အန်ကောဝပ်ကနေထွက်လာတဲ့အခါ
ဓါတ်ပုံတွေထဲမှာ အများအပြားတွေ့ရတဲ့ ဘေယွန်မျက်နှာများဆီကို သွားဖြစ်တယ်။ ၁၂ရာစုနှောင်းပိုင်း
၁၃ရာစု အစောပိုင်းမှာတည်ထားခဲ့တဲ့ ဘေယွန်က ဗုဒ္ဓဘာသာအဓိကဖြစ်ပေမယ့် နောက်ပိုင်းမှာ ဘာသာရေးရောယှက်မှုတွေ
ဝင်လာခဲ့တယ်။
နံရံပန်းချီကားတွေအတွေနဲ့
အရှေ့ဖက်မှာ ကြည်းတပ်စစ်ချီလာတဲ့ပုံ တောင်ဖက်မှာ ရေတပ်ပုံစသည်ဖြင့် စစ်အင်အားကို ပြထားတာတွေ့ရတယ်။
ပန်းချီကားတွေကနေ ချမ်းပလူမျိုးတွေနဲ့ ကူးလူးဆက်ဆံနေပုံတွေ တွေ့ရခြင်းဖြင့် ဒီပန်းချီကားတွေဟာ တကယ့်သမိုင်းကို ပြောပြနေနိုင်ခဲ့တယ်။
မျက်နှာတွေကို
နှစ်ဖက်ဒါမှမဟုတ် လေးဖက်လေးတန် တွေ့ရမှာဖြစ်ပြီး အဲ့လိုမျိုး ၄၉ခုရှိခဲ့ပုံရပေမယ့်
အခုအခါ ၃၇ခုပဲ ကျန်ရစ်ပါတော့တယ်။ စုစုပေါင်း မျက်နှာအရေအတွက် ၂၀၀ရှိသော်လည်း တချို့မှာ
အပြည့်အစုံအဖြစ် မရှိနိုင်တော့တာ နှမြောစရာပါ။ တဆက်တည်း ထုလုပ်ထားတာမျိုးမဟုတ်ပဲ အထပ်လိုက်ကျောက်တုံးတွေနဲ့
ဒီမျက်နှာ ၂၀၀ကို ဘယ်လိုများ ဆောက်လုပ်ခဲ့ပါလိမ့်…
ဘေယွန်ကနေကျော်လာတဲ့အခါ
ဘဖွန်ဆိုတဲ့ တောင်ပုံစံစေတီကိုသွားဖြစ်တယ်။ အဆောက်အအုံကို ရောက်ဖို့ လျှောက်ရတဲ့ တံတားရှည်ရှည်ကနေတင်
ဟိုအရင်တုန်းက ဆိုတဲ့အတွေးကို တွေးစေမိတယ်။ တံတားအောက်မှ ရေတွေနဲ့ ကြာမျိုးငါးပါးစုံတဲ့
မြင်ကွင်းမျိုးကို စိတ်အာရုံမှာ ဖြတ်ကနဲပေါ်တယ်။ ၂၀ရာစုလောက်ကစလို့ ပျက်စီးမှု ကြီးကြီးမားမားရှိနေခဲ့ပြီး
ပြင်သစ်ပညာရှင်တွေနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။ သေချာတက်ရောက်ကြည့်ရှုခွင့်
ပိတ်ထားတာမို့ ရသလောက်တော့ တက်ကြည့်ခဲ့သေးတယ်။
အနားဝန်းကျင်က
ဘုရင့်ပန်းခြံတော်ကိုလည်း ပတ်ကြည့်ဖြစ်တာပေါ့။ ရေကန်တွေနဲ့ ဘုရင်အပန်းဖြေတယ်ဆိုတဲ့
အဆောက်အဦးရဲ့ အပေါ်ဆုံးအထိကိုတက်ကြည့်ခဲ့သေးတယ်။ အပေါ်စီးကနေ လေသာပြတင်းကိုဖွင့်လိုက်တဲ့အခါ
သားသမင်တွေ၊ ပန်းမာန်တွေနဲ့ စိမ်းလန်းစိုပြေနေတဲ့ ပန်းခြံကို သူသေချာပေါက် ငေးနေခဲ့မှာပါ.
ပန်းခြံကိုဖြတ်ပြီး
ဗိုလ်ရှုသဘင်အဖြစ် ဆောက်ထားတဲ့ ဆင်ခံဗိုလ်ရှုသဘင်ကို သွားတယ်။ နှစ်မီတာခွဲအမြင့်နဲ့
မီတာသုံးရာကျော် ရှည်လျားတဲ့ ဒီဗိုလ်ရှုသဘင်တလျှောက်မှာ အရုပ်တွေအရုပ်တွေဆိုတာ တန်းစီနေတာပဲ။
ဘုရင်က အဲ့ဒီဗိုလ်ရှုသဘင်ကနေ တပ်တွေချီလာတာ၊ ကချေသည်တွေ ဖျော်ဖြေတာကို ကြည့်လေ့ရှိသတဲ့လေ။
ထမင်းစားနားပြီးတဲ့အခါ တုပ်တုပ်ဆရာနဲ့ ကျနော် နှစ်ယောက်တည်း မရောက်ဖြစ်သေးတဲ့ ဘုရားတွေကိုပတ်တယ်။ မိုးရွာလာတာမို့ ခဏပဲသွားနိုင်ပြီး ဟိုတယ်ကိုပဲပြန်နားဖြစ်ပါတယ်။ နောက်တနေ့ ကာကေမြို့ဟောင်းကို သွားဖို့ စောစောလာခေါ်မယ်လို့ပြောထားတာမို့ ညဖက် အပြင်မထွက်ဖြစ်တော့ပါ....
ထမင်းစားနားပြီးတဲ့အခါ တုပ်တုပ်ဆရာနဲ့ ကျနော် နှစ်ယောက်တည်း မရောက်ဖြစ်သေးတဲ့ ဘုရားတွေကိုပတ်တယ်။ မိုးရွာလာတာမို့ ခဏပဲသွားနိုင်ပြီး ဟိုတယ်ကိုပဲပြန်နားဖြစ်ပါတယ်။ နောက်တနေ့ ကာကေမြို့ဟောင်းကို သွားဖို့ စောစောလာခေါ်မယ်လို့ပြောထားတာမို့ ညဖက် အပြင်မထွက်ဖြစ်တော့ပါ....
No comments:
Post a Comment