15 June 2008

က်ေနာ္ ရထား ဘုရားပြဲ


ပထမဆုံးအဖေလိုက်ပို.တဲ့ ဘုရားပွဲပါ။ မကွေးမြသလွန်ဘုရားပွဲပေါ. သူ.အရပ်မှာတော့ စည်ကားတာပေါ့ဗျာ။ ဝန်ထမ်းမိသားစုဘဝမှာ ခရီးတစ်ခုထွက်ဖို.ဆိုတာ ခက်ခဲလွန်းလို. ပိုက်ဆံကိုတွက်မနက်ဖြန်အတွက်ချန် သားသမီး ပညာရေးကလည်းရှိပြန်ဆိုတော့ ဘယ်လောက်အနေကျပ်လိုက်မလဲဗျာ။ အဲဒီကြားကမှ လိုက်ပို.တဲ့ပွဲပါ။တစ်ပွဲဆိုတစ်ပွဲ မှတ်လောက်သားလောက်ပါပေတယ်။
လူတွေကလည်းများ စျေးဆိုင်တန်းတွေကလည်း မြစ်ကမ်းပါးတစ်လျှောက်ဘုရားမရောက်ခင်အထိ တစ်မျှော်တစ်ခေါ် တောသားလေးတစ်ယောက်တော့ အဖေနဲ.အမေလက်ကိုကျစ်ကျစ်ပါအောင်ဆွဲ (လူကလည်းကြောက်၊ ကွဲသွားမှာလည်းစိုး) ဘေးဘီကိုလည်းမလပ်ရအောင်ငေးပြီးလိုက်လာတာပေါ့။
တစ်နေရာ ဆိုင်တမ်းလေးမှာ ပါ သံလမ်းအမဲရောင်လေးမှာ ရထားလေးတစ်စင်းသွားနေတဲ့မြင်ကွင်းက ကျနော့ခြေလှမ်းတွေကို ရုပ်သိမ်းလိုက်ပါတယ်။ တကယ်တော့ အဲဒီအချိန်ထိ ရထားဆိုတာဘာမှန်းမသိ စီးဖူးဖို.ဆို ဝေလာဝေး။ ခေါင်းတွဲလေးနောက်မှာ တန်းစီပြီးတော့ လိုက်နေကြတယ်ဗျ။ မြောင်းဖော်ထားတဲ့ လမ်းလေး ဘဲဥပုံလမ်းလေးပါ ကနေ ပြုတ်မကျအောင်မောင်းနေလိုက်တာ စိတ်ဝင်စားစရာကောင်းပါဘိတော့။ ခေါင်းတွဲလေးရဲ့ခြေထောက်နားမှာလည်း သံချောင်းလေးနှစ်ချောင်းကရှေ.တိုးနောက်ငင်လုပ်နေတာ ကြည့်လို.မဝနိုင်စရာ။ စားပွဲကိုကိုင်ပြီးငေးနေလိုက်တာ ခေါ်လို.ကိုမရတော့ဘူး။ ဝယ်မပေးရင်မရဘူးဆိုပြီးခုံကိုင်ပြီးငိုတာဗျ။ စျေးသည်အကွက်ပဲ အဖေအမေမျက်ဖြူဆိုက်တော့ စျေးသည်စိတ်ကြိုက်ပဲပေါ့။ ခေါ်တဲ့စျေးပေးရင်ပေး မပေးရင်မရောင်းဘူးတဲ့။ ဆိုးလိုက်တဲ့ကလေးကလည်း ဒါဆိုမှဒါ ခုဆိုမှခု (ခုချိန်ထိအဲဒီအတိုင်း)။ နောက်ဆုံးရှက်ရှာတယ်ထင်ပါတယ် မိဘနှစ်ပါးမှာ နောင်ခါလာနောင်ခါစျေး ရှေ.ရေးနောက်ရေးမေ့ ထားပြီး ဖြစ်နေတဲ့ ပြသနာမြန်မြန်ပြီးအောင်ဝယ်ပေးလိုက်ရတာပေါ့ဗျာ။
အခုချိန်ထိ ပျက်စီးနေလောက်ပြီဖြစ်ပေမယ့် သိမ်းထားဆဲရထားလေးက အဖေနဲ.အမေရဲ့လိုအပ်ချက်တွေကို သားတစ်ယောက်အနေနဲ. ပြန်လည်ပေးဆပ်နိုင်ပြီလားလို.မေးလာခဲ့ရင် ရထားလေးရေ ခုံကိုင်ပြီးပြန်ငိုပြ မှာနော် မမေးနဲ.

3 comments:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုရွာသားရေ ကျနော်ငယ်ငယ်ကတော့ မှတ်မှတ်ရရ ဗိုလ်ဦးထုပ်လေးဗျ။ ကျနော်တို့ဆီက ဘုရားပွဲမှာပဲ ။
ဦးထုပ်လေးမှာ မြန်မာပြည် မြေပုံလေး မပီမသပါတယ်။
ခုအထိ အိမ်က ဘီရို အပေါ်မှာ ရှိနေဆဲပဲ ။ ဖုန်တော့ အလိမ်းလိမ်းပေါ့ဗျာ ။

Mogok Thar said...

အသိမ်းအဆည်း ကောင်းပါ့။
အင်းး... အကိုများသာ အဲလို ပေတလူး လုပ်လို့ကတော့ အဲ့ဒီ မီးရထားအစား ကိုယ်ပဲ အဘားအဘားဆို ကားယား လေဆာက်ရမှာ။ ၀ယ်မပေးတဲ့ အပြင် အမေက နားပန်းမွှေး အပြုတ် ဆွဲပြီး ခေါ်သွားမှာ အသေအချာ။
သိပ်ပြီး စိတ်ဆိုသွားရင် အိမ်မှာ သုံးချောင်းပူး ချည်ထားတဲ့ ကြိမ်စာလဲ အမုန်း ကျွေးအုံးမှာရယ်။

Unknown said...

ဖတ်ပြီး ပြုံးမိတယ် နောက်ဆုံးစာကြောင်းလေး ၂ကြောင်းကို သဘောကျမိတယ် စုန်ရေ ဆိုတာလေးကိုလည်း သတိယလိုက်တယ်
(စကားမစပ် တို့ ငယ်ငယ်တုန်းကလည်း အဲ့လိုရထားလေး ဖေဖေ ၀ယ်ပေးခဲ့ဖူးတယ်)