ငါယုံကြည်တဲ့
ချစ်ခြင်းတွေ
သစ္စာတွေ
မေတ္တာတရားတွေ
ညီရင်းကိုတွေ
သွေးသောက်တွေ
အရာအားလုံးနဲ့
ဆန်ကျင်ဘက်
အဲ့ဒီမြှားချက်တွေကြားမှာ
သေဆုံးမှုထက်ပြင်းထန်တဲ့
နှလုံးသားဒဏ်ရာရဲ့
နာကျင်မှုက
နှိုင်းစာလို့မရနိုင်တဲ့
အဆပေါင်းများစွာ.....
warlords ဇာတ်ကားကြည့်အပြီး ခံစားမိတဲ့ မြှားဒဏ်ရာ
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
11 comments:
ဒဏ်ရာအတော်ပြင်းသလား.. ဆားသိပ်ပေးမယ်။
အစ်ကို..အစ်ကို အဲ့ဒဏ်ရာ ပျောက်အောင် ညီတစ်ခွက်တိုက်မယ် သောက်မလား :) ပြီးရင်တော့ ကိုယ့်ပါသာ ရှင်းလိုက်နော့် ။
တော်တော်တော့နာမယ် ၊၊ ဘာပဲဖြစ်ဖြစ် ချစ်ခြင်းတွေ သစ္စာတွေ ပါတာကောင်းတယ် ၊၊ ဖိတ်စာပို့ပါ၊၊ ဒါပါပဲ ကိုရွာသားကြီး ၊၊မင်္ဂလာပါခင်ဗျ
မျှားသင့်နေပါတယ်ဆိုမှ ဘယ်လိုလုပ်ဖိတ်စာရိုက်နိုင်ပါ့မလဲကိုဂီရယ်.။
ကဗျာဖတ်ပြီး ရုပ်ရှင်ကြည့်ချင်စိတ် ပေါက်သွားပါတယ်း)
warlords ကား...ခုမှ သတိရတယ် ဂျက်လီပါတဲ့ ကားမှတ်လား နောက်ဆုံး သူတို့အချင်းချင်းပဲပြန်သတ်နေကြတာ အဆုံးသတ်က အားလုံးသေကုန်ကော ကောင်းပါဘူးဗျာ ။
သေဆုံးမှုထက်ပြင်းထန်တဲ့
နှလုံးသားဒဏ်ရာရဲ့
နာကျင်မှုက
နှိုင်းစာလို့မရနိုင်တဲ့
အဆပေါင်းများစွာ.....
အဲဒါလေးကြိုက်တယ်ဗျာ
ပြန်သွားကြည့်လိုက်ဦးမယ်နော် ..း)
ဒဏ်ရာကတော်တော်ပျင်းတာပဲနော့.....
မောင်ဖြိုးရက်စက်ပြီ.. အချင်းချင်း...
ဆားလိုရင် တီဝါ့ဆီမှာလာယူနော်.. ဆားချက်ထားတာ
တွေအများကြီးပဲ.. အလကားပေးမယ်. :P
warlords ..... ဘာကားလဲ....... မသိ
ယုံကြည်မှုတွေရိုက်ချိုးဖျက်ဆီးခံလိုက်ရတာလောက် နာကျင်တဲ့ခံစားချက်ရှိမယ်မထင်ဘူးနော်...... :)
ပြောချင်တာအဲဒါလားတော့မသိဘူး နားလည်လိုက်တာ အဲလိုပဲ.....
အဲ့ဒီ့ကားကို ၂ ခါတောင်ကြည့်ဖူးတယ်
ကြည့်မိတိုင်းလည်း ခံစားမိတယ်
အခုကဗျာကို ဖတ်ပြီးမှ ကိုယ်ခံစားရတာက
ပိုပေါ်လွင်သွားတယ်
စူးကျိုးမြို့ ကမျှားတဲ့
သိပ်ကောင်းတဲ့ ခေါင်းစဉ်ပဲ
(ကြည့်ဖူးတော့ ကဗျာလေးဖတ်ပြီး ရေးတဲ့သူကို ချီးမွမ်းသွားတယ်)
Post a Comment