တူချည်းပဲ။

မနေ့က
မနေ့က အိမ်မှ လူကြုံပေးလိုက်တာ အဲ့ဒီဘူတာနားမှာမို့ မရောက်တာကြာတဲ့ ဘူတာကို ပြန်ရောက်ဖြစ်ပြန်ရော။ ဒီတစ်ခေါက်တော့ ဟိုယခင်တွေနဲ့မတူတော့။ ဒီရထားက ဆက်လက်ထွက်ခွာပါမယ်တဲ့။ နောက်ဆုံးဘူတာမဟုတ်တော့ပြီတဲ့လေ။ အိုး….ဟုတ်ပါရဲ့ ဒီရထားလမ်းကို နောက်ထပ်တိုးချဲ့ထားတာကိုး။ လမ်းညွှန်ဆိုင်းဘုတ်တွေလည်း ပြုပြင်ပြောင်းလဲပြီးသွားပြီပဲ။ အရင်လို စိတ်ချလက်ချ အိပ်ငိုက်လို့ မရတော့ဘူးထင်တယ်။ ပြီးတော့ ညာဘက်က ဆက်သွားမယ့်ခရီးဆို ဘယ်ဘက်က ဆန့်ကျင်ဘက် ခရီးတစ်ခု ဖြစ်နေခဲ့ပြီ။ လက်လွတ်စပယ် တက်သွားလိုက်လို့ကတော့ လားရာတွေမှားယွင်း နိုင်နေပြီ။ ကိုယ်သွားမယ့် ခရီးနဲ့ ဆိုင်ရာ ဘက်ကို သတိထားသွားရတော့မှာပါလား။

အတွေး
ဘူတာလေးတစ်ခုရဲ့ ပြောင်းလဲခြင်းကို ကျနော်လိုက်စဉ်းစားမိတယ်။ လမ်းဆုံးလို့ ကျနော်တို့ သတ်မှတ်ထားတဲ့ အရာတွေ အဲ့လိုပဲ ပြောင်းလဲတတ်ပါသလား။ အချိန်ကာလတစ်ခုရယ် အခြေအနေ အကြောင်းအရာတွေရယ်နဲ့ လိုက်လံပြောင်းလဲတတ်တဲ့ ပြောင်းလဲမှု ဘယ်နှစ်ခုကို ကျနော်ကြုံတွေ့ရနိုင်မလဲ။ ပြောင်းလဲမှုတိုင်းအတွက် သတိတရား ကျနော့မှာရော အမြဲရှိနိုင်ပါ့မလား။ အသိလက်လွတ်လို့ လမ်းမှားသွားခဲ့ရင်ရော။ ရထားမှားစီးသွားရင်တော့ ပြန်ဆင်းပြီး အမှန်စီးလို့ လွယ်ပါတယ်။ အချိန်ကုန်သွားမှာတစ်ခုပဲ။ ဘ၀ရဲ့လမ်းဆုံတစ်ခုမှာ မှားယွင်းတဲ့ လမ်းကို ရွေးချယ်မိရင်ကော ဘယ်လောက်ဆုံးရှုံးသွားနိုင်သလဲ။ ဟူး………….

ရထားတစ်စင်းဖြစ်ခဲ့ရင်…..

ကိုယ်တိုင်လည်း လမ်းကြောင်းမှန်ပေါ်မှာ မောင်းနှင်ချင်သလို….

ကိုယ်နဲ့ ပတ်သတ်နေတဲ့ ရင်းနှီးချစ်ခင်မိသူတွေကိုလည်း ခရီးမှန်ကို လိုက်ပို့ပေးချင်တယ်…

ရထားတစ်စင်းဖြစ်ခဲ့ရင်ပေါ့………

21 comments:

မိုးခါး said...

ရထားတစင်းဖြစ်ခဲ့ရင်လား ..
ကိုယ်ကတော့ အချိန်မှန်ခုတ်မောင်းနေမှာပါပဲ .. လိုရာအရပ်ကိုပို့ဆောင်ပေးဖို့ မောင်းနှင်နေမှာပဲ .. စီးတဲ့လူဘက်က ရွေးချယ်တာမှန်ကန်ဖို့ ဆိုင်းဘုတ်လေးလည်းတပ်ထားတယ် ..
တတ်နိုင်သလောက် ကြိုးစားထားသားပဲ ..

sait phay yar said...

ပြောင်းလည်းမူတိုင်းအတွက်အသိတစ်ရာတော့၇ှိပါစေ
ဟိဟိ

yehtutnaung said...

လောက လူသားတွေ အမြဲတမ်း ခရီးတခုကို သွားနေကြရတာပါပဲဗျာ..။ လမ်းဆုံးဆိုတာ သေခြင်းကလွဲရင် အမြဲတမ်း ပြောင်းလဲနေတဲ့ လမ်းမကြီး တခုပေါ်မှာ အသက်ရှင်နေကြတာပဲ။ ဒါပေမယ့် မှားယွင်းပြီး ရွေးချယ်ခဲ့တဲ့ လမ်းတခုအတွက် လျှောက်ခဲ့တဲ့ ခြေလှမ်းတိုင်း ဆုံးရှုံးမှု အချိန်တွေ ဖြစ်ခဲ့ရမယ် ဆိုရင် များများမလျှောက်မိခင်မှာ အရင်ဆုံး စူးစမ်းကြတာပေါ့ဗျာ။

ကိုယ်တိုင် ရထားတစင်း ဖြစ်ခဲ့ရင်တော့ တတ်နိုင်သလောက် အဆင်ပြေအောင် လမ်းကြောင်းမှန်ပေါ် တင်ဆောင်သွားမှာပါ။

yehtutnaung said...

ကျန်ခဲ့လို့ ဗျာ။

စီဘောက်စ်
အတည်ပေါက်နဲ့ 
ဘယ်ဆီကိုများ ရောက်နေလဲဟင်။

RePublic said...

ို(ကို)ရွှာသားကြီး တောင်းတဲ့ ဆုနဲ့ပြည့်ပါစေ ၊၊
ရထားခတွေ အကုန်အကျများတဲ့ အချိန်မှာ (ကို)ရွာသားကြီး ရထားတစ်စီးဖြစ်ခဲ့ရင် အားလုံး အခမဲ့ စီးရမှာ ချာတယ် ၊၊ ခေါ်ဖို့ မမေ့ပါနဲ့ ၊၊

Anonymous said...

အတွေးလေးထဲက စေတနာကိုတွေ့ရတယ်။
ကိုယ်တိုင်လည်း လမ်းကြောင်းမှန်ပေါ်မှာ မောင်းနှင်ခွင့်ရပါစေ။

ကိုယ်နဲ့ ပတ်သတ်နေတဲ့ ရင်းနှီးချစ်ခင်မိသူတွေကိုလည်း ခရီးမှန်ကို လိုက်ပို့ပေးခွင့်ရပါစေ။

ကောင်းကင်ပြာ said...

အကုန်လုံးကတော့ ခရီးမှန်ကို သွားချင်ကြတာပေါ့ မောင်လေးရေ၊ ရထားမှားစီးသွားရင်တော့ ရွာသားလေးပြောသလို ပြောင်းစီးဖို့လွယ်ပေမဲ့ ဘ၀လမ်းကြောင်းမှားသွားရင်တော့ ဆုံးရှုံးမှုတွေ အများကြီး ရင်ဆိုင်ရမှာ အမှန်ပဲ၊ ရထားတစင်းဖြစ်ခဲ့ ရင်တော့ ကောင်းတာပေါ့ ရွာသားရေ၊

ရွှန်းမီ said...

ရထားတစ်စင်းဖြစ်ခဲ့ရင်လား. . . တစ်ပတ်လည်ပြီး ဒီဘူတာချည်းပဲ ပြန်ပြန်ဆိုက်နေမှာ စိတ်မညစ်ဘူးလား..
ကိုရွာသား ပြောသလိုပဲ လမ်းဆုံးတိုင်း အမြဲတမ်း လမ်းဆုံးဖြစ်နေတာတော့ မဟုတ်ပါလား..

:P said...

ရွာသားလေး ရထားကြီးဖြစ်ရင် ရှေ့ဆုံးက ထိုင်လိုက်မယ်...။

တန်ခူး said...

Boonlay ဘူတာလေး အကြောင်းပြုပြီး ရသွားတဲ့ အတွေးလေးက လှလိုက်တာ…
ဟုတ်တယ်… စိတ်မပျက်ဘူး… လမ်းဆုံးလို့ ခုထင်နေရပေမယ့် တချိန်မှာ တကယ်မဆုံးသေးတာမျိုးရှိလာနိုင်တာပဲ… ဒီပို့ စ်က အင်အားတွေ ရလိုက်တယ်…

ဖိုးသင်္ကြန် said...

ရထားတော့ မဖြစ်ချင်ပါဘူး။
တစ်လမ်းထဲမှာ ခေါက်တုံ့ခေါက်ပြန်နဲ့
နောက်ပြီး
ိကျန်တဲ့ရထားတွေနဲ့လည်း
ရင်ဘောင်တမ်း လမ်းလျှောက်ခွင့်
မျက်နှာချင်းဆိုင် စကားပြောခွင့်
မရဘူး။
ပျင်းစရာကြီး

khin oo may said...

မနေ့က အဲသလိုဘဲ ဂီတ်ဆုံးရထားဂီတ် မှာ ပေါက်တတ်ကရ လုပ်မိသေးတယ။်

(လက်လွတ်စပယ် တက်သွားလိုက်လို့ကတော့ လားရာတွေမှားယွင်း နိုင်နေပြီ။ ကိုယ်သွားမယ့် ခရီးနဲ့ ဆိုင်ရာ ဘက်ကို သတိထားသွားရတော့မှာပါလား။x

Maung Myo said...

ဘကြီးလည်း ကွန်ပစ်နေရင်းနဲ့ ရထားလာစီးသွားတယ် တူလေးရေ့ ။ ဒီရထားလေးရဲ့ ဥသြသံလေးမကြားရတာကြာပေါ့ လွမ်းမိတယ် ။

ရွှေပြည်သူ (ShwePyiThu) said...

အရာရာဟာ ပြောင်းလဲတတ်တာချည်းပါပဲလေ။ ညီမတော့ ရထားတစ်စင်းဖြစ်မယ်ဆိုရင် ဘယ်သူ့ကိုမှ မတင်ဘဲ ဟိုးအဝေးဆုံးကိုပဲ ကိုယ့်ဘာသာ မောင်းနှင်သွားတော့မယ်။ ကိုယ်လမ်းမှားခဲ့ရင်လည်း ဘယ်သူမှ ကိုယ်နဲ့အတူ လိုက်မမှားတော့ဘူးလေ။ ခုစာဖတ်ပြီး တွေးမိတာလေးပါ...

မယ့်ကိုး said...

ဒီအတွေးလေး ကောင်းပါတယ်။ ပို့ ဆောင်ပေးချင်သူရဲ့  စေတနာလေးကို ကြိုက်တယ်။

ကျွန်မကတော့ ကိုယ့်ရထားရှေ့ မှာ လာခုန်ချမယ့်သူတွေရဲ့  ဘဝကို ကြေကြေကွဲကွဲမြင်ရမှာ ကြောက်တယ်။အလို ထော်လော်ကန့် လန့် နဲ့  တွေးမိပြန်ပါလား...

ဗီလိန် said...

ဘဝမှာလည်း မှားရင် ပြန်ပြင်ရုံပေါ့ဗျာ။ ဆက်မှားနေရင်တောင် မှားမှန်းသိနေဖို့ပဲ လိုပါတယ်။ အချိန်တန်ရင် အဆင်ပြေသွားပါလိမ့်မယ်။

ဝေလေး said...

၁.. ကိုကြီးဝီ ပြောသွားတာ ထောက်ခံသည်။ ကိုရွာသားရထားဖြစ်ရင် အလကားစီးလို့ရမယ်ဟုတ်.. သွားရလာရ စရိတ်တွေကြီးလွန်းလို့..

၂.. မမမီပြောသွားတာမှန်၏။ ဒီဘူတာကိုပဲ ပြန်ပြန်ဆိုက်ရမယ် နောက်ပြီး ခေါက်တုံ့ခေါက်ပြန် လမ်းသလားနေရမယ့် ရထားကြီးတော့ မဖြစ်ချင်ဘူး။ ပြီးတော့ လူတွေ သတ်မှတ်ထားတဲ့ လမ်းကြောင်းတစ်ခုတည်းပေါ်မှာပဲ ပြေးနေရမှာ။ ရပ်ချိန်တန်ရပ် သွားချိန်တန်သွား။

၃. ရထားက သူ့ဘာသာနေတာတောင်မှ အမှုလာပတ်ချင်တဲ့လူတွေကို မျက်လုံးပြူးမျက်ဆန်ပြူး ဘာမှလည်း မလုပ်ပေးနိုင်ပဲ ကြည့်နေရမယ့် အဖြစ်လည်း မရောက်ချင်ဘူး။ ဒါက မမယ်ကိုးး ပြောသွားတဲ့ စကား...

၎. ကိုယ့်ဘာသာတွေးမိတာကတော့
ကိုယ်တိုင်က လမ်းဆုံးပါပြီလို့ သတ်မှတ်ထားတိုင်းလည်း မဆုံးနိုင်တတ်တာ မဆုံးနိုင်စရာတွေရှိလာတတ်တာ ... အဆုံးသတ်မဖြစ်သွားနိုင်တာတွေ ရှိနေတတ်တာ...
ဒါတွေကြောင့်ပဲ ဘဝသံသရာကြီး ရှိနေတာနေမယ်။ မလွတ်မြောက်မချင်းပေါ့နော်..

Mogok Thar said...

ရွာသားလေးရေ... ခရီးဆိုတာ ဆုံးပြီဆိုရင်တောင် တကယ် ဆုံးတာမှ ဟုတ်ရဲ့လား။ ရပ်တံ့နေမိတဲ့ ကျွန်တော့်ကို လှုပ်နှိုးပေးလိုက်တဲ့ စာလေးအတွက် ကျေးဇူးပါ။
ဘာပဲပြောပြော ဘယ် ဘူတာလေးနားမှာ နေလဲတော့ သိသွားဘီ...

Unknown said...

ရွာသားလေး .. ဘာတွေ ဖြစ်နေလည်း..။

ဂျူနို said...

ရထားဖြစ်လို့ ကတော့ စင်ကာပူ မုံရွာ နေ့ တိုင်းခုတ်လိုက်တာပေါ့။

Unknown said...

ပြောင်းလဲမှုလေးတခုကို အတွေးလေးနဲ့  ရေးဖွဲ့ ထားတာ သိပ်ကောင်းတယ် အတွေးလေးရသွားစေအောင် စဉ်းစားမိတဲ့ ရွာသားလေး ဦးဏှောက်ကို ရွှေချထားချင်မိတယ်
(အင်း တို့ တော့ စာများ များဖတ်ဖို့ လိုနေပြီ ကိုယ့်ဘာသာ သတိပေးမိတယ်)
ကျေးဇူးအထူးပါ မောင်ရွာသား နောက်လည်း အဲ့လို မျိုး တွေးတတ် စဉ်းစားတတ်အောင်ရေးပေးပါ