15 January 2009

ချစ်ခြင်းစေရာ

စွန်းချင်စွန်း
ပေချင်ပေ
မင်းပါးက
သနပ်ခါးတွေ
ငါ့ပုခုံးထက်ကနေ
နှလုံးသားထိ
စွန်းထင်းပစေ

မျောချင်မျော
လွင့်ချင်လွင့်
အပြစ်ကင်းတဲ့
ချစ်ခြင်းတွေ
ငါ့ဘေးနားကနေ
အသွေးအသားထိ
စီးဆင်းပစေ

13 comments:

khin oo may said...

အဟက်ဟက်..။ ကြွေးကျော်တဲ့ အတိုင်းဖြစ်ပါစေဗျာ။

May Moe said...

မှန်းချက်နဲ့ နှမ်းထွက်ကိုက်ပါစေ :P

Moe Cho Thinn said...

တယ်လှပါလား ကိုရွာသား..
သနပ်ခါးနံ့လေး မွှေးသွားတယ်။

sait phay yar said...

ဒီနေ့ကစပြီး သနတ်ခါးတွေလိမ်းတော့မယ် တော်
ရွာကနေ တစ်ဖာသာဝယ်လာခဲ့တော် ကျူပ်အတွက်
ဟီဟီ

မီယာ said...

ကဗျာရေးလည်း ထိမိတာပဲ ကိုရွာသားရေ...

Anonymous said...

ဂျီးဒေါ်ကေအိုအမ်နဲ့ မမေမိုးတို့ကိုထောက်ခံပါဂျောင်းး
တယ်လည်းမိပါလားကိုရွာသားရေ့..။

ဗီလိန် said...

ညှစ်ချင်ညှစ်
ပျစ်ချင်ပျင်
နင့် နှာဝက
နှပ်ချေးတွေ
ငါ့ရင်ဘက်ကနေ
ခြေမ ထိ
ရွှဲပစေ။

:P

:P said...

အိမ်း.. ကဗျာလေးကောင်းသကွဲ့.....
နောင် ယူပြီးတဲ့ အခါကျရင်သာ အကျီင်္အဖြူလွလွပေါ်က သနပ်ခါး ၀ါဝါတွေ အစွန်း ဖျက်ရခက်လို့ မငြိုငြင်လေနဲ့ ကိုရွာသားးး....။

Anonymous said...

ပခုံးနဲ့ နှလုံးသား ပိုနီးအောင် ဘယ်ဘက်ပခုံးပဲပေးမှီး)

ဂရေစ့် said...

Oww, beautiful idea!

ဇင်ယော် said...

အမယ် ဒီလိုစွန်းတာပေတာ ကျတော့ ကိုရွာသားတို့ များ သည်းခံတတ်လိုက်တာ။ အားကျပါပေ့ အဟေ.ဟေ.။

မောင်ပိစိ said...

အလဲ့... လန်းတယ်ဟ :)

တိုထိလေး လုပ်ထားတယ်ပေါ့... တွေ့မယ်.. လာပါစေအုံး.. လူကြီးတွေက ကိုယ်တွေ ထက် ပိုခံစားနေတတ်ကြတယ်.. တွေ့ကြသေးတာပေါ့ကွယ်.. ငှင်းငှင်း...

Unknown said...

သိပ်ကိုလှတဲ့ စာသားလေးတွေပါလား
ခံစားချက်လေးတွေကို ထိမိအောင် ဖွဲ့ ဆိုတတ်ပါပေ့ ရွာသားလေးရေ