01 January 2009

ကြယ်ရောင်စုံတဲ့ည

ကြယ်ရောင်စုံတဲ့ည တစ်ခုနဲ့ဆုံခဲ့ရပါတယ်။ အမိမြေက တောင်ကြီးမီးပုံးပျံပွဲလေးကို ပြန်သတိရမိတယ်။ ညမီးကျည်တွေ တစ်လုံးပြီးတစ်လုံးလွှတ်နေသလို ခံစားရပါတယ်။ နှစ်သစ်ကိုကြိုဆိုတဲ့ ချစ်စရာ ကြယ်ရောင်စုံတဲ့ညလေးကို မျှဝေပေးလိုက်ပါတယ်။ ရနိုင်သလောက်ကြိုးစားပြီး ရိုက်ခဲ့ပေမယ့် မကျွမ်းကျင်လေတဲ့ဓါတ်ပုံရိုက်ခြင်းအနုပညာကို ပုံတွေတိုင်းမှာ တွေ့မြင်နိုင်ပါတယ်ခင်ဗျာ…













13 comments:

မီယာ said...

ဂရုတစိုက် ဓါတ်ပုံတွေရိုက်လာပြီး စောစီးစွာ တင်ပေးထားတာ ကျေးဇူးတင်ပါတယ်။ ဒီမှာတော့ နှစ်မကူးသေးဘူး။ Happy 2009!

ThuHninSee said...

ကိုရွာသားရေ..

ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်၊
ကဗျာတွေ အများကြီးရေးနိုင်တဲ့ ၂၀၀၉ဖြစ်ပါစေ။

အသုံးမကျတဲ့နှင်းဆီ
:D

ATN said...

ပုံတွေ ဒီလောက် ကောင်းတာကို ရွာသားလေးရယ်...
ပျော်ရွှင်သော နှစ်သစ် ဖြစ်ပါစေ ရွာသားရေ့...း)

စူး said...

ပုံတွေကောင်းပါတယ်
နှစ်သစ်မှာပျော်ရွှင်ပါစေ

pandora said...

ံပုံလေးတွေ တကယ်ကို လှတယ် ရွာသားလေးရေ

ပျော်ရွှင်စရာ နှစ်သစ်ပါ

Anonymous said...

ပျော်စရာကြီးပေါ့ ဓာတ်ပုံတွေအတွက် ကျေးဇူးဗျ

Anonymous said...

တိုဂျီးရွာတားယေးကယဲ.. ပုံဒွေဒီလောက်လှရာကို..
တားတားရှိုရင် ရိုက်လိုက်တာ မီးပန်းနဲ့တူတာရှိုလို့ တစ်ဖွားတောင်မပါလိုက်ဘူးယေ..း(
တူများတွေလို ပုံတွေမတင်နိုင်ရှာဘူး.. တနားပါဦး အဟင့်

JulyDream said...

Count down လိုက်တယ်ပေါ့။ အားကျပါတယ်။ ကျွန်တော့်ကတော့ ဘယ်မှ မသွားနိုင်ခဲ့ဘူး။ ရုံးအလုပ်တွေ ပိနေလို့။

"Have a Happy New Year!"

khin oo may said...

1 Jan 09, 12:46
kom:့ happy new year!
1 Jan 09, 12:46
kom: လေးခေါက် ရှူစားသွားသည်။
1 Jan 09, 12:46
kom: လှပါတယ်အေ..။ ဘာဘဲပြောပြော.။ မမြင်လိုက်ရတဲ့သူအတွက်ကတော့ အံသြဘနန်ူးပါဘဲ
1 Jan 09, 12:45
kom: တောက်... ခေါက်သွားသည်. ကိုဂျူလိုင်ရဲ့ အုန်းသီးကြီးနဲ့ ရိုက်လိုက် ရလို့လားကွာ။ ဟိ

Phyu said...

ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေရှင်..း)

RePublic said...

ညီ ရွာသား ကို Channel 5 TV မှာ ကင်မရာကြီးနဲ့ တွေ့လိုက်တယ် ၊၊ ဟားဟား
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ၊၊

Unknown said...

စာအရေးအသား ကဗျာအဖွဲ့ အဆိုတော်သလို
ဒါ့ပုံအရိုက်လည်း တော်တာပဲကိုး
ရိုက်ချက်လေးတွေ လှပါတယ်
ကျေးဇူးပါ အဲ့တုန်းက မမြင်လိုက်ရဘူး မီးပန်းဖောက်တာကို

သက်ဝေ said...

ဒီနှစ်မှာလဲ
ကြယ်ရောင်တွေ စုံစုံလင်လင် လင်းတဲ့ ည ကို
တွေ့နိုင်ပါစေ...