ကျောင်းစာထဲမှာသင်ရတယ်
ဘယ်ဘက်နဲ.ညာဘက်တူရင်
အဲဒီ Symbol
အတန်းကြီးလာတော့
နဲနဲတူရင် Similar တဲ့
မတူတဲ့ နှစ်ဘက်ကို
မတူတူအောင်ညှိ ခဲ့ဖူးတယ်
မသိကိန်းတွေကိုလည်း
ကြိမ်ဖန်များစွာ ရှာခဲ့ဖူးတယ်
တကယ်တမ်း
လက်တွေ.ဘ၀မှာ
အဲဒီ Symbol မရှိပြန်ဘူး
ကျက်မှတ်ထားတဲ့ Theroy တွေနဲ.
ခြားနားနေတဲ့ဘ၀တွေကို
ဘယ်လို တူအောင်ညှိမလဲ
ဖော်လို.မရနိုင်တဲ့
မသိကိန်းများစွာကို
ကိုယ်မရှာနိုင်ခဲ့ဘူး
ဘယ်သူမှလည်း
အဖြေမထုတ်နိုင်ခဲ့တာမို.
ရပ်ကြည့်ယုံကလွဲပြီး
ဘာတတ်နိုင်မှာတဲ့လဲ……..
ရာသီမိုး (၂၀၁၆)
-
ဇာတ်လမ်းအကျဉ်း - မြန်မာ့လူ့အဖွဲ့အစည်းအတွင်းဝယ် မိန်းကလေးငယ်တစ်ဦးသည်
မိဘများ၏ ဖိနှိပ်မှုတို့ဖြင့် အရွယ်ရောက်ခဲ့ရသည်။
မူရင်းဝတ္ထု - ကြည်အေး
ထုတ်လုပ်သူ - မေ...
1 week ago
2 comments:
ကိုယ်က သင်္ချာဆို ငယ်ကတည်းက ညံ့။
တက္ကသိုလ်တက်တော့ နျစ်ထပ်ကိန်း၊ သုံးထပ်ကိန်းတွေသာမက sign တွေက ဟိုဘက်ဆိုင်း၊ ဒီဘက်ဆိုင်း။ ညှိလို့ရတဲ့ ပုံသေနည်းရှိပြီးသား၊ အဖြေရှိပြီးသားတွေကိုောတင် မတွက်တတ်တာ။ ဘ၀ကို ပုစ္ဆာတစ်ပုဒ်လိုသာ ဖြေရလို့တော့ ရဲရဲနီနေမှာ မတွေးစရာ။
ကိုယ်တိုင်ကလည်း ရပ်ကြည့်နေတဲ့လူတယောက်ဖြစ်လို့  အဖြေထုတ်မသွားတော့ဘူးနော့
Post a Comment