စာဖတ်သူတစ်ဦးက ကျနော့ရဲ့ မပိုင်နိုင်လေတဲ့ ဒီအကြောင်းအရာအကြောင်း သိချင်ပါတယ်လို့ TAG ထားပါတယ်။ များသောအားဖြင့် ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ရင် ကျနော့မှာလည်း မေးခွန်းတွေ အများကြီးရှိနေပါတယ်။ ပုစ္ဆာဆန်တယ်ပြောလိုက် ၀ါးဆစ်ထဲကရေပြောလိုက် မိုင်းဗုံးတစ်ခုလို့ ပြောလိုပြောနဲ့ များစွာသော ယူဆချက်တွေ အပေါ်မှာ ခံစားရေးဖွဲ့ ခဲ့ဖူးတယ်။ ယုတ္တိတန်ပါရဲ့လား ကျနော်မသိပါ။ အဲဒီအချိန်က ခံစားချက်သည် ယခုအချိန်နှင့်မတူသည်တော့ အမှန်။ တစ်ဦးနှင့်တစ်ဦး ခံယူချက် ခံစားချက်ခြင်းလည်း တူမည်မဟုတ်ပါ။
အကယ်၍ သေချာပေါက် မိမိမဟုတ်သော အခြားတစ်ယောက်ကို ချစ်ခဲ့တယ်ဆိုပါစို့။ အသက်အိုးအိမ်စည်းစိမ်တွေ ဂုဏ်သိက္ခာတွေ ဘာမှထည့်တွက်စရာမလိုလောက်တော့။ ဒဿဂရီလို အရာအားလုံးကို အဆုံးရှုံးခံပြီး ချစ်တတ်တာကိုပဲ တကယ်ချစ်မြတ်နိုးတယ်ထင်မိတယ်။ ဥပေက္ခာဒေ၀ီထဲက ခံစားချက်မျိုးကော။ ဘယ်လောက် ထိခံစားခဲ့ရမလဲ။ နှလုံးကြေကွဲပြီး သေဆုံးခဲ့ရတဲ့အဖြစ်လေ။ (မခင်ဦးမေက ပြောပါလိမ့်မယ် ဖတ်ထားသမျှတွေ ချရေးပြနေတယ်လို့ ဤကားစကားချပ်)
တကယ်ချစ်မြတ်နိုးတယ်ဆိုတဲ့ သူအပေါ်မှာ အရှုံးအနိုင်တွေ မာန်မာနတွေ ရှိနေရဦးမှာတဲ့လား။ ချစ်သောမျက်စိဖြင့် ရှုကြည့်ခဲ့ရင် အရာအားလုံး အပြစ်မြင်တော့မည်မထင်။ ဒါမျိုးက မျက်ကန်းအချစ်ဖြစ်မည်ထင်ပါသည်။
ဒါဆိုရင် စာဖတ်သူမေးခဲ့သော မေးခွန်းတစ်ခု - ကိုယ်ကချည်းပဲ ဆက်သွယ်နေရတယ်။ သူက ဘယ်တော့မှ မဆက်သွယ်ခဲ့ဘူး။ နောက်ဆုံးတော့ ကိုယ်ပဲ ရှုံးနေသလားလို့။ အကယ်၍ မိမိကသာ ချစ်မြတ်နိုးသည် ဆိုသော် အရှုံးအနိုင်အတွက်ဖြင့် မဆက်သွယ်ပဲ နေနိုင်ပါ့မလား။ ဘယ်လောက်နာကျင်ရမလဲ။ ထိခိုက်ခံစားရမလဲ တွေးကြည့်ရင်းတောင် နှလုံးသားတွေ နာကျင်ရိုက်ခတ်နေရသည်လေ။ ဒါဆိုဘယ်လိုလုပ်ရမလဲ။ ဖြေဆေးတစ်ခုတော့ ရှိမယ်ထင်တယ်။ သိသူများ ဖြေသွားပေးရင်းတော့ အတိုင်းထက်အလွန်ပေါ့။
ချစ်ခြင်းနှင့်ပတ်သတ်ရင် အနိုင်လိုချင်မှုဆိုတာ ရှိသင့်ပါရဲ့လား။ ဖတ်ဖူးတဲ့ ၀တ္ထုတစ်အုပ်ထဲကလို (အခုအထိ အဲဒီစာအုပ်ဖတ်တိုင်း ခံစားမှုက အတိုင်းမသိ) ချစ်သူချင်းစကားများရာက အနိုင်ယူစကားတွေ ပြောဖြစ်ကြသည်။ တကယ်လည်း ပြင်ပတွင် ပြောကြပါလိမ့်မည်။ တစ်ခွန်းသောစကား “ မင်းကို ငါမလိုအပ်ပါဘူး မင်းကသာ ငါ့ကိုလိုအပ်နေခဲ့တာ” ဆိုတဲ့ စကားတစ်ခွန်းကြောင့် သူတို့နှစ်ယောက် ကွဲခဲ့ကြသည်တဲ့လေ။ တကယ်တမ်းတော့ နှစ်ယောက်စလုံးက ချစ်လျက် ခွဲခွာကြရတဲ့အဖြစ်။ စကားတစ်ခွန်းကြောင့် မာနတွေ ထားခဲ့ကြသည်လေ။ သူတို့နှစ်ယောက် နောက်ဆုံးပျော်ပွဲစားထွက်တဲ့ အခန်းကို ဖတ်တိုင်း ရင်ထဲမှာ မကောင်းလှ။ ပြန်ဖတ်မိတိုင်း ကျော်ဖတ်ဖို့ ကြိုးစားရင်း စာရေးသူရဲ့ ဆွဲဆောင်မှုမှာ ပြန်ပါသွားရစမြဲ။ မျက်ဝန်းတွေ စိုစွတ်ရမြဲ။ သက်ပြင်းတွေချရင်း သူတို့နှစ်ယောက်ရဲ့ မြက်ခင်းပြင်မှာ ကျနော်က အလည်ခေါင်မှာ မတ်တပ်ရပ်နေမိတတ်တယ်။ ဟိုဘက် ဒီဘက်ကြားမှာ စာဖတ်ရင်း ရင်မောနေရပြန်ရော။ ချစ်ခြင်းမေတ္တာမှာ မာနတရားက ထားသင့်ရဲ့လား။ မေးသာမေးရတာ ကျနော့မှာကော လို့ ပြန်မေးရင်း မဖြေရဲပြန်ဘူးလေ။
ပြီးတော့ တင်တင်ဇော်ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ “ ယောင်္ကျားလေးဆို ငါ့ထက်တော်မှ ရွေးချယ်မယ်” ဆိုတဲ့ စကားတစ်ခွန်းအတွက် တစ်ချိန်လုံး နောက်ကွယ်ကနေခဲ့တဲ့ဖြိုးဇော်(ဖြိုးကျော် ဖြစ်မယ်) ရဲ့အဖြစ်။ သူတို့တွေ့တဲ့ နောက်ဆုံးညလေး ကို ကျနော်အခုထိ အမှတ်ရနေဆဲလေ။
အမြဲမရှိဆိုတဲ့ ဟောဒီလောကကြီးမှာ ချစ်ခြင်းမေတ္တာနောက်မှာ ခွဲခွာခြင်း ဆိုတာ တွဲပါလာတတ်ပါတယ်။ ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ခွဲရခွဲရ မခွဲခွာရခင် အခိုက်အတန့် ၊ လူ့ဘ၀သက်တမ်းတိုလေးအတွင်းမှာ မာနာတရားတွေ အနိုင်အရှုံးတွေ ကင်းကွာပြီး မိမိချစ်တဲ့ မိမိကိုလည်း ချစ်တဲ့ လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းဖြင့် မဖြစ်မနေ ခွဲခွာရမယ့် အချိန်ကို စောင့်ဆိုင်းနေချင်မိတော့တယ်။
အားလုံးကိုလည်း ဆုတောင်းပေးပါတယ် " ကျွမ်းလျက်မကွာရပါစေနဲ့လို့"
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 weeks ago
13 comments:
ဖြေချင်တယ်။ ဆက်သွယ်ရေးတွေလွယ်ကူနေတဲ့ခေတ်မှာ တစ်ဘက်ကမဆက်သွယ်ဘူးဆိုကတည်းက
မဆက်သွယ်ချင်တော့လို့နေမှာပါ အဲဒီအချိန်မှာ တစ်ဘက်သတ်ချစ်နေရသလိုခံစားရပြီးနာကျင် ရတာတော့အမှန်ပါ ဒါပေမဲ့ ကိုယ့်ဘက်ကဘယ်လောက်ချစ်လည်းဆိုပြီး လိုက်ဆက်သွယ်နေပြန်ရင်လည်း တစ်ဘက်ကမှ မဆက်သွယ်ချင်တာကိုယ့်ဘက်ကဇွတ်လုပ်နေရင် တခြားသူအတွက် ဒုက္ခပေးသလိုလည်းဖြစ်စေပြန်တယ်လေ။ ကိုယ့်ကိုမဆက်သွယ်ချင်တဲ့သူတစ်ယောက်ကိုတစ်ကယ်ချစ်ပေမဲ့ စိတ်မဆင်းရဲစေချင်ဘူးဆိုရင်တော့ လွတ်လပ် စွာနေခွင့်ပေးလိုက်တာကပိုကောင်းပြီး ကိုယ့်ဘက်က ဘယ်လောက်ပဲသတိရပါစေ
တိတ်တိတ်လေးနေပေးလိုက်တာက ပိုချစ်ရာရောက်မယ်လို့ထင်တယ်။
ဟုတ်လား မသိ
ခံစားချက်တွေပါသွားရင်တော့ ....
မှားရင်ပြင်ပေးပါဦး ရွာစားရေ.....
ကိုရွာသားလေးရေ..ကိုယ့်ကဗျာတိုတိုလေးနဲ့ မျက်နှာငယ်
နေတုန်းမှာ အစ်ကို့ဆီရောက်လာပြီး စိတ်၏စေရာများကို ဖတ်ရတာ..လေးနက် အရသာရှိလိုက်တာ...
" ကျွမ်းလျက်မကွာရပါစေနဲ့လို့" လို့ အစ်ကိုတောင်းတဲ့ဆုနဲ့ ...ကိုယ်တိုင်လဲ ပြည့်ပါစေလို့
ဆုပြန်တောင်းပေးခဲ့ပါတယ်
အချစ်ဆိုတာ ဦး-ဦးနှောက် နဲ့ ဒေါ်မျက်ပြူး မွေးထားတဲ့ ရင်နှစ်သည်းချာလေးပဲ ပြူးပြဲအောင်ကြည့် နှလုံးသားတွေ မွှေနောက်သွားပြီမှ နောက်ဆုံးတော့ သံသယမျက်လုံးနဲ့ ဦးနှောက်ကို အလုပ်ပေးလိုက်တာပါ ။ ရင်နှစ်သည်းချာလေး နာမည်က ဂဏန်းပေါင်းစက်တဲ့ ။
အဟမ်း....ရေးထားတာကတစ်မျိုး တကယ်လည်းဟုတ်ပဲနဲ့း) ပြောချင်တာတွေမြိုချသွားတယ် ပြန်ပြီး ဖယ်ရီလာနေလို့ ။
ကျွမ်းလျက်မကွာပါရစေနှင့်.. ဆိုတာ ဖတ်ပြီး မျက်စိထဲမြင်တာတော့
ငါးသလဲထိုးလေးတွေ ကြော်နေတုန်း ..အိုးမှာကပ်နေတာ.ပဲ။ ခပ်ကျွတ်ကျွတ်လေးဆယ်မှ မိုက်တာ။ ကပ်နေတာတွေ
ကျွမ်းမှ ကွာရင် စားမကောင်းဘူးလေ။
:D
(ဘာမှစဉ်းစားမနေနဲ့၊ ကိုယ်စိတ်ချမ်းသာတာ ကိုယ်လုပ်၊
မာနတွေ၊ ဘာတွေ ဘေးချိတ်)
I still don’t know the answer of this question.
What I believe is that love does not have loss or win.
But I got the feeling of a loser when the person who I love and care abandon my love and care.
Although I got that feeling 100 times, just one phone call or email from that person can make me happy and forget the past.
That is amazing!
ပြီးတော့ တင်တင်ဇော်ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ “ ယောင်္ကျားလေးဆို ငါ့ထက်တော်မှ ရွေးချယ်မယ်” ဆိုတဲ့ စကားတစ်ခွန်းအတွက် တစ်ချိန်လုံး နောက်ကွယ်ကနေခဲ့တဲ့ဖြိုးဇော်ရဲ့အဖြစ်။ သူတို့တွေ့တဲ့ နောက်ဆုံးညလေး ကို ကျနော်အခုထိ အမှတ်ရနေဆဲလေ။
အဲဒီ စာအုပ်ကို ဂဒိဒဂဒီ ပြန်ဖတ်မိတယ် ဖြိုးဇော်ကို သိတ်ပြီးဆွဲဆောင့်ချင်တယ်။
ဒဿဂရီလို အရာအားလုံးကို အဆုံးရှုံးခံပြီး ချစ်တတ်တာကိုပဲ တကယ်ချစ်မြတ်နိုးတယ်ထင်မိတယ်။ ဥပေက္ခာဒေ၀ီထဲက ခံစားချက်မျိုးကော။ ဘယ်လောက် ထိခံစားခဲ့ရမလဲ။ နှလုံးကြေကွဲပြီး သေဆုံးခဲ့ရတဲ့အဖြစ်လေ။ (မခင်ဦးမေက ပြောပါလိမ့်မယ် ဖတ်ထားသမျှတွေ ချရေးပြနေတယ်လို့ ဤကားစကားချပ်)
ဟုတ်..တကယ်စဉ်းစားမိပါသည်း တစ်သက်လုံးကျက်ထားသမျ..
ကောင်းလိုက်တာဗျာ ၊၊ ပြောပြချင်ပါသေးတယ် ၊၊ ကျွန်တော်ကတော. ဖြစ်ချင်တာဖြစ်နေတာ ဘ၀ အရသာ လို.ထင်ပါတယ်ဗျာ..........
ကျွန်တော်ဆိုလိုတဲ. အရသာဆိုတာ ချိုမြိန်ခြင်း သက်သက် လို.ဆိုလိုတာ မဟုတ်ပါဘူး ၊ အရသာဆိုတာ ချိုမြိန်ခြင်း၊ ခါးသီးခြင်း ၊ ပူလောင်ခြင်း အားလုံးကို ဆိုလို ချင်တာပါ၊၊
ကောင်းခြင်း ဆိုးခြင်း အားလုံးဟာ ဖန်တီးလို. ရတာမှ မဟုတ်တာနော် ... ကျွန်တော်.အမြင်ကတော. ဘ၀ဆိုတာ အကွက်ချစီစဉ် လို.မရတဲ. ပုစ္ဆာတစ်ပုဒ်ပါ ...
ကျွန်တော်.အမြင် ပေါ.နော်..........
ချစ်ခြင်းစေရာ .......
လူတစ်ယောက်နဲ့တစ်ယောက်တော့ တူနိုင်မယ် မထင်ပါဘူး ခင်ဗျာ.....
အစ်ကိုပြောခဲ့သလိုပဲ ဒဿဂီရိလို ဥပေက္ခာဒေဝီ ထဲကလို အချစ်မျိုးက ရှိရောရှိနိုင်မှာ မို့လို့လား။
ချစ်ခဲ့သွားမိရင်တော့ မာနတွေ အနိုင်အရှုံးတွေ ထည့်တွက်မိမှာမဟုတ်ဘူးထင်တာပဲ။ ဒါပေမယ့်လည်း တစ်ချို့ကျတော့ မာန ကြောင့် ကွဲသွားကြတာတွေလည်း အများကြီးပါ။ အမှန်တော့ အချစ်ဆိုတာ ဘာကြီးမှန်းမသိတဲ့ ခံစားချက်ကြီးပါဗျာ......
ကိုရွာသားရေ ရေးချင်တာတွေလျှောက်ရေးသွားတယ် စိတ်တော့မဆိုးနဲ့ခင်ဗျ....... ကျွန်တော်လဲ အချစ်အကြောင်းမသိဘူး..... :)
မာနဆိုတာ တံတိုင်းတစ်ခု...
လိမ်ညာတာ ဖုံးကွယ်တာက အကွာအဝေးတစ်ခု...
အနိုင်အရှုံး မတွက်သင့်တဲ့ ပုစ္ဆာတစ်ပုဒ်...
တန်၏ မတန်၏ မစဉ်းစားသင့်တဲ့အရာ...
ပေးဆပ်ခြင်း ရယူခြင်း မဝေခွဲနိုင်သေးဘူး...
~~~ ရယူခြင်း မဟုတ်ရင် အချစ်က ဘာလဲ ~~~
~~~ အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ဘဲ မဏိစန္ဒာ ~~~
@_@
ဆုတောင်းလေး တလုံးတ၀တည်း ပြည့်ပါရစေ ကိုရွာသားလေးရေ... :)
“မင်းကို ငါမလိုအပ်ပါဘူး မင်းကသာ ငါ့ကိုလိုအပ်နေခဲ့တာ”... ဆရာမဂျူးရဲ့ ချစ်သူရေးသော ကျွန်မရဲ့ညတွေ ထင်ပါတယ်။ အကြိုက်ဆုံးဝတ္ထုတွေထဲက တစ်ခုပါပဲ။ တခါတခါကျတော့လည်း အဲဒီမာနတွေကို နားလည်လို့ ရသွားပြန်ရော။ “ချစ်သောမျက်စိဖြင့် ရှုကြည့်ခဲ့ရင် အရာအားလုံး အပြစ်မြင် တော့မည်မထင်။ ဒါမျိုးက မျက်ကန်း အချစ်ဖြစ်မည်ထင်ပါသည်။” ဒါလည်း ဟုတ်တာပါပဲ။ ဒါပေမယ့် (ကိုရွာသားလေးတင်စားတဲ့) မိုင်းဗုံးလို အဲဒီကြောက်စရာ အရာလေးက လူတော်တော်များများကိုတော့ အမှန်တွေ မမြင်အောင် လုပ်ခဲ့တာ တော်တော့ကို များလှပါပြီလေ။
အေးလေ တင်တင်ဇော်က ဒါဦးဆောင်ဖို့ အတွက် ရှေ့ တန်းတင်တဲ့အနေနဲ့  ယောက်ျားလေးဆို ငါ့ထက်တော်မှ ရွေးချယ်မယ် ပြောတာပဲဟာ (တခါတလေ သိပ်သိလွန်းရင် ဘာမှမကောင်းဘူး)
(တကယ်တော့ မီးမီးက ကလေးပဲရှိသေးတယ် ဒါတွေသိပ်နားမလည်လို့  ဖတ်ပဲသွားတယ်)
Post a Comment