13 January 2009

ဘာကြောင့်လဲ



တကယ်တမ်းတော့
အဖြေသိသလို
အဖြေမရှိသလို
သိချင်ပါလျက်
မညှိချင်သလို

မီးဆိုလည်း
ပူစရာမလို
ရေဆိုလည်း
အထပ်မြင့်ရယ်မို့
မိုးမလင်းခင်
ရေစက်ကယ်
မဖွင့်ခဲ့ရပါဘူး

ဖွဲမီးရယ်နဲ့
လေယပ်လို့
ထမင်းမြန်မြန်ကျက်အောင်
တဖျတ်ဖျတ်ရယ်နဲ့
မခပ်ခဲ့ရဘူး

ကား ၊ရထား
ကျပ်ကျပ်ရယ်နဲ့
မတ်တပ်ကယ်ရပ်
စီးရပင်မယ့်
တိုးကြိတ်လို့
ငါးပိသိပ်
ငါးချဉ်သိပ်ရယ်
မကြုံခဲ့လေဘု


အများတကာလို
ခါးမှာဟန်ပို
ချိတ်တတ်ကြတဲ့
တီတာတာ
လက်ကိုင်ဖုန်းလည်း
ခပ်လွယ်လွယ်
သုံးရပါလျက်

မိုင်ပေါင်းတွေ
အသင်္ချေဝေးလည်း
လက်တကမ်းကွာ
မြင်ယောင်ပေးအောင်
အွန်လိုင်းကမ္ဘာ
သူဖန်ဆင်းလဲ

ဘာကြောင့်ရယ်မသိ
မဗျိုင်းရယ်
မေ့သင့်ပါရက်
ဗန်းထဲက
ဇီးသီးမှည့်
မိုးပက်ကာ
ပိုးတက်မှာ
စိုးတာကြောင့်
ပြန်ရုပ်ဦးမယ်……….

(အမိမြေဆိုရင် သစ်ပင်သစ်ရွက်လည်းချစ်တတ်ပါတယ်၊
ဖုန်ထူတယ်ပြောပြော လတ်ဆတ်တဲ့လေကို နှစ်သက်ပါတယ်၊
ပူလွန်းတယ်ထင်ထင် အညာနွေကို ကြိုက်ပါတယ်၊
ပြန်ရခါနီးလို့ ညတိုင်းစိတ်လှုပ်ရှားစွာ အိပ်မပျော်တဲ့အတွက်)

10 comments:

Anonymous said...

အဲ့လိုပဲ ဖြစ်တက်တယ် ဆပ်ပြာသည် ဘာပျောက်ဆိုသလိုလေ ကျနော်ဆို မပြန်ခင်တစ်လ လောက်တည်းက အ၀တ်စားထုတ်နေကေား) အိမ်ပြန်ခရီးမှာ အဆင်ပြေပျော်ရွှင်ပါစေ အစ်ကို ပြီးတော့ bla bla bla လေးတွေ OK ပါစေ ။

ဗီလိန် said...

ပြန်တော့မယ်ပေါ့လေ။ လ္ဘက်သုတ်မပါလို့ကတော့ တွေ့မယ်။ :)

ခေါင်ခေါင် said...

သူများတွေ ပြန်မယ်ဆိုတော့..ပြန်ချင်လိုက်တာ..

Moe Cho Thinn said...

ရွာသားရေ..
ဘာတွေ ဘယ်လောက်ပဲ ခမ်းနားခမ်းနား၊ ကိုယ့်အိမ် ကိုယ့်ယာသာ အလှဆုံးထင်၊ အကောင်းဆုံးပင်။
အစစ အဆင်ပြေပါစေ။ လမ်းခရီးချောမွေ့ပါစေ။ အိပ်မက်နဲ့ ထပ်တူ ဖြစ်ပါစေ။

လင်းဒီပ said...

ဒါပေါ့ကိုရွာသားရယ်..
လူမှာ origin ဆိုတာရှိတယ်..
ဘယ်တော့မှ မေ့လို့မရဘူး..
မေ့တတ်တဲ့သူတွေကတော့ မေ့ဆေးကောင်းကောင်း ရသွားလို့ပါပဲ..

ကိုအောင်သာငယ် translate လုပ်ထားတဲ့
“ ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် ”ဆိုတာမျိုးပေါ့..

Rita said...

inertia သဘောတွေပါပဲလေ

ကဗျာမလေး said...

မဗျိုင်းရယ်
မေ့သင့်ပါရက်
ဗန်းထဲက
ဇီးသီးမှည့်
မိုးပက်ကာ
ပိုးတက်မှာ
စိုးတာကြောင့်
ပြန်ရုပ်ဦးမယ်……….
ကြိုက်တယ်ဒီစာသား ...။

တန်ခူး said...

ရွာသားလေးရေ… သိပ်ကောင်းတဲ့ ကဗျာလေးပါ…
အိမ်အပြန်ခရီးဟာ ဘယ်ခရီးနဲ့ မှ မတူ ရင်ခုန်သံတွေ အသစ်ဖြစ်ပြီး နွေးထွေးလို့ နေမြဲနော်…
ရုံးကလူတွေက ပြောကြတယ်.. ခွင့်ရရင် အိမ်ပဲပြန်နေတာ Europe လေး Japan လေး တပြောင်းတလဲ သွားလည်ပါတယ်…
တို့ အတွက်တော့ အိမ်အပြန်ခရီးကို Europe နဲ့ လဲ မလဲနိုင် Japanနဲ့ လဲ မလဲနိုင်…
ရွာသားလေးရေ… ဟုတ်ပါ့… အဲဒီဇီးသီးလေးကို ပိုးထိုးထိုး မှိုတက်တက် သေတ္တာထဲ အမြတ်တနိုးသိမ်းထားဆဲ…သိမ်းထားဦးမှာ…
ချိုမြတဲ့ အပြန်ခရီးဖြစ်ပါစေ….

Unknown said...

ရေးတတ်ပါ့ မောင်ရွာသားရာ
မျက်လုံးထဲကို တန်းကနဲနဲ့  မြင်မိတော့တာပဲ
မြန်မာပြည်ရဲ့ အခြေအနေလေးတွေကိုပေါ့
ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ကိုယ့်မွေးရပ်မြေ ကိုတော့ မမေ့စကောင်း ဆိုတာကို ဇီးသီးသည် မဗျိုင်းပုံပမာပေးဖွဲ့ ဆိုထားတာကိုတော့ သဘောကျမိတယ် (အခြေအနေရ နေရပေမယ့် ငါ့တိုင်းပြည်က မြေမှုန်လေးကအစ ငါချစ်မိတယ် ဆိုပါတော့)

သက်ဝေ said...

အကြောင်းအကျိုးတွေ မညီညွတ်လို့ မပြန်ဖြစ်တာ ၅ နှစ်ရှိပါပြီ... ကဗျာလေးက ထိလွန်းတော့ သက်ပြင်းပဲ ချသွားပါတယ်...