04 March 2009

ရပ်ကြည့်သွား

မင်းအနားမှာနေရင်း
မင်းအလိုရှိသလား
မရှိသလား
လိုအပ်သလား
မလိုအပ်သလား
ကိုယ်မသိဘူး
တရှိန်ထိုးရှေ့ဆက်ဖို့
မင်းအတွက်
လိုအပ်မယ်ချည်း
ထင်နေတတ်တဲ့ ကိုယ့်အတွက်
မင်းလိုအပ်ရင်
ရပ်ဖို့
မင်းဆန္ဒရှိရင်
ကြည့်နေရုံလေးနေဖို့
မင်းအလို မရှိတော့ရင်
အနားက ထွက်သွားဖို့
တစ်ဆိတ်လောက်
အချက်ပြပေးပါ………….

မနေ့က အစ်ကိုတစ်ယောက်ရဲ့ ခံစားချက်အတွက်

9 comments:

ရွှန်းမီ said...

မီးပွိုင့်ခဏခဏမိတဲ့ ခံစားမှုမျိုးပေါ့ . . .း-)

Htoo Aung Lwin said...

ကို့ကိုကိုလဲ ရပ် ကြည့် ပြီးမှသွားနော်
စလုံးရဲက မျက်နှာမလိုက်ဘူးတဲ့ အဖမ်းခံနေရအုံးမယ်...:P

Anonymous said...

အတုယူလိုက်နာ ညီရေ့ အစ်ကို့ ခံစားချက်လေး ရေးပေးတဲ့ အတွက် ကျေးဇူးပါး)

(မဖွရင်မနေနိုင်တာကလွဲလို့ လွဲလို့ :D )

sait phay yar said...

three shadows don't understand
ဆိုတာဘဲလေ
ဟုတ်တယ် တစ်ခါတစ်လေ ကိုယ့်ကိုလိုအပ်လားမလိုအပ်လားမသိ ကိုယ်က နေနေတယ်။ ပွင့်လင်းမူလေးတစ်ခုကတော့လိုအပ်တယ်လေ
အင်းရှက်မိတယ်။

Unknown said...

Don't know what I should say.
It is a nice and heart touching poem. I feel that it is the feeling of one-sided love person.
Thank you so much for heart touching poem.

Phyo Maw said...

:D သဘောတွေ့ မနှောခွေ့

ရွှေပြည်သူ (ShwePyiThu) said...
This comment has been removed by the author.
ဝေလေး said...

ရပ်ကြည့်သွားဆိုတော့ ဘာကိုသွားသတိရလဲဆို
ကားလမ်းကူးဖို့ပညာပေးဇာတ်လမ်းလေ...

ဘယ်ကိုကြည့် ညာကိုကြည့် ဘယ်ကိုပြန်ကြည့် ညာကိုပြန်ကြည့် ပြီးရင်ကူးးး....

:D

သတိရမိတာပြောပါတယ်။ ဆိုင်မဆိုင်တော့မသိ။ အတည်ပြောတော့မယ်။

လိုလားမလိုလားမသိ အနားမှာရှိနေချင်တတ်တာ လိုအပ်တာ ဖြည့်ဆည်းပေးချင်နေတတ်တာတွေက သူ့အတွက် ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်ချင်ဖြစ်နေမှာနော်....

Unknown said...

ခံစားချက်လေးကို မီးပွိုင့်လေးနဲ့  ညွှန်းသွားတဲ့ စိတ်ကူးလေးကို သဘောကျမိတယ်