15 June 2008

အိပ်ရာဝင် ပုံပြင်များအကြောင်း


အမေ့အကြောင်းကိုတစေ့တစောင်းဖော်ပြပြီးတဲ့ နောက်မှာ အဖေအကြောင်းလည်းဖော်ပြဖို.လိုအပ်မယ်ထင်ပါတယ်။ ခလေးဘဝထဲမှာ နူးညံ့တဲ့ အသိဉာဏ်ထဲကို လိုရာပုံသွင်းဖို. ကြိုးစားခဲ့တဲ့ အဖေပါ။ အလုပ်တစ်ဖက်နဲ.စာတွေဘယ်အချိန်ဖတ်လဲမသိပင်မယ့် အဖေ့ရဲ့ပုံပြင်တွေက တညနဲ.တညမထပ်ခဲ့ပါဘူး။ ကိုယ်တိုင်အလုပ်ထဲဝင်ရမှ အလုပ်ရဲ့ပင်ပန်းဆင်းရဲမှုတွေ၊ လူတွေရဲ့အမျိုးမျိုးသော စိတ်ဒုက္ခပေးမှုတွေ ကြားမှာ နှစ်ရှည်လများ လုပ်ကိုင်နိုင်တဲ့ အဖေ့ရဲ့ရပ်တည်မှုကို အံ့သြဘနန်းဖြစ်ရသလို အဲဒီကြားထဲမှာ ကလေးတစ်ယောက်ကို စိတ်ရှည်လက်ရှည်ပုံပြောပြတတ်တဲ့ အဖေ့ကို လေးစားကြည်ညိုမဆုံးဖြစ်ရပါတယ်။
အမေ့ရဲ့ တစ်ပုဒ်ထဲသောပုံပြင်က လောဘမရှိတဲ့သူရယ်၊ ဒေါသမရှိတဲ့သူရယ်၊ မောဟမရှိတဲ့သူရယ်ဆိုတာပါပဲ။ အခုချိန်ထိလည်း သူအပိုင်ဆုံး ပုံပြင်တစ်ပုဒ်အဖြစ်ရပ်တည်ဆဲပေါ့။
ကျနော့အဖေကတော့ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တွေ၊ ဘုရားအလောင်းပုံတွေ၊ နိုင်ငံတကာပုံပြင်တွေ တိုင်းရင်းသားရိုးရာပုံပြင်တွေနဲ. ပျင်းသွားရတယ်ဆိုတာ မရှိစေရပါဘူး။ ပုံပြင်တွေနဲ. ကြီးပြင်းခဲ့ရတဲ့ ကျနော့အတွက် စာပေကိုချစ်မြတ်နိုးတတ်တယ်ဆိုတာ ဆန်းမယ်မထင်ပါဘူး။ မှတ်သားနာယူထိုက်တာကို
နာယူဖို. အတုယူသင့်တာကို အတုယူဖို. စံထားဖို.စတာတွေကတော့ အဖေ့ရဲ့ အဆုံးသတ်နိဂုံးချုပ်များပါပဲ။ အဖေအိမ်မှာကပ်ထားတဲ့ဆောင်ပုဒ်ကလည်း “စိတ်ထားကောင်းဖို.ပထမ” တဲ့။
ဖျားနာနေတိုင်းမှာ ကျနော့ကိုချွေးသုတ်ဖို. အဖျားတိုင်းဖို.ဘယ်တော့မှတာဝန်မပျက်ခဲ့။ ညတိုင်း အမြဲအအိပ်ကြီးတဲ့ အမေနဲ.ကျနော့ကို တံခါးပိတ်ပေးဖို. စောင်ခြုံပေးဖို.လည်းမလစ်လပ်ခဲ့။
လူတကာကိုကူညီတတ်တာတွေ စကားနဲတာတွေ အလုပ်အကိုင်တိကျတာ စေ့စပ်တာ အဖေ့မှာ အလုပ်နဲ.ပတ်သတ်လို. နေ.စဉ်မှတ်တမ်းလေးထားရှိတာတွေ လောဘနည်းတာတွွေ စည်းကမ်းကြီးတာတွေ အမေ့ကိုစိတ်ရှည်တာတွေ က တော့ ကျနော်ဘယ်တော့မှ လိုက်မမှီတဲ့ အရာတွေပါ။
တောကနေမြို.ကိုကျောင်းသွားတက်မယ်ဆိုတော့ အဖေပြောလိုက်တဲ့စကားလေးက “ငါ့သားတဲ့ လိုတာကိုမှာပါတဲ့ ဒါပေမယ့်အသုံးကိုအဖြုန်းမဖြစ်စေနဲ.တဲ့” အဲလိုမျိုးထိထိရောက်ရောက်ကိုပြောလိုက်တာ။ တကယ်ကို ကျနော်ပိုက်ဆံမှာတိုင်း မညီးမညူ ပို.ပေးခဲ့ပါတယ်။
ကျောင်းပြီးတော့လည်းကျနော့ပုခုံးကိုဖတ်ပြီး “ငါ့သားကြီးအောင်မြင်ပါစေကွာတဲ့” အဲဒီစကားတစ်ခွန်းထဲနဲ.တင် ခွန်အားတွေအများကြီးဖြစ်စေခဲ့ပါတယ်။
ရပ်ဝေမြေခြားရောက်ပြန်တော့ အဖေဘာမှာမလဲဆိုတော့ “ကျန်းမာရေးဂရုစိုက်ပါကွာတဲ့” ။ ကဲ ကျနော့အဖေကအဲလိုဗျ ဒီနေ.တော့ အဖေများနေ.ပီပီ အဖေ့ကိုသတိတရနဲ. တခွန်းလောက်ပြောချင်တာက “ အဖေကျနော့ကို အရင်တုန်းကလိုပုံပြင်ပြောပြ……”လို.ပါ………………..

အဖေနေကောင်းဖို. စိတ်ချမ်းသာဖို. အဖေနေချင်တဲ့အေးချမ်းတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ဖို. ဆုတောင်းပေးပါတယ်အဖေ…….

5 comments:

ရွှေပြည်သူ (ShwePyiThu) said...

ဟုတ်တယ်ကိုရွာသားလေးရေ... ကိုယ်တိုင် ဘ၀အမောတွေကြားမှာ အလုပ်ရဲ့ပင်ပန်းမှုတွေ ကိုယ်တွေ့ကြုံရမှ ကိုယ့်မိဘတွေ ကိုယ့်အတွက် အချိန်တွေ အများကြီးပေးခဲ့ပုံကို အံ့သြဘနန်းဖြစ်ရပါတယ်။ ဘာပဲပြောပြော ကိုရွာသားလေးလိုသားအတွက် ကိုရွာသားလေးအဖေက အမြဲဂုဏ်ယူကျေနပ်နေမှာပါ။

Anonymous said...

အစ်ကို့  အဖေက တော်လိုက်တာ မိဘတိုင်းရဲ့ သားသမီးပေါ်ထားတဲ့ မေတ္တာကတော့ ပုံစံကွဲပေမယ့် နုညံ့မှုတော့ တူတူပါပဲ အစ်ကို့ အဖေကတော့ အစ်ကို့ အတွက် အမြဲ ဂုဏ်ယူနေမှာပါ ။

Mogok Thar said...

စာလေးဖတ်ပြီး အဖေ့ကို ပို သတိရလိုက်ထာ။
လာ.. ညီရာ...
ကိုယ်တို့ရဲ့ အဖေတွေ ပုံပြောမပြနိုင်အောင် အိုမင်းတဲ့ါအခါမှာလဲ အဖေတွေရဲပ အိပ်ယာဝင် ပုံပြင်ကို ဒို့ အဖေများ ငြိမ်းချမ်းစွာ အိပ်စက်နားနိုင်အောင် ပြောပြနိုင်ဖို့ ကြိုးစားစို့။

Unknown said...

အဖေအကြောင်းကို နူးညံ့သိမ့်မွေ့ စွာရေးဖွဲ့ တတ်တဲ့ အရေးအသားလေးကိုသဘောကျမိတယ် ကိုယ့်အတွက်တော့ အဖေဆိုတာ အနှိုင်းမဲ့ လို့ ပြောရင် လွန်မယ်မထင်ဘူး

ကြည်ဖြူပိုင် said...

ဖေဖေနဲ့ဆုံးမတာခြင်းတူတာက အသုံးနဲ့အဖြုန်းကိုခွဲခြားသိပါစေ...
အသုံးကိုလဲမနှမြောနဲ့
အဖြုန်းကိုလဲမဖြစ်စေနဲ့တဲ့