10 June 2008

သက်တန်.

အားလုံးစိုပြေသာယာတဲ့အချိန်မှာ
မင်းကိုမြင်လိုက်ရတယ်
မင်းသိပ်လှတယ်
အရောင်အသွေးနဲ.
မြင်သူတိုင်းငေးသွားရတယ်
တောင်တွေကိုလည်းမင်းကျော်နိုင်တယ်
ဝေးကွာတဲ့မြေပြင်နှစ်ခုကိုလည်းမင်းထိစပ်ပေးနိုင်တယ်
အမြင့်မှာရှိနေသလို အနိမ့်မှာလဲ မင်းရှိပြန်တယ်
ဒါပေမယ့်လည်း
အချိန်တန်ရင်တော့ မင်းပျောက်ကွယ်ရအုန်းမယ်.........

2 comments:

Mogok Thar said...

သက်တန့်ရောင်စဉ်
ဖြာစေချင် တစ်သက်လုံး

Unknown said...

သဘာဝအလှကိုလည်း ပိုပြီးမြင်သာအောင်ရေးဖွဲ့ တတ်တဲ့ ကဗျာဆရာရေ မမြဲခြင်းဆိုတဲ့စကားလေးကို သတိယမိတယ်