စည်ကားတယ်
ခမ်းနားတယ်
သိမ်မွေ့မယ်
နူးညံ့မယ်
လှည့်စားမယ်
ကောက်ကျစ်မယ်
ဘယ်လိုမှမခွဲခြားတတ်လို့
မြို့ရိုးအပြင်ဘက်
ထွက်ထိုင်နေမိတယ်…
လေတွေလည်းတိုက်လို့
မိုးတွေလည်းရွာလို့
အမိုးအကာကမရှိ
လှည့်ကြည့်လို့ ထီးထီးမြင်ရတဲ့
မြို့ရိုးရဲ့အပြင်ဘက်မှာ
သြော်
ငါတစ်ယောက်တည်း….
(တစ်ယောက်တည်း ထင်နေတာ အခုမခင်ဦးမေ၊ ကိုနေညိုရင့် အပြင်ကိုဖြိုးလေးလည်းရောက်နေပြီ....)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
-
ကျမ တရားစခန်းဝင်တယ်ဆိုတော့ အကြောင်းသိတချို့က အံ့ဩကြတာလည်း ရှိ..
သာဓုခေါ်ကြတာလည်း ရှိပါတယ်။
ဟုတ်တာပေါ့... ကျမက တရားထိုင်တယ်ဆိုတဲ့ ဘာဝနာကိစ္စနဲ့ အတော်အလ...
2 months ago
10 comments:
တို့တွေ လည်း လာထိုင်မယ။် ပြီးရင်ကောင်းကင်ကြီးကို မော့ကြည့်ပြီး စကားတွေ ပြောကြတာပေါ့။
ပျော်ပျော်ပါးပါး ဘော်ဘော်များများနဲ့  တို့ လည်း လာထိုင်မယ်..
မှတ်ချက်။ ကာရံနဲ့ သီချင်းလုပ်ဆိုရန်။ :P
ကျုပ်လည်း ခင်ဗျားတို့နောက်အမီလိုက်လာပါတယ်.။ ဟိုဘက်နည်းနည်းတိုး..ဒီမှာပြုတ်ကျတော့မယ်..။
ဟဟ.. ဒါဆို .. တစ်ယောက်တည်းမဟုတ်တော့ဘူး.
အဖော်တွေရှိတယ် အားမငယ်နဲ့... :D
ကြယ်မြင် လမြင် စိတ်ကူးများထင်ရဲ့
အမိုးအကာက မရှိဆိုလို့...။
လှည့်စားတယ်
ဖြားယောင်းတယ်
ကြမ်းတမ်းတယ်
မောပန်တယ်
မာယာများတယ်
မသိဟန်ဆောင်တာတွေများတယ်
မသိသလိုနေတာတွေများတယ်
ဒေါသနဲ့မောဟတွေများတယ်..........ကြောက်လွန်းလို့ ရွာပြင်ထွက်ထိုင်မိတယ်း) ခုရက်ပိုင်း ဘာပဲမြင်မြင် ဒေါသထွက်နေတာ ဘာလို့လဲမသိ ကိုယ့်ကိုယ်ကိုတောင် မုန်းနေတာ ။
ဘာလုပ်နေကြတာလဲ ၊၊ မြို့ရိုးအပြင်ဘက်မှာ ၊၊ ကျနော်ကိုလည်း လက်တို့ပါ၊၊
မြို့ရိုးအပြင်ဘက်မှာ ခဏလောက်တော့ လာထိုင်ချင်ပါတယ်... အင်း... ရုံးကအလုပ်တွေကလည်း မပြီးသေးတော့...
အင်း ... မိုက်တယ် လေတိုက်တယ်ဆိုတော့ အေးချမ်းနေမှာပဲ....
တိတ်တိတ်ဆိတ်ဆိတ်နဲ့........
မိုးရွာရင်တော့ ထီးဆောင်းနေလို့ရပါတယ်... ခဏလောက်ထွက်လာဦးမှ.....
ကဗျာလေးဖတ်ပြီး
ိကိုယ့်ကိုယ်ကို ပြန်ကြည့်မိတယ်
တို့ က အဲ့မြို့ ရိုးအပြင်နဲ့ အဝေးဆုံး
ဟိုးခပ်ဝေးဝေး နေရာလေးတခုမှာ
ဘယ်သူမှ အဖော်မရှိဘူး
ဒါပေမယ့် လှမ်းကြည့်တော့
မှုန်၂သေး၂လေးမြင်နေရတယ်
လူလေး ၄ ယောက်
(သိပ်ကောင်းတဲ့ ကဗျာလေးပဲ အကြိုက်ဆုံးတွေထဲမှာ ထည့်ထားလိုက်ပြီ)
Post a Comment