05 January 2009

ဖန်ခွက်နဲ့ပန်း တရားခွင်

သူတို့နှစ်ယောက်ရဲ့
ငြင်းခုံခြင်းက
အရည်ရွှေရည်က
စသတဲ့


ဖန်ခွက်ကပြောတယ်
ပန်းတွေကြောင့်
သူတို့အလုပ်ပိုရသတဲ့

ပန်းတွေကငြင်းတယ်
ဖန်ခွက်တွေရှိလို့
သူတို့တွေ
နာမည်ဆိုးနဲ့
ကျော်ရသတဲ့



အရည်ရွှေရည်က
ရှေ့နေအနေနဲ့
မေးခွန်းထုတ်တယ်
ဘယ်သူ
ငါ့အဖုံးကိုဖွင့်တာလဲတဲ့.....
ကဲ........ဖြေ

9 comments:

sait phay yar said...

ရွာသားဖွင့်တာ မြင်လိုက်တယ် ဒါဘဲ
ပုလင်းကိုတိုင်ပြောလိုက်တယ်..........ဒန်ဒန်

Anonymous said...

အဲ့တာ သောက်မယ့်သူက ရေဆာနေပြီးဆိုတော့ ဖွင့်လိုက်တယ် ဗွမ်ခနဲ ခွက်ကလေးကလန့်ပြီး ပါစပ်ကလေးဟပေးလိုက်တယ်း)

ဇင်ယော် said...

အဲဒါ တားတားဖွင့်တာ ဟုတ်ဘူး။ သူတို့  လာချပေးတည်းက အဖုံးက ပွင့်နေပြီးသား။ တားက ခွက်လေးထဲ ထည့်ပြီး မော့ရုံမော့လိုက်တာ ဟီး။ ( အခြေအနေမကောင်းပါက တရွာသားကိုလည်း အမှုတွဲတွင် ဆွဲထည့်ပါမည် :P )

ကဗျာမလေး said...

ဘယ်သူမှ ဖွင့်တာမဟုတ်ဘူး ... အဲဒါ ကိုကြီးကျော် ဖွင့်တာ.. ဟိ

Unknown said...

ပန်းကြောင့်ဖန်ခွက် အလုပ်ပိုသလို...
ဖန်ခွက်ကြောင့် ပန်းတို့ဂုဏ်ညှိုးလို့..
နာမည်ဆိုးနဲ့ ကျော်တယ်..ဒါဟာ အပြန်အလှန်သဘော.
လောကရဲ့ တရား..နယူတန်ရဲ့နိယာမ..ရင်ခုန်ခြင်းရဲ့
ဆဌမမြောက်ကျမ်းစာက ဖွင့်ဆိုတယ်..နောက်ဆုံးအဖုံး
ဖွင့်တာ မတည်မြဲခြင်းကိုယ်တိုင်ကတဲ့...။


ဇွဲရဲရင့်

ကိုရုပ်ဆိုး said...

ဟုတ်ပ ... ပုလင်းကိုလည်း ဆိုင်ကဖွင့်ပေးတာ ...။ ပန်းတွေကိုလည်း ဆိုင်က ငှားပြီး အလှ ချထားတာ။ အဲ့ဒီတော့ ဆိုင်အပြစ် ........။ ဟုတ်ဘူးလား ရွားသားရ ... တို့က စတဲ့သူမှ မဟုတ်တာ။
အတည်ပြောခြင်း ............ မှန်တယ်ရွာသားရေ ... ယစ်ရွှေရည်ရဲ့နောက်ကို လိုက်မိတဲ့လူတွေ၊ ယစ်ရွှေရည်ကြောင့်ဘ၀ပျက်တဲ့လူတွေများတယ်။ ဒါပေမယ့် ... ယစ်ရွှေရည်က တစ်ပက်သောက်ရင် တစ်ပက်ဖိုးပဲ ပေးမူးတာဗျ။ မပိုဘူး။ အဓိက က လူ လူ လူ ...........။

ဗီလိန် said...

လက်သံတွေကတယ်ပြောင်ပါလားဗျ။ ကျနော့ရဲ့ ပုလင်းတစ်လုံးရဲ့ရင်ဖွင့်သံနဲ့ သိပ်မကွာဘူး။ :)
http://www.villain-lay.co.cc/2008/08/blog-post_30.html

capricorn said...

ဒီကဗျာလေး ကြိုက်တယ်

Unknown said...

ဖန်ခွက်နဲ့  ပန်းတွေ တရားခွင်မတက်ရလေအောင်
နောက် မဖွင့်နဲ့  မောင်ရွာသား