28 May 2008

မိုးတွေရွာစွေ

အခုတလော မိုးတွေရွာပါသည်။ သည်းသည်းမည်းမည်းရွာတတ်ပါသည်။ မိုးတွေရွာရင် ဘာလို.မှန်းမသိ လွမ်းစရာမရှိသော်လည်း ထိုမရှိသည့်အရာကိုလွမ်းနေတတ်ပြန်ရော။ လူတိုင်းလွမ်းတတ်ကြသည်ဆိုပဲ။ သိပံ္ပဆရာများဘာကြောင့် အဲဒါကိုအဖြေရှာမကြည့်မိတာပါလိမ့်။ ရှုပ်ပါတယ်လေ ကိုယ့်ဘာသာလွမ်းစရာရှိတာဆက်လွမ်းမယ်။
အခုလိုမိုးတွေမရွာခင် တဖြေးဖြေးမွှေးလာတတ်တဲ့ မြေသင်းရနံ.ကြောင့် ကမ္ဘာဦးအစက မြေကြီးကိုစားကြတယ်ဆိုတာ အဲလိုအချိန်မျိုးဆိုလက်ခံမိမှာပဲ။ ကိုယ်လဲစားကြည့်မလားလို. မကောင်းတတ်လို.။ တကယ်ကိုမွှေးတာဗျ။ ပြီးရင်လေးအေးအေးလေး အရှိန်မြင့်လာသလို ရေစက်လေးတွေ ပါလာတယ်လေ။ ကျနော်အကြိုက်ဆုံးက အဲဒီရေစက်ကလေးတွေ မျက်နှာကိုလာစဉ်တဲ့အရသာ။ ဘာနဲ.မှမလဲနိုင်ဘူး။ မိုးတွေရွာတိုင်း ပြတင်းပေါက်ကိုပြေးရတယ် အဲလို မျိုးခံစားကြည့်ချင်လို.လေ။
မိုးတွေအရမ်းရွာရင်ကော ပက်လက်ကုလားထိုင်တစ်လုံးကိုဆွဲ အိမ်တံစက်မြိတ်အောက်က ရေတွေစီးကျနေတာကို ငေးရင်းဆွေးရပြန်ရော။ ကော်ဖီတစ်ခွက်ရယ် စာအုပ်ထူထူတစ်အုပ်ရယ် စောင်နွေးနွေးလေးကို ခြေထောက်မှာခြုံ ကက်ဆက်ကနေ ကိုကြီးခင်ဝမ်းရဲ့ မိုးတွေရွာစွေဖြစ်ဖြစ် လွှမ်းမိုးရဲ့မိုးစက်တင်လေဖြစ်ဖြစ်ဖွင့် (မိုးဒေ၀ါတို. တိမ်တမာန်တို. လဲကြိုက်ပါတယ်ဗျ) ကွေးလိုက်ရရင်ဇိမ်ပဲဗျာ။
တူ…….တူဆိုပြီးဖုန်းမည်သံနဲ. အတူ အတွေးယာဉ်ကြောကခဏရပ်မှ သတိရမိတယ် ကိုယ်အလုပ်တွေလုပ်ရအုန်းမှာပါလေ။ အပြင်မှာမိုးတွေရွာနေပေမယ့် မိုးတွေရွာနေတာကိုတောင်မသိနိုင်လောက်တဲ့ (အသံလည်းမကြားနိုင်တဲ့) အခန်းထဲမှာကိုယ့်ရဲ့နေ.စဉ် လက်တွေ.ဘ၀မို. မိုးတွေရွာတုန်းကလေဆိုပြီးလွမ်းနေယုံကလွဲပြီး............

3 comments:

Anonymous said...

အတွေးထဲမှာတောင် အပျင်းကထူလိုက်သေးတယ် မိုးရွာရင် စောင် ခေါင်းကနေခြုံပြီး အိပ်ချင်တယ် ဘေးနာမှာ ချစ်သူလေးတစ်ယောက်လောက်ရှိ ပိုမိုက်မယ် ဟားဟားး ။

Anonymous said...

ကော်ဖီတစ်ခွက်ရယ် စာအုပ်ထူထူတစ်အုပ်ရယ် စောင်နွေးနွေးလေးကို ခြေထောက်မှာခြုံ ကက်ဆက်ကနေ ....... ကျွန်တော်လည်း မိုးရွာလာရင် အဲလိုမျိုးလေး နေရတာ ကြိုက်တယ် ....
ကိုကြီး ခင်ဝမ်းတော့ သိပ်နားမထောင်ဖြစ်ဘူး ...
အဲ့ကြောင့် လွှမ်းမိုးသီချင်းကို ရွေးချင်တယ် ...
ခုတော့ အပြင်မှာ မိုးမရွာဘူး ...
နေတွေတောင် ပူနေတယ် ..
မိုးရွာရင် ကောင်းမယ် ...
ဒီလိုပါပဲ ... စိတ်ကူးနဲ့ လက်တွေ့ ထပ်တူမကျနိုင်ခဲ့တာ ကြာပါပြီ ...
နေဒေးသစ်။

Unknown said...

မိုးတွေရွာရင် ဟုတ်တယ် ဘာကိုလွမ်းမှန်းတော့မသိဘူး လွမ်းမိတယ် အိပ်ယာပေါ်မှာ စောင်လေးခြုံပြီး သီချင်းလေးနားထောင်ရတာလည်း သဘောကျတယ် စာအုပ်လေးဖတ်နေရတာလည်း သဘောကျတယ် (လက်တွေ့ ကတော့ စိတ်ကူးယဉ်နဲ့ တခြားစီဆိုတာ သိလိုက်ရတယ်)