29 June 2008

ခဏတာ

တကယ်ကို ခဏတာလေးပါ။ ဒါပေမယ့် အဲဒီခဏတာလေး ဟာ ကျွန်တော်တို. အတွက်ပျော်ရွှင်ခဲ့ကြမယ်ဆိုရင် ခဏတာပေါင်းများစွာကို လောဘကြီးစွာလိုချင်နေခဲ့မိပါတယ်။
မနေ.က ကျနော့ သူငယ်ချင်းတစ်ယောက်နဲ. Gtalk ထဲမှာစကားပြောဖြစ်ကြပါတယ်။ သူနဲ.ကိုနဲ. က အမိမြေရဲ.ဝေးတဲ့တစ်နေရာဆီမှာ ကိုယ်စီကိုယ်ငှ ရောက်နေကြပြီး တစ်လတစ်ခါလောက်တောင်တွေ.ဆုံဖို.ခက်ခဲနေကြလေ။ သူ.ဆီက အချိန်ရယ် ကို့ဆီက အချိန်ရယ် ကွာခြားတာကတစ်ကြောင်း သူအားတဲ့အချိန်ရယ် ကိုယ်အားတဲ့အချိန်ရယ် ကလည်းတူညီနိုင်ဖို.ခက်ခဲ။
ဒီသူငယ်ချင်းက သင်တန်းတစ်ခုမှာ ဆုံခဲ့ရပြီး ပြောမနာဆိုမနာ ငယ်သူငယ်ချင်းလို။ ကိုယ် အားငယ်ရင်ကို.ကို အားပေး သူအားငယ်ရင်သူ.ကို အားပေးခဲ့မြဲ။ သူတို.နိုင်ငံရပ်ခြားသွားတော့မယ်ဆိုတော့ ကို.ကို သတိတရလာရောက်တိုင်ပင် ခေါ်ကြတာကို ကိုယ်သတိရမိတယ်။ အဲဒီအချိန်က ညနေခင်းတစ်ခုမှာပေါ့။ သင်တန်းပြီးဆုံးရင် ရတဲ့အခွင့်အလမ်းနဲ. သွားချင်တယ် ကိုယ့်ကိုလည်း လိုက်ခဲ့စေချင်တယ်ပေါ့။ သူငယ်ချင်းရယ် ဘ၀တက်လမ်းအတွက်ကိုယ်ကိုတိုင်လည်း လိုက်ချင်ခဲ့ပါတယ်။ ဒါပေမယ့် အခွင့်မသာခဲ့ဘူးလေ။ မင်းတို.ပြောတဲ့ သိန်းငါးဆယ်ဆိုတာ ကိုယ့်အတွက်အလှမ်းကွာဝေးလှပါတယ်။ အဲလိုနဲ. မင်းတို.နှစ်ယောက် မရောက်ဘူးတဲ့ အရပ်ဒေသမှာ ဆွေမျိုးမရှိ အပေါင်းအသင်းမရှိ ရဲရင့်ခြင်းကို ပိုက်ပြီးရောက်အောင်သွားခဲ့ကြတယ်။ ဂုဏ်ယူပါတယ်သူငယ်ချင်း။ မင်းတို.နှစ်ယောက်အခက်အခဲတွေ ပေါင်းများစွာကို ခါးသီးမျက်ရည်စတွေနဲ. ဖြတ်ကျော်ခဲ့ရမယ်ဆိုတာ ကိုယ်သိပါတယ်။ အဲဒါကြောင့်ဂုဏ်ယူမိတာပါ။
မင်းတို.နဲ.ကိုယ် အဆက်အသွယ်တော်တော်ပြတ်ခဲ့ကြတယ်။ အမိမြေရဲ့ ဆက်သွယ်ရေးက တံတိုင်းကြီးလိုကာဆီးထားတယ်လေ။ ဆက်သွယ်ရေးကောင်းလာတဲ့တစ်နေ.မှာ မင်းတို.နဲ. အဆက်အသွယ်ရတယ်။ မင်းတို.ကိုယ်.ဆီ ဖုံးတွေအားရပါးရပြောခဲ့ကြတယ်။ ပြောလို.လဲမကုန်နိုင်ဘူးနော်။ နေကောင်းလား အဆင်ပြေရဲ့လားဆိုတာ လောက်ထပ်မကပေါ့နော်။
ကိုယ်လည်းအပြင်ရောက်လာတော့ ပိုပြီးဆက်သွယ်ဖြစ်ကြပါတယ်။ အရင်ထက်စာရင် တစ်လ တစ်ခါလောက်တွေ., ပြောဖြစ်ကြတယ်။ မှတ်မိသေးတယ်ကိုယ်စရောက်ပြီး မကြာခင်မှာ မင်းတို.ဖုံးဆက်ကြလို. နာရီပေါင်းများစွာ ပြောဖြစ်ခဲ့ကြတယ်။ ပြောလက်စတွေမကုန်ပင်မယ့် တကယ့်လက်တွေ.ဘ၀ကို ပြန်လည်ဝင်ရဖို. တစ်ယောက်နဲ.တစ်ယောက် အားပေးရင် အိပ်ပျော်သွားကြတာချည်း။
သူငယ်ချင်းရယ် အဲဒီခဏတာအချိန်လေးတွေဟာရှားပါးပင်မယ် တကယ့်ကိုတန်ဖိုးရှိပြီး ခဏတာပေါင်းများစွာကို ကိုယ်တို.တွေပိုင်ဆိုင်နိုင်ကြရင်ကောင်းမယ်ကွာ………..

2 comments:

Pan Chit Thu said...

hope pa har .... .. ku hma poe pee ... thin tan ka.. tae yin twe nae ... sa yar twe ko ... ta ti ya like tar har.

Unknown said...

ခံစားနားလည်ပေးကြည့်တယ် ခဏတာပေမယ့် ကြည်နူးပျော်ရွှင်မိမှာပဲ