27 May 2009

နောင်လာမယ့် အနှစ်နှစ်ဆယ်

ဆက်လက်တည်ရှိကောင်းတည်ရှိနေမယ် ဆိုရင် အနှစ်နှစ်ဆယ်ရဲ့အလွန်ဆိုတာကို မျှော်ကြည့်ပေးဖို့ တောင်းဆိုလာပြန်တယ်။ ဘယ်အရာမှမမြဲတဲ့ ဒီလောကမှာ အနာဂါတ်ကို တွက်ဆရတာလောက် ခက်ခဲတာရှိမယ်မထင်ဘူး။ ခုတ်ရာတခြား ရှရာတလွဲဖြစ်တတ်လွန်းလို့ ကြိုတင်ရင်ခုန်မှုဆိုတာကို တတ်နိုင်သလောက် မျက်စိမှိတ်ထားတာ ကြာပြီလေ။ အနာဂါတ်အိပ်မက်အဖြစ်ငယ်တုန်းက မက်ခဲ့ဖူးတဲ့ အိပ်မက်လေးကိုပဲ ဖော်ပြခွင့်ပြုပါ။ ပြီးခဲ့တဲ့ တလလောက်က အဲ့ဒီအိပ်မက်အကြောင်းကို ဆွေးနွေးဖြစ်သေးတာမို့ ပူနွေးနေအုံးမယ်ထင်ပါတယ်။

သေချာတာကတော့ ကျနော်ချစ်တဲ့အမိမြေမှာ တစ်လနီးပါးလောက်နေခဲ့ဖူးတဲ့ ချစ်စရာကောင်းတဲ့မြို့လေးတစ်မြို့မှာပေါ့ဗျာ…

ကန်တော်ကြီးတစ်လျှောက် အေးမြလတ်ဆတ်တဲ့ လေထုကို ရှူရိုက်ရင်း အဲ့ဒီမနက်ခင်းလမ်းလျှောက်ချိန်တိုင်းကို အေးအေးဆေးဆေးမင်္ဂလာရှိစွာ ကျော်ဖြတ်မယ်။ ခပ်သုတ်သုတ်လျှောက်ရင်း အိမ်မှာ အဆင်သင့်ဖြစ်နေလောက်ပြီ ဖြစ်တဲ့ တို့ဟူးကြော်နဲ့ ကော်ဖီအတွက် အခုကတည်းက ဆာလောင်ချင်နေပြီ။ လမ်းတစ်လျှောက်က အသိမိတ်ဆွေတွေကို ကျနော် တည်ရှိနေသေးကြောင်း သက်သေပြချင်လည်း ပြတတ်ပါလိမ့်မယ်။

မနက်စာစားပြီးရင်တော့ သတင်းစာလေးဖြစ်ဖြစ် စာအုပ်လေးဖြစ်ဖြစ် ကော်ဖီတစ်ခွက်နဲ့ ပက်လက်ကုလားထိုင်မှာ ထိုင်ရင်းစာဖတ်နေမိမယ်။ တစ်ယောက်တည်း ခေါင်းခါ ခေါင်းညိမ့် ဒါမှမဟုတ် အခါအားလျော်စွာ စာဖတ်ရင်း ရယ်မောစရာတွေကို တဟားဟား အော်ရယ်ရင်း နံနက်ခင်းတွေကို အသက်သွင်းကောင်း သွင်းမိမယ်။

နေရောင်ခြည်နွေးနွေးလေးကျလာပြီဆိုရင်တော့ အမြတ်တနိုးစိုက်ပျိုးထားတဲ့ ပန်းခင်းတွေထဲမှာ ကျနော် ရေလောင်းချင်လောင်းမယ်၊ ပေါင်းသင်ချင်ပေါင်းသင်ပါလိမ့်မယ်။ ဒီပန်းခင်းလေးအပြင် သီးပင်စားပင်လေးတွေကိုလည်း ပျိုးမယ် စိတ်ကူးတယ်။ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ စားရတာကိုနှစ်သက်တာရယ် တနိုင်စိုက်ပျိုးရေး အဖြစ် ၀င်ငွေလေးတစ်ခု ရှိစေချင်တာရယ်ပါ။

နေ့လည်စာကို ပုံမှန်လေးပဲ ကျော်ဖြတ်မယ်။ ပြီးရင်တော့ တရေးတမော အိပ်စက်အနားယူချင်လည်း ယူမိပါလိမ့်မယ်။ စာတွေဖတ်ဖို့ အချိန်ပိုရမယ်လို့လည်း ယူဆမိတယ်။ ဘလော့..ဆက်ရေးဖြစ်ဦးမယ်လား။ အဲဒီအိမ်လေးကို အပြည့်အစုံကျနော် ပြင်ဆင်နိုင်ရင်ပေါ့လေ။

တခါတရံမှာတော့ ကျနော် နှစ်သက်တဲ့ ဓါတ်ပုံရိုက်ခြင်းအလုပ်ကိုလည်း အပေါင်းအသင်းတွေနဲ့ လုပ်ဖြစ်ပါလိမ့်မယ်။ ရေတံခွန်တွေ သဘာဝအလှတွေနဲ့ မြေပြန့်ဖက် ဆင်းဖြစ်တာမျိုးလည်း ရှိကောင်းရှိမယ်။ ခရီးသွားရင်းနဲ့ ဓါတ်ပုံတွေ ရိုက်ဖြစ်ဖို့ကို ခြေလက်တွေ သယ်နိုင်တုန်းမှာ သေချာပေါက်လုပ်ဖြစ်မှာပါ။ ငွေရေးကြေးရေး အဆင်ပြေခဲ့တယ်ဆိုရင်တော့ ပြည်တွင်းမှာချည်းမဟုတ်ပဲ ပြည်ပအနုပညာတွေကိုပါ လေ့လာခွင့်ရချင်မိတယ်။

ညနေဖက်နေအေးအေးမှာတော့ ကျနော်နှစ်သက်တဲ့ အားကစားတစ်ခုခုလုပ်ဖြစ်ပါလိမ့်။ အဖော်တစ်ယောက်ရှိရင်တော့ Table Tennis ရိုက်ဖြစ်မလားပဲ။ ဒါမှမဟုတ် ကျနော်မလုပ်ဖြစ်သေးတဲ့ Golf ရိုက်ခြင်းကိုလည်း လုပ်ဖြစ်ကောင်းလုပ်ဖြစ်နိုင်သေးတယ်။ ပြီးရင်တော့ ကျနော်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်ချင်ထောင်မယ် ဆိုချင်လည်းဆိုမယ်။ ဖြစ်နိုင်သေးတာက ကျနော်ဂစ်တာတီးတတ်ခဲ့ရင်ပေါ့။ သီချင်းလေးတွေတီးရင်း ဆိုမိမယ်ထင်တယ်။

ညဖက်ဆိုရင်တော့ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားတွေရဲ့ တရားတော်တွေကိုနာရင်း ၀ိပဿနာကို အားထုတ်ဖို့ ကြိုးစားဖြစ်ပါမယ်။ ချမ်းသာမှုအစစ် အမှန်ကိုတွေ့အောင်ရှာဖို့က ကိုယ်တိုင် အားထုတ်ရမယ်မဟုတ်ပါလားဗျာ။

ဒါတွေက နောင်လာမယ့်အနှစ်နှစ်ဆယ်မှာ ကျနော်ဖြတ်ကျော်ဖို့မက်ထားတဲ့ နေ့ရက်အိပ်မက်တွေပါပဲ။ ဖြတ်ကျော်မယ့်နေ့ရက်တွေထဲမှာ ကျနော်နဲ့အတူဖြတ်ကျော်ဖို့ ကျနော့မိသားစုဆိုတာလိုအပ်ပါတယ်။ တွဲလက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း အိပ်မက်တွေ ရှင်သန်ခွင့်ရမရကိုတော့ ကျနော်သိခွင့်မရှိပါဘူး။ ကဲ…ကိုဖိုးသင်္ကြန်ရေ ကိုရွားသားအကြီးကြီး အနှစ်နှစ်ဆယ် အလွန်ကို ကျွံကြည့်မိသွားပြီဗျာ။

ကိုယ်ကိုတိုင်ရဲ့ အနာဂါတ်ကိုကျော်ကြည့်ပြီးချိန်မှာ ကျနော်ခင်တဲ့သူတွေရော ဘာလုပ်ကြမလဲကျနော်သိချင်မိလာတယ်။ TAG တွေကိုဆက် TAG ဖို့ကျနော် မရဲပါဘူး။ ဒါပေမယ့် ကျနော်သိချင်တာမို့ လက်ဆင့်ကမ်းလိုက်ပါတယ်။ သိခွင့်ပေးမယ်ဆိုရင် ရေးပေးကြပါခင်ဗျာ။

၁။ နာမည်ကျော် ဘလော်ဂါအမကြီး
၂။ မြသီလာအလွမ်းတွေကြားက ဆရာမ
၃။ ကျနော့ကို အိမ်လွမ်းအောင်အမြဲလုပ်တတ်တဲ့အမကြီး
၎။ အချက်အလက်လေးတွေနဲ့သေသပ်စွာရေးတတ်တဲ့ အမကြီး
၅။ စာတွေဖတ်တိုင်း ရွှင်လန်းစေတတ်တဲ့ စာရေးကောင်းတဲ့ အမကြီး
၆။ တစ်ကျော့ပြန် ညီငယ်နဲ့ ညီမငယ်
၇။ ဂွကျကျ ကောင်လေးတစ်ယောက်
၈။ လမ်းကြမ်းကြမ်းမှာ တစ်ယောက်တည်း မလျှောက်ရဲတဲ့ညီငယ်
၉။ ဆေးလိပ်မသောက်ရ ဆိုင်းဘုတ်ပိုင်ရှင်
၁၀။သူ့စာတွေဖတ်ပြီးရင် ကျနော်စာရေးချင်အောင် ငယ်ဘ၀တွေတိုက်ဆိုင်နေတတ်တဲ့ ကောင်မလေးတစ်ယောက်
၁၁။နာမည်ကျော် ရေဒီယိုအသံရှင်ပေါ့ဗျာ

22 comments:

JulyDream said...

ဒါနဲ့... အေးအတူပူအမျှ အတူတကွ ဆပ်ပြာချက်မယ်ဆို။ အဲဒါလေးလည်း လုပ်အုံးလေဗျာ။

Tag တာကတော့ လာမယ် ကြာမယ်...
ထုံးစံအတိုင်း ကန့်လန့်တိုက်တယ် မထင်နဲ့အုံး။ ရေးရမယ့် အကြွေးတွေ ပုံနေတယ်။

ဝေလေး said...

တစ်နေ့တည်း တဂ်နှစ်တဂ်နဲ့တိုးတယ်..... :))
ဘာတွေ ဖြစ်လာမလဲမသိပေမယ့် ဖြစ်ချင်တာတွေတော့ ရှိတယ်။ ရေးမယ်နော်....... ခဏစောင့်....
ပန်းပင်တွေ သီးပင်စားပင်တွေနဲ့ ဝေဆာနေမယ့်အိမ်လေးကို ခုတည်းက မြင်ယောင်သွားတယ်.. အေးချမ်းမှာပဲ....
စိတ်ကူးတွေများတစ်ကယ်ဖြစ်လာခဲ့ရင် ကောင်းမှာနော်...

yehtutnaung said...

ကိုရွာသားရေ.. နောင်လာမယ့် အနှစ်နှစ်ဆယ် အတွက်လား..။ အင်း တွေးဖူးသလိုလိုပဲ။
ကျွန်တော်တွေ့ သားပဲ ကိုရွာသား အိမ်ရှေ့ ထွက်၊ ရယ်စရာမဂ္ဂဇင်းဖတ်ပြီး တဟားဟား အော်ရီနေတာလေ။ :P ဘာပဲဖြစ်ဖြစ် ကိုရွာသားရဲ့  အနှစ်နှစ်ဆယ်မှာ နေထိုင်ပုံစံလေး ကောင်းပါတယ်ဗျာ..။

Maung Myo said...

ဆန့်သောလက်မကွေးမှီ
ကွေးသောလက်မကောက်မှီတဲ့
နောက်ထပ် အနှစ် ၂၀ ဆိုတာက သေချာလားမသေချာလားလဲမသိ ဦးလေးကြီးရယ် ဟားဟား အဲ့အချိန်ကျ အစ်ကိုက ခေါင်းတွေဖြူ သွားတွေကျိုး တုန်ချိတုန်ချိနဲ့ဖြစ်နေမယ်ထင်တယ် ။ တွဲလက်တစ်စုံနဲ့ အိပ်မက်တွေရှင်သန်နိုင်ပါစေဗျား)

WWKM said...

အယ် .. တက်ဂ်တာက ၁၀ယောက်ပဲကောင်းပါတယ်
ရွာသားလေးရေ... ၁၁ ဆိုမကောင်းဘူး။ နောက်ဆုံးက
လူ ဖြုတ်လိုက်..း)))
နောင်အနှစ် ၂၀ မှာ မြန်မမာပြည်မှာပဲရှိမလား ၊နိုင်ငံခြား
ပဲ တစ်ခေါက်ပြန်ရောက်နေမလား မသေခြာသေးဘူး...
သေခြာတဲ့ စိတ်ကူးလေးတစ်ခုကတော့ သေရင်မြန်မာ
ပြည်မှာပဲ သေချင်ပါတယ်။

Htoo Aung Lwin said...

အင်း တဂ်ကောင်းလေး တစ်ပုဒ်ပဲ
ကောင်းလေစွ ရေးမယ်ဗျ

ကိုရုပ်ဆိုး said...

နောင်အနှစ် ၂၀ ကြရင် ကလောမှာ အိမ်ဝယ်ပြီး၊ ရှုခင်းတွေပဲ ထိုင်ကြည့်နေတော့မယ် ...... :)

Rita said...

When I m 64 သီချင်း သတိရမိတယ်

ဖိုးသင်္ကြန် said...

ကျေနပ်ပါပြီ။ ဒါထက်အကိုရေ၊ အကိုရေးပုံအရ အနှစ်ဆယ်လောက်ကြာရင် သတင်းစာထဲကကာတွန်းတွေ ပြန်ရယ်စရာကောင်းလာမယ်ဆိုပါတော့။
ဒါမှမဟုတ်...

Htoo Aung Lwin said...

လူဆိုး ရေးပီးပီနော်

မေငြိမ်း said...

ရေးမယ်ဗျာ.. သေချာပေါက်..

Unknown said...

I also want this kind of life 20 years later. It is very peaceful life.But I dont know I still alive 20 years later.I cried after reading this post.

sait phay yar said...

အော် သိချင်တယ်ပေါ့ ချစ်မောင်လေးဆိုတာ........ နောက်မှ ပြောမယ်တိုးတိုးလေး

kay said...

နောင်လာမဲ့ အနှစ် ၂၀ ဆိုတာကြီးကတော့..စိတ်ကူးလှမ်းယဉ်ရတာ..ဝေးလွန်းပါတယ်ကွယ်..

ထုံးစံ အတိုင်း..နဲနဲလေး ကွန့်ပြီး.. ပြီးခဲ့တဲ့ အနှစ် ၂၀ ပဲ ရေးတော့မယ်..

နောက်ထပ် ရက် ၂၀ လောက် စောင့်လိုက်အုံးး)

ကြည်ဖြူပိုင် said...

အနှစ် ၂၀ ကို စိတ်ကူးယဉ်ခိုင်းတော့လဲ နဖူးပေါ်လက်တင် စိတ်ကူးလေးတွေယဉ်လိုက်ဦးမှာ

ကိုရွာသားစိတ်ကူးကတော့ ကောင်းပ။ အနော်မတီးတတ်တဲ့ ဂစ်တာတီးတာလေးပါတာ သဘောကျစရာ။

ရေးမယ်နော်....ပြီးရင်တော့ ရီရဘူးးးးးးးးးးးးးးးးးးးးးး

ဝေလေး said...

ရေးပြီးပြီအစ်ကို ဆီပုံးမရှိလို့ ဒီမှာပဲ ပြန်ရေးလိုက်တယ်.. မသိမှာစိုးလို့ပါ.... :P

မီယာ said...

စိတ်ကူးအတိုင်း ဖြစ်လာပါစေလို့။ တက်ဂ်ထားတဲ့ သူတွေ ရေးမှာကိုလည်း စိတ်ဝင်စားစွာနဲ့ စောင့်ဖတ်နေမယ်။

တန်ခူး said...

ရွာသားလေးရဲ့ နောင်လာမယ့် အနှစ်နှစ်ဆယ်က မျှော်လင့်ထားတဲ့ဘ၀လေးက ငြိမ်းချမ်းလိုက်တာ… မျှော်လင့်ထားတဲ့အတိုင်းဖြစ်ပါစေလို့ … တွဲလက်လှလှလေးရယ်… ပြီးတော့ လက်သေးသေးလေးတွေရယ်နဲ့  ကန်တော်ကြီးတ၀ိုက်မှာ မြုးတူးပျော်ရွှင်လို့ ပေါ့… နောင်လာမယ့်နှစ်တွေ အကြောင်း ဒီမနက်တင် ရုံးအသွားမှာ အမျိုးသားနဲ့ ပြောဖြစ်သေးတယ်… ရေးပေးမယ်နော်… မရေရာ မသေချာတဲ့ ကိုယ်လိုချင်တဲ့ အိပ်မက်တခုကိုပေါ့… အဲဒီလိုဆန်ဆန် တောင့်တတဲ့ဘ၀တခုကို ဘလော့ဂ်စရေးကာစက ရေးခဲ့ဖူးတယ်… စိတ်ကူးထဲက အိမ်ကလေးတဲ့… ခုထိတော့ မီးခြစ်ဆံဗူးထဲက အိမ်ကလေးထဲမှာ စက်ရုပ်ဆန်ဆန် နေ့ တွေကို ကျော်ဖြတ်နေတုန်းပေါ့…

ရွှေပြည်သူ (ShwePyiThu) said...

မြင်ယောင်မိပါသေးး))) (ဘာတွေမြင်ယောင်လဲ ဆိုတာတော့ “အသေသတ် မပြောဘူး!!!”း)))

JulyDream said...

ဟေ့လူကြီး...
ဒီလောက် အရွယ်လွန်နေတဲ့ ကျွန်တော်ကိုများ ကောင်လေးတဲ့။ မျက်စိ မှုန်နေပြီလားဗျ။ ကိုယ့်အသက် ကိုယ် ပြန်ကြည့်အုံးလေ။

သူ့ဘာသာ သွယ်ဝိုက် ငယ်ချင်တိုင်း ကျွန်တော့်ကို ကောင်လေးဆိုပြီး လေဘယ်လ်တပ်လိုက်တာလား။ အမှန်တရားကို လက်ခံလိုက်ပါဗျာ။

တကယ်တော့ နွားအိုကြီးတွေ ဖြစ်နေပါပြီလေ။ နွားပျိုသန်လှ နွားအိုပေါင်ကျိုး ဆိုသလိုမျိုး ဆိုပြီး ရုပ်နဲ့ ထိန်းထားလို့ ကောင်လေးအရွယ် ထင်နေတယ်ဆိုရင်လည်း မပြောတော့ပါဘူးလေ။

အဟက်...

kay said...

လ ၂၀ တော့ အချိန်ယူလိုက်တယ်..ရေးပြီးပါပြီ ။း))

Unknown said...

မောင်ရွာသားလေးရဲ့  နောင်လာမယ့် အနှစ် ၂၀ လေးက သိပ်လှတာပဲကိုး
အဲလိုမျိုးလေးကို လက်တွေ့ မှာလည်း ပိုင်ဆိုင် ပျော်၇ွှင် နိုင်ပါစေလို့ 
ဆုတောင်းပေးပါတယ်