22 June 2008

မိုးနဲ.အတူ က်တဲ့ ပီတိမ်က္ရည္


ဒီနေ.မနက် ၅နာရီထဲက ထရပါတယ်။ လေတွေလည်းတအားတိုက်ပါတယ်။အဲလောက်မိုးရွာလိမ့််မယ်လို.လည်း ထင်မထားမိဘူးလေ။
အခန်းဖော်တစ်ယောက်ကိုနိုးပြီးတက်သုတ်ရိုက် လုပ်ကြရပါတယ်။ ဒီနေ. ကျေးဇူးတော်ရှင်ဖားအောက်တောရဆရာတော် ပြန်ကြွမယ့်နေ.ပါ။ အစ်မကြီးတွေရဲ့အကူအညီနဲ. သက်သက်လွတ်အာရုဏ်ဆွမ်းကပ်ဖို. ကျနော်စီစဉ်ထားတဲ့နေ.ပါ။ ကုသိုလ်ယူုဖို.သူငယ်ချင်းတွေကို ခေါ်ထားပင်မယ့် (အနည်းအကျဉ်းလောက်သာဖိတ်ခဲ့ပေမယ့်) ရှားရှားပါးပါးရုံးအားတဲ့ရက်မို. မလာနိုင်ပါဆိုတဲ့သူငယ်ချင်းတို.ကို မနက်စောစောထဖို.ကိုကိုယ်မတိုက်တွန်းရက်ခဲ့သလို မဖိတ်ဖြစ်တဲ့သူငယ်ချင်းတို.ကိုလဲ ဒီကနေပဲတောင်းပန်ပါတယ်ဗျာ။
ဒီအလှူကို စီစဉ်ပေးတဲ့အစ်မကြီးကပဲ ဆရာတော်ကြီး ဘုန်းပေးမယ့် ကြာဇံချက်ချက်ဖို.အကြံပြု လုပ်ဆောင်ပေးပါတယ်။ ကြာဇံချက်ကို ဘုန်းကြီးရဲ့ကျောင်း ကို သယ်ပေးဖို.သာ ကျနော်တာဝန်ယူပေးရပါတယ်။ (တကယ်ကို သယ်ပေးရုံလေးပါ) အိပ်ရေးပျက်ခံ ပင်ပန်းခံပြီး ကုသိုလ်ယူ ချက်ပြုတ်ပေးတဲ့ ကျနော့အစ်မကြီးများကို တစ်ကယ်ကို ကျေးဇူးတင်ဂုဏ်ပြုပါတယ်။ ကြာဇံချက်သယ်မယ့်နေရာရောက်တော့ မိုးက သည်းသည်းမည်းမည်းကိုရွာနေပါပြီ။ အိုးတွေတစ်ဖက် ထီးကတစ်ဖက်နဲ. Taxi ကို အပြေးအလွှားငှားရပါတော့တယ်။
နေရာရောက်တော့ ကြို တဲ့လူတွေကလည်း ကြာဇံချက်ကိုစောင့်နေတာဆိုတော့ သယ်လာရတဲ့လူတွေပီတီဖြစ်ရပါတယ်။ ဆရာတော်ကြွလာလို. အသီးသီးကပ်ဖွယ်ကပ်ရာတွေကို သူ.ထက်ငှာ ကပ်ကြရပါတယ်။ ကျနော် ပီတိဖြစ်ရတဲ့အချိန်ကတော့ ကျနော့ ဒါန ကြာဇံချက်ဆွမ်းကို ဆရာတော်ကပထမ ဦးဆုံးကုန်သည်အထိ ဘုန်းပေးတဲ့အချိန်ပါပ။ဲ ဖားအောက်ကို ဖြတ်သွားဘူးပင်မယ့် မရောက်ဘူးတာရယ် (ဂျုန်းဂျုန်းကျ ကျောင်းမှာတော့ တစ်ညအိပ်ခဲ့ဘူးပါတယ်) ဆရာတော် မြိန်ယှက်စွာဘုန်းပေးနေတာရယ်ကြည့်ကြည်ညိုရင်းမိဘနှစ်ပါးကို စိတ်ထဲက သတိရမိပါတယ်။ မိဘနှစ်ပါးနဲ.အတူ ကုံလုံကျောင်းမှာ အာရုဏ်ဆွမ်းကပ်ခဲ့တာကိုလည်းတွေးရင်း ပါးနှစ်ဖက်စိုလာတာကို သတိထားမိပါတယ်။ ကျနော်ငိုနေမိပါလား အလှူက ရတဲ့ပီတိရယ် မိဘနှစ်ပါးကို အနားမှာရှိချင်စိတ်ရယ် လှိုက်တက်လာတဲ့ကျနော့ခံစားမှုဟာမျက်ရည်အဖြစ်နဲ.အပြင်ကမိုးတွေနဲ.အပြိုင်ရွာနေမိပါတယ်။ ကံကောင်းတာက ကျနော်ရှေ.ဆုံးမှာထိုင်နေမိတာဆိုတော့ ကျနော့မျက်ရည်တွေကို ဘယ်သူမှ သတိထားမိမယ်မထင်ပါဘူး။ ဆရာတော်ဘုန်းပေးပြီးတော့လည်းဆရာတော်ရဲ့သပိတ်ကို ဆေးချင်လို.အပြေးအလွှားလိုက်ရပါတယ်။ ရေနွေးနဲ.ဆေးပေးတဲ့အခွင့်အရေးကုသိုလ်ကို ကျနော်ရလိုက်ပါတယ်။ ကျနော့ရဲ့ ရှိရှိသမျှသောမိတ်ဆွေအပေါင်းအသင်း တွေကို ကျနော်ဒီနေ. ရသမျှ ကုသိုလ်တွေ မျှဝေပေးလိုက်ပါတယ်။ အားလုံးကျနော်နဲ.အတူ တပ်တူထပ်မျှ အပြည့်အဝရကြပါစေဗျာ…………….

4 comments:

ရွှေပြည်သူ (ShwePyiThu) said...

အလှူမဖိတ်တာ စိတ်ဆိုးမလို့လုပ်တုန်း အဆုံးအထိ ဆက်ဖတ်မိပြီး မျက်ရည်လည်သွားတယ်... ကိုရွာသားလေးတို့ စာရေးကောင်းပုံကတော့...း) ကောင်းမှုကုသိုလ် အစုစုအတွက် သာဓု သာဓု သာဓုပါ...

Mogok Thar said...

အခုလို ကုသိုလ် မျှဝေပေးတာ ကျေးဇူးပါခင်ဗျာ။
ခုမှ ဖတ်၇ပေမဲပ “သာဓု၊ သာဓု၊ သာဓု” ပါဗျာ။
ကုသိုဘ်အလှုဆိုတာမျိုးက ဘယ်တော့မှ မသိုးပဲကိုးဗျ ဏော။

Unknown said...

ကုသိုလ်လေးအတွက် သာဓုခေါ်ပါတယ်
ဖတ်ရင်းနဲ့  ၀မ်းသာ ပီတိ မျက်ရည်လည်မိပါတယ်ရှင်

Unknown said...

ပြောဖို့ မေ့သွားတယ် နောက်တခါအလှူလုပ်ဖြစ်ရင် ဖိတ်ပါနော့ ကူလည်းလုပ်ပေးမယ် ကုသိုလ်လည်းယူပါ့မယ်