11 June 2008

အတောင်ပံတွေအကြောင်း

ငါအပျံသင်ခါစကပေါ့
လေဟုန်စီးပြီး
စိတ်ကြီးဝင်ခဲ့ရတယ်
အားလုံးထက်အမြင့်
မိုးကောင်ကင်ရဲ့အောက်မှာ
ငါ့ရဲ့မာနခြေရာတွေအပြည့်
ထီမထင်နဲ.စိတ်နဲ.
လေဆန်ကိုပျံခဲ့ဘူးတယ်
မရောက်နိုင်လို.
နောက်ပြန်လှည့်ရတယ်ဆိုတာ
ငါ့ရာဇ၀င်မှာမရှိစေရဘူး
အားလုံးနဲ.ယှဉ်ပြိုင်
အနိုင်ယူဖို.လည်း
နောက်မတွန်.ဘူး
ဒါပေမယ့်
အပြင်းအထန်ပျံသန်းခဲ့ရတဲ့
အတောင်နှစ်ဖက်ညောင်းနေမှာကိုလဲ
ငါဂရုမစိုက်ခဲ့မိဘူး........

4 comments:

Anonymous said...

အပြင်းအထန် မပျံလိုက်ပါနဲ့  အတောင်ပန်းတွေ နာကျင်လာလိမ့်မယ် ဖြေဖြေနဲ့  မှန်မှန်ပဲ ပျံပါး)

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာလေးက ကောင်းလိုက်တာ။ ကိုယ့်ကိုကိုယ် ပြန်ကြည့်တော့ အတောင်တွေတောင် တော်တော် ညောင်းနေပြီ ... ဒါပေမယ့် ပျံရဦးမယ့်ခရီးကတော့ အရှည်ကြီး ကျန်သေးတယ်...

Mogok Thar said...

ပို မြင့်ရာ ပျံသန်းရင်း၊
အတောင်တွေ ညောင်းတဲ့အခါ ခိုနားရာ ရိပ်မြုံလေးက အသင့် စောင့်ကြိုနေမှာပါဗျာ။
မဝေးတဲ့ တနေ့မှာ.......

Unknown said...

ကဗျာလေးထဲက အတောင်ပံတစ်စုံလိုမျိုး ခုထိရှိနေဆဲပဲ
(စကားမစပ် ကဗျာရေးနည်းကိုနားမလည်ပေမယ့် ဒါပေမယ့် ဆိုတဲ့စကားလုံးကို သဘောမပေါက်မိဘူး) ဒါ့အပြင် ဆိုရင် ပိုများ အဓိပ္ပါယ်ရှိသွားမလားလို့ 