ကြင်သူမြင်လှည့်
ကျန်ခဲ့ရင်ခွင်
လွမ်းထင်လို.
ကမ်းမမြင်....
ကြင်သူမြင်လှည့်
ကျန်ခဲ့မြေပြင်
ခြောက်ခမ်းလို.
နွမ်းကြေချင်.....
ကြင်သူမြင်လှည့်
ကျန်ခဲ့ရေပြင်
ငိုခဲ့လို.
ကန်ပြည့်တယ်ပင်...
ကြင်သူမြင်လှည့်
ကျန်ခဲ့လေအလျဉ်
ပူနွေးလို.
ငြိမ်သက်တယ်ထင်....
ကြင်သူမြင်လှည့်
ကျန်ခဲ့ကောင်းကင်
အုံ.မှိုင်းလို.
ပြိုမယ့်ဟန်ပြင်.......
ကြင်သူပျော်လို.
မခေါ်ခဲ့လည်း
ကြင်သူချန်ခဲ့
လွမ်းမြေထက်မှာ
လွမ်းပင်ပျိုးလို.
လွမ်းနေမှာအစဉ်........
ရာသီမိုး (၂၀၁၆)
-
ဇာတ်လမ်းအကျဉ်း - မြန်မာ့လူ့အဖွဲ့အစည်းအတွင်းဝယ် မိန်းကလေးငယ်တစ်ဦးသည်
မိဘများ၏ ဖိနှိပ်မှုတို့ဖြင့် အရွယ်ရောက်ခဲ့ရသည်။
မူရင်းဝတ္ထု - ကြည်အေး
ထုတ်လုပ်သူ - မေ...
1 week ago
3 comments:
ကြင်သူမမြင်ရက်တဲ့ ဘ၀ သနားစရာပါလားနော် အစ်ကိုရေ့ ရွာချလိုက်ဗဗျ နည်းနည်းတော့ သက်သာမယ် ။
ခုတော့
အလွမ်းတွေကို စမ်းရေထဲမှာ မျောလိုက်ပါပြီ...။
စိတ်ခံစားမှုကို ဦးစားပေးတဲ့ ကဗျာလေးပဲ
နှစ်သက်မိပါတယ်
လက်တွေ့ မှာတော့ အကြာကြီး လွမ်းမနေလောက်ပါဘူးနော့
Post a Comment