ကြင်သူမြင်လှည့်
ကျန်ခဲ့ရင်ခွင်
လွမ်းထင်လို.
ကမ်းမမြင်....
ကြင်သူမြင်လှည့်
ကျန်ခဲ့မြေပြင်
ခြောက်ခမ်းလို.
နွမ်းကြေချင်.....
ကြင်သူမြင်လှည့်
ကျန်ခဲ့ရေပြင်
ငိုခဲ့လို.
ကန်ပြည့်တယ်ပင်...
ကြင်သူမြင်လှည့်
ကျန်ခဲ့လေအလျဉ်
ပူနွေးလို.
ငြိမ်သက်တယ်ထင်....
ကြင်သူမြင်လှည့်
ကျန်ခဲ့ကောင်းကင်
အုံ.မှိုင်းလို.
ပြိုမယ့်ဟန်ပြင်.......
ကြင်သူပျော်လို.
မခေါ်ခဲ့လည်း
ကြင်သူချန်ခဲ့
လွမ်းမြေထက်မှာ
လွမ်းပင်ပျိုးလို.
လွမ်းနေမှာအစဉ်........
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 months ago
3 comments:
ကြင်သူမမြင်ရက်တဲ့ ဘ၀ သနားစရာပါလားနော် အစ်ကိုရေ့ ရွာချလိုက်ဗဗျ နည်းနည်းတော့ သက်သာမယ် ။
ခုတော့
အလွမ်းတွေကို စမ်းရေထဲမှာ မျောလိုက်ပါပြီ...။
စိတ်ခံစားမှုကို ဦးစားပေးတဲ့ ကဗျာလေးပဲ
နှစ်သက်မိပါတယ်
လက်တွေ့ မှာတော့ အကြာကြီး လွမ်းမနေလောက်ပါဘူးနော့
Post a Comment