29 April 2009

နွေဦး

တဖွဲဖွဲကြွေ
ဝါရွက်ရွှေ
မြေပြင်သက်

ဖူးသစ်ဝေ
စိမ်းနုခြယ်
ဝေဟင်ထက်

နွေသရုပ်ရယ်မို့
ကြွေတချို့
ဝေတချို့
ဝါတချီ
စိမ်းတလှည့်
မိန်းမိန်းရယ်မူး
ဒီနွေဦး
ရူးစေတော့….

ရုံးသွားတဲ့ မနက်ခင်းတိုင်း တံတားတစ်ခုကို ကျော်ရတယ်။ တံတားကိုတက်တိုင်း တံတားအရင်းမှာ ပြိုင်ပြီး ထိုးထွက်နေတဲ့ သစ်ပင်တစ်ပင်ရှိတယ်ဆိုတာ သတိမထားမိခဲ့ဘူး။အရင်ကလည်း ရှိခဲ့တယ် အခုလည်းရှိနေတယ် နောင်လည်း ရှိနေဦးမယ်။ ဒါပေမယ့် အရင်က သတိမထားခဲ့ မသိခဲ့ မမြင်ခဲ့။

ဒီနွေဦးမှာတော့ သစ်ရွက်ဝါတွေကြွေနေတာကို မနက်ခင်းတစ်ခုမှာ ရုတ်တရက်မြင်လိုက်မိတယ်။ လေမှာဝှေ့နေတဲ့ ရွက်ကြွေတွေက ချစ်စရာကောင်းနေပြန်တယ်။ တစ်ပင်လုံး ၀ါရွှေရည်သန်းလို့။ သီချင်းတစ်ပုဒ်ဆိုညည်းမိတော့မလို့ သီသီလေးလိုတော့တယ်။

နေခြည်မလာခင် ရွှေရည်သန်းတဲ့ ကောင်းကင်တစ်ခုက လင်းလို့။ ဒါရွက်ကြွေချိန်တဲ့လား။ ကြွေချိန်တန်ပြီပေါ့၊ သစ်ကိုင်းထက်မှာ သစ်ရွက်တစ်ရွက် ဆက်မှီခွင့်က ဘယ်လောက်များကြာခဲ့ပါလိမ့်။ ဒီရွက်ကြွေ တစ်ရွက်က စာတစ်ပုဒ်ဖြစ်ခဲ့သေးတယ်တဲ့လား။ အင်း နောက်ဆုံးရွက်ကြွေတစ်ရွက်ပေါ့။

နောက်တစ်ရက် ရွက်ကြွေတွေ မြေမှာလှဲနေတုန်းမှာ ပုရစ်ဖူးစူစပြုလာပြီ။ အဖူးအသစ်တွေနဲ့ စိမ်းနုရောင်ခြယ်နေခဲ့ပြီကော။ အိုး ဘုရားသခင် သိပ်လှတဲ့ ရှုခင်းတစ်ပုဒ်ပါလား။ မြက်ခင်းစိမ်းတွေက ၀ါရွှေနွယ်တွေရယ် ညိုမှောင်တဲ့ ပင်စည်လုံးရယ် နုသစ်စိမ်းစိုတဲ့ ရွက်ပုရစ်ဖူးတွေရယ်လေ။ ရွက်ဝါတွေမကုန်ခင်မှာပဲ ရွက်သစ်တွေ ဝေပြန်သတဲ့။ ကြွေပြီးရင် ဝေ…ဝေပြီးရင်ကြွေပေါ့။

အင်း ဒီနွေကူးက ရူးလုလုဖြစ်လောက်အောင်ကို မိန်းမောစေခဲ့တာပဲ။ ပုံမှန်လည်ပတ်နေတဲ့ ရာသီစက်ဝန်းကြားမှာ အလှတရားတွေရှိနေသလို သင်္ခါရတရားတွေလည်း ရှိနေခဲ့တာကိုး။ ဘယ်အရာမဆို ဒီအတိုင်း တည်ရှိနေတာပေမယ့် မြင်မိဖို့ အကြောင်းကလည်း တိုက်ဆိုင်ဖို့ လိုသေးတာပါလား။

အခုတော့ ကြွေလုလု သစ်ရွက်တစ်ရွက်ကို နေ့တိုင်း ငေးနေမိတော့တယ်။

27 comments:

Htoo Aung Lwin said...

နွေဦး လေရူးတွေလဲမြူးပြီလေ.............
သီချင်းလေးဆိုရအောင် ကိုရွာသားရေ

yehtutnaung said...

ကိုရွာသားရေ.. နွေဦးအလှနဲ့  ရစ်မူးနေပြီဆိုရင် အသွေထူးလှတဲ့ ရူးမိုက်ချင်စရာ အချစ်ထူးနဲ့လဲ ဒီတန်ခူးအပြီးမှာ ဒန့် တန့် တန့်  ဖြစ်ပါစေဗျာ။

မယ့်ကိုး said...

ိုနွေဦးမှာ သင်္ခါရတရားနဲ့ ကြည့်နေတယ်တဲ့လား...:)

ဝေလေး said...

ကြွေသွားရင်လည်း သတင်းပို့ဥိး။ ဒီစာဖတ်ပြီး ဖတ်ဖူးတဲ့စာ တစ်ပုဒ်သတိရမိတယ်။ နောက်ဆုံးသစ်ရွက်ဆိုတာလေ... ကြွေသွားရင် သူလည်းသေမယ်ဆိုတာ။
ပြီးတော့
" ကြွေပြီးရင် ဝေ…ဝေပြီးရင်ကြွေပေါ့။ " ဆိုတာလေးဖတ်ပြီးတော့လည်း
ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေဆိုတဲ့စာအုပ် ကိုသွားသတိရတယ်။ :)

ကြည်ဖြူပိုင် said...

ွနွေဦး....ကောင်းတယ်။ မုန့်မုန့် မကျွေးပေမယ့် လည်လည် လာသွားပါတယ် :P

ရွှေပြည်သူ (ShwePyiThu) said...

အလှဆုံး ဝေဖို့ကြိုးစားကြတယ်... နောက်တော့လည်း ကြွေသွားကြတာပါပဲ။ ဘယ်အချိန်မှာ ကြွေကြမလဲဆိုတာသာ ဘယ်သူမှ အတိအကျ မသိခဲ့ကြတာ... ခုတလော ဘဝအမောတွေနဲ့ ပင်ပန်းလှတယ် ငါ့အစ်ကိုရယ်...

Dr. Yi Yi Win said...

တယ်ကဗျာဆန်ပါလား ရွာစားရဲ့ ။
အချို့ ပန်းတွေများဆို “ဝေလည်းမွှေး ကြွေလည်းမွှေး” ပဲ။
အချို့ အရွက်တွေကျတော့ “ဝေလည်းလှ ကြွေလည်းလှ” ပေါ့။

ကိုလူထွေး said...

ဒီမှာတော့ နွေဦးရောက်မှ သစ်ပင်တွေ အကုန်လုံး ပုရစ်ဖူးကလေးတွေနဲ့  စိမ်းလို့ စိုလို့ ...
မိုးကလဲ ရွာလိုက်တာ နေ့ တိုင်းလိုပဲ...

မိုးခါး said...

နွေသရုပ်ပေါ့နော် ..း)

khin oo may said...

သစ်ရွက်ကြွေသွားပြီလား။

khin oo may said...

စီဘောက် ကဘယ်မှာလဲ။

ဂျူနို said...

the last leaf

တန်ခူး said...

ဟုတ်ပါ့… နွေဦးက ရူးလောက်ပါရဲ့…
အမရုံးပြူတင်းနံဘေးက သစ်ပင်လေးတွေလဲ အဲလိုပဲ…
သစ်ရွက်လေးတွေ အကုန်ကြွေတဲ့ နေ့ က လူလဲ ငူတူတူကြီး…
ငယ်ငယ်တုန်းကလို လေထဲကို လွင့်လာတဲ့ သစ်ရွက်ကြွေလေးတွေကို အပြေးဖမ်းပြီး မပျော်တတ်တော့ဘူး…
ပုရစ်ဖူးလေးတွေဝေလာတာတွေ့ တော့မှ လူလဲတက်ကြွတော့တယ်…
နောက်အပင်တပင်ဆို တပင်လုံးအရွက်တွေ မရှိတော့ သေပြီထင်တာ…
စိတ်တောင်မကောင်းဘူး…
၂ရက်လောက်နေတော့ ပန်းရောင်ပန်းပွင့်သေးသေးလေးတွေ တပင်လုံးခဲနေတာ ပွင့်တော့ ပျော်သွားတာပဲ…
တခါတလေ ပန်းလေးတွေ ပွင့်ဖို့  ရွက်လေးတွေက ကြွေပေးရသေးတယ်နော်…
(စကားမစပ်… ဒီပို့ စ်က cut and paste လုပ်ပြီးကြည့်စရာ မလိုဘူး…မြင်ရတယ်)

ဂရေစ့် said...

ဖတ်ရင်းနဲ့ the last leave ကိုသတိရတယ်။ ကောင်းတယ်နော်။

ကိုလူထွေး said...

ကိုရွာသားက နွေဦးဆိုတော့ ကိုလူထွင်းကလဲ အချိန်မှီ နွေလိုက်ဦးလိုက်ပါတယ်...

ThuHninSee said...

နွေဦးမဟုတ်လဲ. ဒီက ရူးလုလုဖြစ်နေတာပါဟာ။
း)

Maung Myo said...

နွေဆိုပူလို့ ချွတ်ထားချင်တယ် အပေါ်ခံအကျီင်္း)

ပြန်လာရင်အသစ်ရေးပါ ။

ကြည်ဖြူပိုင် said...

ကိုရွာသားရေ...ဘယ်ကို ခရီးထွက်ပါသလဲ။ခြေရာလဲဖျောက်လို့ စီဘောက်စ်ကိုလဲမှောက်ခဲ့ပြီလား။။။။။။။။ဟဟ
လာလည်တယ်နော်

WWKM said...

နွေဦးးးးး လေရူးတွေလည်းမြူးပြီလေ... ကံ့ကော်တွေ
လည်းဖူးလို့နေ... သစ်ရွက်တွေ.လေမှာဝဲကာ....

သီချင်းဆိုသွားတယ်...
ဘီလိုဖြစ်တုန်းရွာသားလေးရေ..
ဖြိုးဆီကရောဂါကူးသွားပြန်ပြီထင်တယ်..
ခွန်နိချိဝတောင် နှုတ်ဆက်လို့မရအောင်လုပ်ထားတာပါလား။း)

အဆင်ပြေကြပါစေ.

မကြီးဝါ

Rita said...

ရသေ့သူတော်တိုင်မှ ဉာဏ်မခိုင် ဈာန်ယိုင်လျောရတယ် ဆိုတာလား...
ရွာသားလဲ စိတ် မခိုင်တော့ဘူး ထင်တယ်။

အရေးအသား ညက်ညောလို့ အားကျမိပါတယ်

Htoo Aung Lwin said...

စီဘုံးပျောက်နေတယ်ဗျိုး

ကောင်းကင်ပြာ said...

အမလဲ စီဘောက်ပျောက်လို့ မျက်စိလည်ပီး ဒီထဲဝင်ရေးသွားတယ်

ညလေး said...

နွေဦးနဲ့လေရူးကြားမှာ ရွက်ကြွေ၊ ရွက်ဖူးတွေကြည့်ရင်း တွေးနေတယ်ပေါ့..

ကြည်ဖြူပိုင် said...

ုခုတလော အိမ်လည်ပြန်တော့ အိမ်ရှင်တွေက မရှိ. မဖြောင့်တော့လည်းအိမ်စောင့် ....ဘေးအန္တရာယ်ကင်းရှင်းကြောင်း report တင်ပါတယ်။ ဟဲဟဲ။ နောက်လိုက်ရမှ ကျေနပ်တာ။ ငပြောင်...အိမ်ပြန်လက်ဆောင်တွေ အများကြီးဝယ်မလာနဲ့နော် လေးနေလိမ့်မယ်


:P

ဝေလေး said...

လာအော်မှာစိုးလို့လား ဆီပုံးကြဲီးဖွက်သွားတယ်.... ရက်ပြည့်ပြီ ခွင့်တင်တာ.... ပြန်လာတော့လေ... :P
ဆီပုံးမတွေ့ရင်ရေးလို့ရတဲ့နေရာ ဝင်ရေးတယ်... ဘာဖစ်လဲ.... ဟဲဟဲ

မောင်မျိုး said...

နေမြန်မြန်ကောင်းပါစေ ။

Unknown said...

အရေးအသားလေးက နုလွန်းတော့ စာလေးထဲမှာ မိန်းမောသွားမိတယ်
အင်ဂျင်နီယာမလို့ သာပဲကွယ် မြန်မာစာနဲ့ များသာ ကျောင်းပြီးရင်တော့
ကဗျာလေးကို သိပ်သဘောကျမိတာပဲ
မိန်းမိန်းရယ်မူး
ဒီနွေဦး
ရူးစေတော့ ---- တဲ့လား
ခုတောင် နွေဦးမရောက်သေးပဲ ဖတ်ရုံနဲ့ ရူးလောက်ပါပေတယ်ကွယ်