မင်းအနားမှာနေရင်း
မင်းအလိုရှိသလား
မရှိသလား
လိုအပ်သလား
မလိုအပ်သလား
ကိုယ်မသိဘူး
တရှိန်ထိုးရှေ့ဆက်ဖို့
မင်းအတွက်
လိုအပ်မယ်ချည်း
ထင်နေတတ်တဲ့ ကိုယ့်အတွက်
မင်းလိုအပ်ရင်
ရပ်ဖို့
မင်းဆန္ဒရှိရင်
ကြည့်နေရုံလေးနေဖို့
မင်းအလို မရှိတော့ရင်
အနားက ထွက်သွားဖို့
တစ်ဆိတ်လောက်
အချက်ပြပေးပါ………….
မနေ့က အစ်ကိုတစ်ယောက်ရဲ့ ခံစားချက်အတွက်
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
9 comments:
မီးပွိုင့်ခဏခဏမိတဲ့ ခံစားမှုမျိုးပေါ့ . . .း-)
ကို့ကိုကိုလဲ ရပ် ကြည့် ပြီးမှသွားနော်
စလုံးရဲက မျက်နှာမလိုက်ဘူးတဲ့ အဖမ်းခံနေရအုံးမယ်...:P
အတုယူလိုက်နာ ညီရေ့ အစ်ကို့ ခံစားချက်လေး ရေးပေးတဲ့ အတွက် ကျေးဇူးပါး)
(မဖွရင်မနေနိုင်တာကလွဲလို့ လွဲလို့ :D )
three shadows don't understand
ဆိုတာဘဲလေ
ဟုတ်တယ် တစ်ခါတစ်လေ ကိုယ့်ကိုလိုအပ်လားမလိုအပ်လားမသိ ကိုယ်က နေနေတယ်။ ပွင့်လင်းမူလေးတစ်ခုကတော့လိုအပ်တယ်လေ
အင်းရှက်မိတယ်။
Don't know what I should say.
It is a nice and heart touching poem. I feel that it is the feeling of one-sided love person.
Thank you so much for heart touching poem.
:D သဘောတွေ့ မနှောခွေ့
ရပ်ကြည့်သွားဆိုတော့ ဘာကိုသွားသတိရလဲဆို
ကားလမ်းကူးဖို့ပညာပေးဇာတ်လမ်းလေ...
ဘယ်ကိုကြည့် ညာကိုကြည့် ဘယ်ကိုပြန်ကြည့် ညာကိုပြန်ကြည့် ပြီးရင်ကူးးး....
:D
သတိရမိတာပြောပါတယ်။ ဆိုင်မဆိုင်တော့မသိ။ အတည်ပြောတော့မယ်။
လိုလားမလိုလားမသိ အနားမှာရှိနေချင်တတ်တာ လိုအပ်တာ ဖြည့်ဆည်းပေးချင်နေတတ်တာတွေက သူ့အတွက် ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်ချင်ဖြစ်နေမှာနော်....
ခံစားချက်လေးကို မီးပွိုင့်လေးနဲ့  ညွှန်းသွားတဲ့ စိတ်ကူးလေးကို သဘောကျမိတယ်
Post a Comment