တမ်းတမိသလား
ယောင်ယမ်းခေါ်မိခဲ့သလား
သိပ်လှတယ်တဲ့လား
ချစ်စရာကောင်းတဲ့ စကားချိုတွေ စီးဆင်စေခဲ့သလား
နှုတ်ခမ်းတစ်စုံရယ်.......
ထိခိုက်နာကျင်စေခဲ့သလား
ထိုးနှက်တိုက်ခိုက်တတ်သတဲ့လား
ပေါ့ပေါ့ပါးပါးပြောတတ်တယ်တဲ့လား
ခါးသက်တဲ့စကားတွေပြောထွက်ရက်တယ်လား
နှုတ်ခမ်းတစ်စုံရယ်.........
ဒီမြေပေါ်မှာ
မင်းကိုပိုင်ဆိုင်တဲ့လူအဖြစ် ရပ်တည်ရတာ
ငါရှက်တယ်........
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 weeks ago
3 comments:
အယ်...ပြောတော့ ရှိဘူးဆို ချစ်ကိုရ အခုတော့ နှုတ်ခမ်းတစ်စုံဆိုပါလား လူပျိုကြီးမရိုးတော့ဘူးးး ;)
ခုရော အဲ့နှုတ်ခမ်းတစ်စုံ အတွက် ရှက်သေးလား ရွာစား။
သေချာတာကောတ့ နှုတ်ခမ်းတစ်စုံ အရောင်ပြောင်းခဲ့ပြီ။
သိပ်ကိုလှတဲ့ ကဗျာလေးတပုဒ်ပဲ အမှန်တရားကို လှပစွာ ရေးဖွဲ့ သီသော ကဗျာလေးလို့ ဆိုပါရစေ
Post a Comment