အခုတစ်လော အသိတစ်ယောက်ရဲ့ ခံစားချက်တွေကို နားထောင်ရင်း ဒီစာလေးကို ရေးဖွဲ့ပါတယ်။
သူက သူ့အတွက်လိုအပ်ရင် ကိုယ့်ဆီကို လာမှာသိပ်သေချာပါတယ်။
သူလာတိုင်း ကိုယ်မက်မောရတာက သူ့လက်ကလေးတွေနဲ့ တို့ထိမှုပါ။ ဖြောင့်တန်းသွယ်စင်းနေတဲ့ လက်ဖယောင်းလုံးတွေရဲ့ နူးညံ့မှုကို အမြဲတမ်း ရင်ခုန်လှိုက်မောရတဲ့ အရသာ ဘာနဲ့မှ မလဲနိုင်ဘူး။
အခါတိုင်းလည်း သူ့လက်ကလေးတွေနဲ့ ထိတွေ့ချင်မှ ထိတွေ့တတ်တာပါ။ ကိုယ်က space bar လေးမဟုတ်သလို။ သူ့လက်ချောင်းလေးတွေတင်ထားလေ့ ရှိတဲ့ “asdf jkl;” key တွေလည်း မဟုတ်ပြန်ဘူးလေ။ ရံဖန်ရံခါ ထိတွေ့တတ်တဲ့ Enter တို့ shift တို့လည်း မဖြစ်ခဲ့ပြန်ဘူး။ သူ့အတွက်တော့ ကိုယ်ဟာ အစိမ်းသက်သက်ပါပဲ။
အမြဲတမ်းမဟုတ်ပေမယ့် တခါတလေ ဆိုတဲ့ အသိနဲ့တင် ကျေနပ်ပျော်ရွှင်ရပါတယ်လေ။ တခါတခါကျတော့လည်း ထိလုထိခင်လေးဖြစ်သွားရတာကို ကိုယ့်မှာ တိမ်းမူးနေရတာ။ မတော်တဆ လက်ချောင်းတွေအရွှေ့ တိုးတိုက်မိသွားတဲ့အခါမျိုးမှာ လှိုက်ခနဲ နေ အောင်ပျော်သွားမိတာ ဗွေတော့ မယူပါနဲ့နော်။ ကိုယ် ဟန်မဆောင်တတ်လို့ပါ။
ပြီးတော့ သူနဲ့ကိုယ်နဲ့ ဆုံတွေ့ရတဲ့ အချိန်က ခပ်နည်းနည်းလေ။ သူကလည်း ကိုယ့်အနားမှာ ရှိမှ ဒါ့အပြင် သူကလည်း အားလပ်ချိန်များများ ရှိမှပါ။ အလုပ် အလုပ်နဲ့ တစ်ချိန်လုံး ရေရွတ်နေရတဲ့ ဒီကာလကြီးမှာ အားလပ်ချိန်ဆိုတာကလည်း ရွှေထက်ရှားတယ် မဟုတ်လား။
အိမ်သန့်ရှင်းရေးမို့၊ အ၀တ်လျှော် မီးပူတိုက်မို့၊ ငါ့ဝမ်းပူဆာမနေသာမို့၊ သူငယ်ချင်းတွေခေါ်လို့၊ သာရေးကတစ်မျိုး နာရေးကတစ်ဖုံနဲ့ အား,ပါတယ်ဆိုတာ ကြားရရင်ကို နားမှာချိုလှပါပြီ။
သူလာမယ့်အရေး မျှော်တွေးရင်း မယ်ခုမျှော် နဲ့ စိန်ခြူးကြာညောင်ကို ဆိုချင်ဆိုတတ်တယ်။ အခုမှ မမြလေးကိုပဲသနားရမလား လှိုင်ထိပ်ခေါင်တင်ကိုပဲ ကိုယ်ချင်းစာရမလား။ ခက်ပါသကောလေ။ အခုတစ်လော ကလေးတွေ ဖွင့်ဖွင့်နေတဲ့ ကြင်နာသူကို စောင့်စား ဆိုတာမျိုးလို ဖြစ်နေတာကြာပြီ။
ကိုယ့်မာန်နဲ့ ဟန်နဲ့ နေမယ်လို့ တွေးမိပြန်တော့လည်း ကိုယ်တိုင်က လက်မခံနိုင်ပြန်ဘူး။ ဒီအတိုင်း ရပ်တည်မယ်ကြံလိုက်တိုင်း မတ်မတ်က ခွေယိုင်လဲချင်တယ်။ keyတစ်ခု ဖြစ်ရတဲ့ ဘ၀မှာ သူတစ်ကာ အထိကို ထိုင်စောင့်နေရတာမို့။ မာန်မတင်းနိုင်ပြန်ဘူးပေါ့။
သူများ လိုအပ်မလားဆိုပြီး EverReady ဖြစ်ဖြစ်နေတတ်တာမို့ ကိုယ့်ဘ၀ကိုပဲ စိတ်နာ ရမလိုလို။ ရွေးချယ်ခွင့်ရှိတာမျိုးမှ မဟုတ်တာနော်။ ကံသာအမိ ကံသာအဖဆိုပြီး ဖြစ်လေရာဘ၀မှာ ဓါးမဦးချ နေလိုက်ရ တော့တာပါပဲ။
အကယ်၍များ
ရွေးချယ်ခွင့်ရှိခဲ့ရင်…
သူတကာလိုအပ်ချက်တွေအတွက် စပယ်ရှယ် တီထွင်ထားတဲ့ အသုံးချkey လို့ပဲ ဆိုဆို
ဘယ်လောက်အရေးပါတဲ့ key လို့ပဲ ပြောပြော
နောင်ဘယ်တော့မှ F1 မဖြစ်ပါရစေနဲ့တော့…..
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 weeks ago
30 comments:
အော် ဟုတ်ပါပြီ Enter Key ကြီးရယ်
Space Bar ကြီးရယ်
ွှအဲဒါဆိုရင် Backspace ဖြစ်ပြီး နောက်ကြောင်းတွေ အကုန်ရှင်းလိုက်ပေါ့ဗျာ... :P
F1 ဟုတ်ဘူး.
သားက F4 ပဲကြိုက်တယ် ချောလို့
F1 က ဘာလုပ်တာပါလိမ့်..း)
Help လား
လျှို့ဝှက်လုပ်ပြန်ပြီ၊ F1 ကို နှိပ်ကြည့်လိုက်ပါအုံးမယ်။
ဟီးးးးး ၊ ကိုယ်ကတော့ အဖြေမသိတိုင်း အဲ့ F1 Key ပဲ ပြေးပြေးနှိပ်တာ။
နှိပ်ရလွန်းလို့ F1 စာလေးောတင် ပီပီ ပြင်ပြင် မပေါ်တော့ဘူး။ Key လျောနေဘီ။
ကွိကွိ
ဒေါ်လေးတော့ ကိုယ်မကြိုက်တာကို အားရှိပါးရှိ နှိပ်လို့ ဖျက်လို့ ရတဲ့ ဒီလိဒ်ပဲ ဖြစ်ချင်တယ်။
အသာကုန် ဖျက်ပစ်မယ်။ စိတ်ကြိုက်။
ဂလိုလား? တငြိုးကြီးပဲ.. :P
F1 key ဖြစ်နေတာကိုး ကိုရွာသားရဲ့ ဘာဖြစ်တုန်း လာနှိပ်တာလေးကို ကျေးဇူးတင်လိုက်ပေါ့
ဆုံတွေ့ခွင့်အတွက်ပါ ဘာညာလုပ်တာမဟုတ်ဘူး :D
မင်းမရှိလို့ မှ မဖြစ်ပဲနဲ့  F1ရေ….
လာရောက် ဖတ်ရှုသွားပါတယ်...
idea လေးနဲ့ presentation လေးကို နှစ်သက်ပါတယ်ဗျာ...
f1 key တစ်ခါမှကိုမနှိပ်ဖူးဘူး...... သနားပါတယ် နှိပ်ပေးဦးမှပါ.... တခြား ကီးတွေရော မနှိပ်ဖြစ်တာတွေများကြီး .. အကုန်လိုက်နှိပ်ပေးရမလားပဲ...ပျက်သွားရင် အစ်ကို့ကြောင့်.... :P
idea က တော်တော်လေးကို ကောင်းတယ် အစ်ကိုရွာသားရေ...။ ဟိုအသိရော ငါ့အစ်ကိုပါ Enter ရော Space Bar ရော Backspace ရော E ရော (တမျိုးမထင်ပါနဲ့ အင်္ဂလိပ်စာမှာ အသုံးအများဆုံး Letter က E မို့လို့ပါး)) ဖြစ်ကြပါစေ...
f1ဘာလဲဆိုတာအခုမှသိတော့တယ်။တစ်ခါမှမသုံးဖူးဘူး။
keybooard ပေါ်က ခလုတ်တွေကို သနားရင် Touch Screen နဲ့  Speak Recognization ဘက်ပြောင်း လိုက်တော့ဗျာ...။ :P
ပဟေဠိတွေ အတော်လုပ်ပါလား။
ဘာမှန်း မသိလို့ F1 နှိပ်ကြည့်တာ ၀င်းဒိုး ပျောက်ပြီး Internet Explorer ဆိုလား ပေါ်လာလို့ ဟိုက်..ပလုတ်တုပ် ဖြစ်ရသေး။
ဖြစ်ချင်တာသာ ဖြစ်စေကွာ..
မနီပ်ကြည့်ရသေးဘူး တကယ်. ဘာဖြစ်သွားမယ်ဆိုတာ မသိသေးဘူး ဘုရားစူး။
F2နဲ့ F3ကို တွင်တွင်သုံးနေရတဲ့သူပါကွယ်။ ရှုပ်ပါတယ်အေရယ်။
ESCလိုက်ပါလေ။
သူများ လိုအပ်မလားဆိုပြီး EverReady ဖြစ်ဖြစ်နေတတ်တာမို့ ....
အဲသလောက်တောင်လား ကိုရွာသားရာ :)
ခံစားသွားတယ်ဗျို့ ....
Ctrl + Alt + Delete နှိပ်လိုက်လေ ပြီးရင် F8 ကို အကြာကြီး ဖိထားလိုက်...း))
တောင်းတဲ့ဆုနဲ့ ပြည့်ပါစေရှင်...
စာကတော့ ရေးထားတာ လန်ထွက်၊ ကိုယ် ဟန်မဆောင်တတ်ဘူးပြောတာ အကောင်းဆုံးပဲ၊ တို့ကတော့ f1,f2,f3 ဘာမှ မသိ
ကွန်မက်တွေလာဖတ်သွားတယ်။ စာတော့ထပ်မဖတ်တော့ဘူး. မျောသွားမှာစိုးလို့။
အရေးကောင်းတယ် ... ဟုတ်တယ် F1 တော့ မဖြစ်ချင်ဘူး ...
နေဒေးသစ်။
F13 ကို နှိပ်လိုက်ပါ...
ရွာသားလေးဝိုင်တီယူ: အမသက်ဝေ F13 မှရှိပဲနဲ့ဗျ။ လူနောက်...
(တချက်တော့ ရှာလိုက်သေးတယ် မဟုတ်လား... ဟဲဟဲ.. ဝန်ခံလိုက်စမ်းဘာာာာာာ....)
Nice idea ! It is very meaningful. By the way,I want to be these three keys :ctrl,alt and delete.
F1 ကဘယ်တုန်းကများရင်ဖွင့်လိုက်ပါလိမ့်.....
သစ်ပင်တွေအတွက် ခံစားပေးတယ်
ပန်းလေးတွေအတွက် ခံစားပေးတယ်
လှေကားတွေအတွက် ခံစားပေးတယ်
ဖန်ခွက်တွေအတွက် ခံစားပေးတယ်
F1 အတွက်လည်း ခံစားပေးတယ်
တို့ အတွက်လည်း ခံစားပြီး ရေးပေးပါ တပုဒ်လောက်
မနောက်ပါဘူး အတည်ပါ
Post a Comment