27 June 2008

လင်းယုန်ပုံပြင်




ဒီစာလေးကို ထုံးစံအတိုင်း forward email ကနေ ဒီနေ.ရလိုက်ပါတယ်။ ဖတ်ကြည့်ရင်းနဲ. အားလုံးနဲ. ကိုက်ညီမယ်ထင်လို. တင်ပေးလိုက်တာပါ။ စာရေးသူက ပန်းအိမိုးပါတဲ့။ ဘယ်မှာပါမှန်းလည်းမသိသလို စာရေးသူဆီက ခွင့်တောင်းဖို.လည်း ဆက်သွယ်စရာ လည်းမသိပြန်ဆိုတော့ ကျနော့ရဲ့ကူးယူဖြန်.ဝေမှုကို စာရေးသူသိရင်ခွင့်လွှတ်တန်ကောင်းပါတယ်။ သိပ်ကောင်းတဲ့စာလေးဆိုတာ အားလုံးသိစေချင်လို.ပါဗျာ။

ဒီနေ. သူငယ်ချင်းတစ်ယောက်ရဲ့ ရုံးခန်းမှာ video clip လေးတစ်ခု ကြည့်ခဲ့ရတယ်။
The Story Of Eagle “လင်းယုန်ပုံပြင်” တဲ့။
လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈နှစ်ဝန်းကျင်အသက်ရှင်နေထိုင်နိုင်ပါတယ်။ လင်းယုန်ဆိုတာ ကောင်းကင်မှာ သတ္တိရှိရှိ၊ အင်အားပြင်းပြင်းပျံနိုင်တဲ့ ငှက်မျိုး။
လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၄၀ လောက်ရလာတဲ့အခါမှာ အဲဒီလင်းယုန်ဟာ ကောင်းကောင်းမပျံနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူ.ရဲ့ နှုတ်သီးဟာ ကွေးလာပြီး ရင်ဘတ်ထိအောင် စိုက်ကျလာတယ်။ အတောင်ပံတွေဟာ မခတ်နိုင်တော့လောက်အောင် လေးလာတယ်။ လက်သည်းတွေဟာ ရှည်လျားလာပြီး အစာရှာဖို.ခက်လာမယ်။ အဲဒါဟာ လင်းယုန်တိုင်းပါပဲ။
အဲဒီမှာ ရွေးချယ်စရာ လမ်းနှစ်ခု ရှိတယ်။
တစ်ခုက ကောင်းကောင်းမပျံတော့ဘဲ သေပွဲဝင်ရမယ့် နေ.ကိုထိုင်စောင့်ဖို.။
နောက်တစ်ခုကတော့ ကျန်တဲ့သက်တမ်း ၃၈နှစ်ကို ကောင်းစွာပျံသန်းရင်း အသက်ဆက်ရှင်သန်ဖို.။ အဲဆက်ပြီးရှင်သန်ဖို.ဆိုရင်တော့ ဖြစ်စဉ်တစ်ခုကို အဖြစ်မနေဖြတ်သန်းရမယ်။ အဲဒီဖြစ်စဉ်နာမည်က Pain and Difficulites “နာကျင်မှု နဲ့ အခက်အခဲ” ။
ပထမဆုံး ကျောက်တောင်ထိပ်ကြီးတွေပေါ်ကို ပျံသန်းသွားရမယ်။ အဲဒီ ကျောက်တောင်ထိပ်ပေါ်ရောက်ရင် နှုတ်သီးကို ကျောက်သားနဲ.ဖဲ့ချိုးပစ်ရမယ်။ တစ်ခါနှုတ်သီး နဲ. လက်သည်းတွေကို ဆွဲခွာပြီးနှုတ်ပစ်ရမယ်။
ဘယ်လောက်များနာကျင်လိုက်လေမလဲ။ ဘယ်လောက်များ ခက်ခဲလိုက်လေမလဲ။ ကိုယ်တိုင်လုပ်ရတာ။ အသက်ရှင်ချင်သူကိုယ်တိုင်လုပ်မှရတာမျိုးပါ။
ပြီးရင်တော့ ရက်အနည်းငယ်ကြာကြာ တောင်ထိပ်မှာနေပြီး လက်သည်းတွေ နှုတ်သီးတွေ ပြန်အသစ်ထွက်ပြီး အသားကျလာတဲ့ အထိစောင့်ရတယ်။ ပြီးရင်တော့ အဲဒီလင်းယုန်ဟာ ကျန်တဲ့သက်တမ်း ၃၈ နှစ်ကို ရှင်သန်ခွင့်ရသွားပြီ။
ဒုတိယလမ်းကို ရွေးချယ်ကြတဲ့လင်းယုန်တွေအများကြီးရှိပါတယ်။ ကျွန်မတို.ကလူသားတွေပါ။ ငှက်တွေတောင် အကျိုးစီးပွား တစ်ခုအတွက်နာကျင်မှုနဲ့ အခက်အခဲဆိုတဲ့ဖြစ်စဉ်တစ်ခုကို ကျော်နိုင်သေးရင် ကျွန်မတို.လို လူသားတွေက ရည်မှန်းချက်ပန်းတိုင်တွေ အရောက်သွားဖို. ဆက်လက်ရှင်သန်နေဖို. “နာကျင်မှု နဲ့ အခက်အခဲ” ဆိုတဲ့ဖြစ်စဉ်ကို မဖြစ်မနေ ရင်ဆိုင်ရဲရမှာပေါ့။
ကျွန်မတို. လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားဖို. တစ်ခါတစ်ရံ ကျွန်မတို.တစ်တွေ အရမ်းနာကျင် ကြရမယ်။ အခက်အခဲတွေ မရေမတွက်နိုင်အောင်ကျော်ဖြတ်ကြရမယ်။ ကျွန်မတို. ကျော်ဖြတ်ကြမယ်လေ။ အဲဒီ “နာကျင်မှု နဲ့ အခက်အခဲ” ဆိုတဲ့ဖြစ်စဉ်ကို ကျွန်မတို. အတူတူဖြတ်ကျော်ကြရအောင်ပါလေ။
ဘာလို့လဲဆိုတော့ ကျွန်မတို့အားလုံးကျန်တဲ့သက်တမ်းတွေကို အဓိပ္ပာယ်ရှိရှိ ရှင်သန်ရဦးမှာမို့ပေါ့။ ကျွန်မတို့တွေဟာ လက်မြှောက်အရှုံးပေးကြမယ့်သူတွေ မဟုတ်လို့ပေါ့။


ပြီးခဲ့တဲ့အပတ်က စိတ်ဓာတ်အကြီးအကျယ်ကျနေတဲ့ ကျနော် ဒီစာကိုဖတ်ပြီးခွန်အားတွေရရှိခဲ့ပါတယ်။ ကျနော့မိတ်ဆွေတွေ အားလုံးပဲ ကျနော့လို ခွန်အား ရရှိပါစေဗျာ။ ကျနော်စိတ်ဓာတ်ကျရင် အမြဲဖတ်တဲ့ စာအုပ်သုံး အုပ်ရှိပါတယ်။ တစ်အုပ်က ဘာသာပြန် ပါပီလွန်နဲ့ဗင်ကို ဖြစ်ပြီး တစ်အုပ်က ဘာသာရေး တစ်ယောက်တည်းပျော်အောင်နေ နဲ. နောက်တစ်အုပ်က မြကြာဖြူ တို့ပါပဲ။


9 comments:

ဇနိ said...

ဝေမျှတာကျေးဇူးပါ
ကျနော့်ဘလော့ဂ် ရှယ်ယာအိုက်တမ်မှာလည်း ပြန်ဝေမျှထားပါတယ်...

ဘလူးဖီးနစ် said...

ကောင်းတယ်ဗျာ။ အားရှိသွားဘီ...ကျေးဂျူးနော်

Pan Chit Thu said...

Very nice story that gave me encourage while I was reading. Thank for sharing.

ကိုရုပ်ဆိုး said...

သူငယ်ချင်းရေ ...
အခုလို ဝေမျှပေးတာ ကျေးဇူးကွာ ...။ ငါလည်း လင့်ခ်ထားလိုက်မယ်။

ရွှေပြည်သူ (ShwePyiThu) said...

အံ့သြစရာ ထူးခြားတဲ့ဖြစ်စဉ် တစ်ခုပါပဲ။ အခုမှ ပထမဆုံး ကြားဖူးတာပါ။ ဖတ်ပြီးတော့ အင်အားတွေ အများကြီး ရလိုက်ပါတယ်။ မျှဝေပေးတဲ့ ကိုရွာသားလေးကိုရော မူရင်းရေးသားသူ ပန်းအိမိုးကိုပါ အထူးကျေးဇူးတင်ပါတယ်...

Anonymous said...

အခုမှကြားဖူးတာ ကျေးဇူးပါ အစ်ကိုရေ့ ကိုယ်တိုင်အားတက်တယ်ဆိုတော့ ဖတ်ရတဲ့သူလည်း အားတွေ ရှိသွားတယ်း)

THIT SUN said...

ကောင်းလိုက်တဲ့ အကြောင်းအရာလေး....ကိုရွာသားရေ..ကျေးဇူး..

Mogok Thar said...

ဒီစာလေးကို ဖတ်ဖူးတယ် ညီ။
ပြန်ဖတ်ရတော့လဲ အားမာန်တွေ ပြန်ရတယ်။

Unknown said...

ခွန်အားဖြစ်စေတဲ့ စာကောင်းလေးတခုပဲ
အဲလိုသတ္တိတွေရှိဖို့  မွေးရဦးမယ်
ကျေးဇူးပါ မျှဝေပေးလို့ 