17 March 2009

ဒီမနက်

တိမ်တွေကပြာ

မိုးတွေကရွာ

ရင်ဘတ်ထဲမှာ

ဟာတာတာ.....

15 comments:

sait phay yar said...

fill in the blanks....

Htoo Aung Lwin said...

ဗိုက်ထဲမှာက စာတာတာ

Anonymous said...

တိမ်တွေကမဲ
မိုးတွေကသဲ
ရင်ဘတ်ထဲမှာ
ဗလာ ဗလာ ဗလာ*****

တိမ်တွေကညို
မိုးတွေကစို
ရင်ဘတ်ထဲမှာ
ဟာတာတာ............

မိုးရွာရင်မိုးရေချိုးမယ် မေမေလာရင်နို့စို့မယ် ဖေဖေလာရင် ထန်းသီးခွဲစားမယ် ။ :P

yehtutnaung said...

တိမ်ပြာပြာက နေသာတာဟုတ်ဘူးလားဗျ.. ဒါမှမဟုတ် တိမ်ပြာတုန်း မိုးရွာတာ သူခိုးလာချင်လို့ ထင်တယ် ဟီ

ဂျူနို said...

တိမ်တွေက ပြာ
မိုတွေကရွာ
ဦးနှောက်က ဗလာ

တိမ်တွေကမဲ
မိုးတွေက သဲ
သေးတွေက ရွှဲ.....။

တန်ခူး said...

တိမ်တွေကပြာ
မိုးတွေကရွာ
ရင်ဘတ်ထဲမှာ
ဟာတာတာ
မတတ်သာလို့ 
ခပ်ခွာခွာလေးနေခဲ့ရတဲ့
ငါ့အိပ်ယာ
ရုံးပိတ်ရက်ဆို
နေကသာ
ရုံးဖွင့်ရက်ဆို
မိုးကရွာ
ဒီရာသီကို
မုန်းလိုက်တာ
(မထချင်ထချင်နဲ့  ထလိုက်ရသော ဒီမနက်)

ဂျူနို said...

စိတ်မဆိုးနဲ့ လေကွာ
တိမ်တွေက ပြာတာတာ
မိုတွေကရွာ
ပုလင်းတစ်လုံးလောက် လိုချင်တာ

မိုးတွေကသဲ
တိမ်တွေလည်းမဲ
ပုဆိုးကပြဲ
သေးကရွှဲ
ရွာသား မျောက်မူးလဲ။

Phyo Evergreen said...

17 Mar 09, 13:04
ရွာသားလေးဝိုင်တီယူ: မူရင်းက အဲလိုပါ
17 Mar 09, 13:04
ရွာသားလေးဝိုင်တီယူ: မိုးရေရွာရင် ဖားတွေရိုက်မယ် မေမေလာရင်ကျော်ခိုင်းမယ် ဖေဖေလာရင် အရက်နဲ့မြည်းကျမယ်
17 Mar 09, 13:03
ရွာသားလေးဝိုင်တီယူ: တိမ်တွေကညို မိုးတွေကစို ရင်ဘတ်ထဲမှာ ဘာလိုလို

Phyo Evergreen said...

အဲဒီအကြောင်း လင်းပါအုံးဗျ..။

WWKM said...

တိမ်တွေကဝေ
မိုးတွေကကြွေ
ရင်ဘတ်ထဲမှာ
ဝေလေလေ...း)

khin oo may said...

တိမ်တွေကပြာ
မိုးတွေကရွာ
ရင်ဘတ်ထဲမှာ ဟာတာတာ
ဟောဒီက ………ပလာတာ..။

(ကိုယ်စားချင်တာ ကိုယ်ပြောသွားသည်။)

ကိုရုပ်ဆိုး said...

မိုးကလည်းရွာ
စိတ်မပါ
စာသာသင်ရ
လွန်ပျင်းလှ

ငယ်ငယ်က ဆရာမက ကဗျာစပ်နည်းကို အဲဒီကဗျာလေးကစပြီး သင်ပေးခဲ့တာ။

ရွှေပြည်သူ (ShwePyiThu) said...

ဗိုက်ထဲကလည်း
ဆာတာတာ
မျက်စိတွေကလည်း
ပျာတာတာဖြစ်လာပြီမို့
ဘာလာလာ
စားလို့သာပစ်ချင်တော့သည်။

ညနေစာအတွက် ဘာမှ မချက်ရသေးလို့ပါး)) ရင်ဘတ်ထဲမှာ ဟာတာတာ ဖြစ်မှာပေါ့ Weekday မနက်ကြီးကို...း))))

ဝေလေး said...

ကွန်မန့်တွေဖတ်ပြီး ရီသွားရတယ်....
လောလောဆယ်တော့ ဗိုက်ထဲမှာ ဆာတာတာဖြစ်နေတယ်
ထမင်းသွားစားဦးမယ်

ဟာတာတာဖြစ်တာ ဒီမနက် အလုပ်လာတုန်း ဘာမှမစားလာခဲ့ရလို့နေမယ်.....
အဲဒီအကြောင်းစပ်ထားတာမဟုတ်လား. :P

Unknown said...

တိုတိုလေးနဲ့  ထိထိမိမိ ရေးတတ် ခံစားတတ်တယ်ဗျာ
ဒါပေမယ့်
ရင်ထဲမှာ ဟာတာတာဆိုလို့  ဘာမှစားမလာလို့  ဖြစ်ရမယ်လို့ လည်း ထင်မိပါတယ်