ကျနော် အဲ့ဒီစာလေးကို ရပ်ပစ်ခဲ့တာကြာဆိုကြာလှပါပြီ။ ပထမအချက်က ကျနော် အဆုံးသတ်ဖို့ ကြိုးစားရင်း ခက်ခဲနေလို့၊ နောက်တစ်ချက်က ခံစားချက်တွေ ပျောက်ကွယ်သွားလို့ပါ (စာရေးတဲ့သူတစ်ယောက် ခံစားချက်တွေမပါပဲ စာရေးရင် ဘယ်လိုမှ ဖတ်လို့မကောင်းပါဘူး။ ကိုယ့်စာကိုပြန်ဖတ်ရတာကို အားမရသလိုပါပဲ။ အခုစာက လူတစ်ယောက်ရဲ့ တကယ့်ဘ၀အမှန်ကို ရေးပြရတဲ့အတွက် အမှားတွေ မရှိချင်သလို ဖတ်တဲ့သူတွေကိုလည်း တစ်ခုခုရသွားစေချင်လို့ပါ)။ နောက်တော့ ကျနော်ကိုယ်တိုင်လည်း အမေ့မေ့အလျော့လျော့။ တကယ်က ကိုယ်ချင်းစာစိတ်မဲ့ခဲ့တာပါ ကိုယ်တိုင် အခန်းဆက်တွေ ဖတ်ရတုံးကဆို နောက်တစ်ခန်းကို အရမ်းမျှော်ရတာလေ။ အခုလို စောင့်ဖတ်နေသေးတယ်ဆိုတာလည်း ကျနော်လုံးဝမျှော်လင့်မထားလို့ပါဗျာ
shan said...
ဘယ်တော့ ဆက်ရေးမှာလဲ ... စောင့်နေတယ် နော်... ။ အမြဲ ၀င်ဖတ်ဖြစ်ပေမယ့်.. ခုတော့ ရေးချင်စိတ်ပေါက်လာလို့ပါ..။
June 3, 2009 1:40 PM
စာဖတ်သူတစ်ယောက်က ဒီနေ့ အထက်ပါ ကော့မန့်ကိုပေးခဲ့တာပါ။ ယောင်္ကျားလေး မိန်းကလေး ဘယ်လိုမှ မပါလို့ စာဖတ်သူရှမ်းလို့ပဲ ခေါ်ပါရစေ။ ကျနော့အကျင့်က (ငယ်ငယ် ကြီးကြီး) ကို,တွေ မ,တွေထည့်ခေါ်တတ်လို့ပါ။ တစ်ချို့လည်း ကျနော်က ငယ်ချင်တယ်လို့ထင်ကြပါတယ်။ တကယ်က ကျနော်လေးစားသမှုနဲ့ ခေါ်တာပါခင်ဗျာ။ ကျနော်တို့ အွန်လိုင်းမှာကလည်း အဲ့ဒီ ယောင်္ကျားလေး မိန်းကလေး ခွဲလို့မရတာလည်း ပြဿနာတစ်ခုပါပဲ။ မနန်းညီက ကိုနန်းညီဖြစ် မမိုးခါးက ကိုမိုးခါးဖြစ် ကိုဂျူလိုင်က မဂျူလိုင်ဖြစ်တတ်တယ်လေ။
ကော့မန့်တွေကို မပေးကြဘူးတဲ့။ စာတွေပဲဝင်ဖတ်ကြတယ်လို့ပြောပါတယ်။ သူငယ်ချင်းတစ်ချို့ကလည်း ကော့မန့်ပေးရင် သူတို့မေးလ်တွေ ပေးရလို့ သဘောမကျဘူးလို့ဆိုပါတယ်။ တစ်ခုတော့သိစေချင်ပါတယ်။ ကော့မန့်ပေးလိုက်လို့ ကော့မန့်ပေးသူရဲ့ မေးလ်ကို ကျနော်တို့ မသိလိုက်ရပါဘူး။ ကျနော်တို့ မမြင်ရပါဘူးခင်ဗျာ။ မေးလ်မှာ ပေါ်စေချင်တဲ့ နာမည်တစ်ခုကိုပဲ ကျနော်တို့မြင်ရပါတယ်။ ဘလော့ဆောက်ထားတဲ့ သူတွေကလွဲရင်ပေါ့ဗျာ။ ဘလော့ဆောက်ထားတဲ့သူတွေကတော့ သူတို့ရဲ့ Profile ကို ကျနော်တို့ရောက်သွားမှာပါ။ အထက်ပါ စာဖတ်သူရှမ်းရဲ့လင့်ကိုလိုက်ကြည့်ရင် ဘာမှတွေ့ရမှာမဟုတ်ပါဘူး။ Error page တစ်ခုကိုပဲ မြင်ရမှာပါ။ သူ မေးလ်ကိုသုံးပြီး ကော့မန့်ပေးခဲ့လို့ပါ ပြီးတော့ သူဒီမေးလ်နဲ့ ဘလော့မဆောက်ထားလို့ပါ။ ကိုယ့်ရဲ့မေးလ်လေးပေါ်သွားမှာ စိုးရိမ်ပြီး ကော့မန့်မပေးချင်ဘူးဆိုတဲ့ စာဖတ်သူတွေ အတွက်ပါဗျာ။
ခရေပန်းလေးရဲ့ ဘ၀ကို ပြန်ဆက်ပါမယ်။
သူ မန္တလေးကို ဒီတစ်ခေါက် ပြန်လာတော့ သူ့မှာ အတွေးတစ်စ ပါလာခဲ့ပါတယ်။ အဲ့ဒီအတွေးတစ်စကို သူမဆုံးဖြတ်နိုင်သေးဘူးပေါ့။ အတွေးတစ်စက သူ့မိသားစုကို ထောက်ပံ့ပေးနိုင်ဖို့ အဓိကပါ။ ချီတုံချတုံ လိပ်ခဲတည်းလည်း ဖြစ်စေတဲ့ ဆုံးဖြတ်ချက်ပါပဲ။
သူလက်ရှိ ဂေဟာမှာ ဆက်လက်နေထိုင်တုန်းပါပဲ။ ဂေဟာကနေ အိမ်ကိုထောက်ပံ့ဖို့ဆိုတာ တကယ်တမ်းတော့ ခက်ခဲလှပါတယ်။ သူ့ရဲ့ လှမ်းချင်တဲ့ခြေလှမ်းတိုင်းကိုလည်း လှမ်းခွင့်မသာပါဘူး။ ဒီတော့ ဂေဟာက ဘယ်လိုထွက်ခွင့်ရမလဲ။
ဂေဟာက ချမှတ်ထားတဲ့ စည်းမျဉ်းက ဒီလိုပါ။ မိန်းကလေးရဲ့ မိသားစုဝင်အစစ်အမှန်များမှ ခိုင်လုံတဲ့အထောက်ထားပြပြီး ပြန်လည်ခေါ်ယူခြင်း။ ဒါကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သူ့မိသားစုက မြန်မာနိုင်ငံသားတွေ မဟုတ်ကြဘူးလေ။ ဒုတိယတစ်ချက်ကတော့ အဲ့ဒီမိန်းကလေး အတည်တကျ အိုးအိမ်ထူထောင်ခြင်း။ သူ့အတွက် ဒီလမ်းကလွဲရင် ရွေးချယ်ခွင့်မှမရှိတော့တာ…..
သူသွားလုပ်ပေးနေတဲ့ စားသောက်ဆိုင်ရဲ့ ရှေ့မှာ နာရီပြင်ဆိုင်တစ်ဆိုင်ရှိပါတယ်။ အိပ်ငိုက်နေတတ်တဲ့ တရုတ်ကလေးတစ်ယောက်အမြဲ ရှိနေတတ်တယ်။ အဲ့ဒီဆိုင်လေးက ဆိုင်မှာရှိတဲ့ စာဖိုမှူးရဲ့ တူတစ်ယောက်ဖွင့်ထားတာပါ။ ယောင်းမကိုတိုင်ပင်ရင်း အိုးအိမ်ထူထောင်ဖို့ကိစ္စ ပြောဖြစ်ပါတော့တယ်။ နောက်တော့ လူကြီးချင်းညှိနှိုင်းပြီး ခရေပန်းလေးနဲ့ နာရီပြင်ဆိုင်လေးတို့ ပေါင်းစည်းသွားတယ်ဆိုပါတော့။ (အမှားပြင်ဆင်ချက် - တကယ့်အဖြစ်မှန်က ခရေပန်းလေးရဲ့ ယောင်းမနဲ့ စားဖိုမှူးတို့ နားချမှုကြောင့် အိမ်ထောင်ပြုဖြစ်သွားတာပါ ကျနော်အမှတ်လွဲသွားတယ်ဗျာ)
နာရီပြင်ဆိုင်လေးက နောက်တော့ သူ့အဖွားဖွင့်ထားတဲ့ ဈေးထဲက ခေါက်ဆွဲဆိုင်လေးကို ပြောင်းကြတယ်။ ဒိုးတူဘောင်ဖက် မောင်တစ်ထမ်းမယ်တစ်ရွက်ပေါ့။ အခက်အခဲတွေကိုလည်း အမျိုးမျိုးပေါ့။ ဂေဟာမှာနေခဲ့ဖူးတဲ့ မိန်းကလေးဆို အထင်သေးလွယ်တတ်ကြတဲ့ ပတ်ဝန်းကျင်အမျိုးမျိုးမှာ ရင်ဆိုင်နိုင်အောင်ပေါ့။ ပြီးတော့ အိမ်ထောင်တစ်ဖက်နဲ့ မိဘတွေကိုထောက်ပံ့ဖို့ ရည်ရွယ်ရင်းကိုလည်း သူမအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ခရေပန်းလေးဟာ နောက်ထပ်မျိုးဆက်သစ်သုံးယောက်ကိုမွေးဖွားပေးခဲ့နိုင်တယ်။
သူမ ပညာမတတ်ပါဘူး။ ဒါပေမယ့် အင်ဂျင်နီယာ သားသမီးနှစ်ယောက်နဲ့ ဘွဲ့ရပညာတတ်တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့ပါတယ်။ မိဘရဲ့ ပြုစုပျိုးထောင်မှုကြောင့် သားသမီးဆိုတာ အညွန့်တလူလူတက်ကြတာမျိုးပါ။ သားကောင်းသမီးမွန်တွေမွေးဖွားပေးတဲ့ မိဘမျိုးမို့ ဂုဏ်ပြုထိုက်ပါတယ်။
ခရေပန်းလေး အခုအချိန်အထိ မန္တလေးမှာ နေထိုင်နေဆဲပါ။ ပြီးတော့ သူမရဲ့ ကျေးဇူးရှင်တွေကိုလည်း စောင့်မျှော်လက်ရှိနေဆဲပါ။ အခါအခွင့်သင့်ရင်ဖြင့် တွေ့ဆုံပြီး ကျေးဇူးတရားတွေကို ဆပ်ခွင့်ရသွားချင်ပါတယ်……
ဒီပို့စ်လေးကို ကျနော်ရေးရတဲ့အကြောင်းတွေက
လူတစ်ချို့က ဘ၀ကံဆိုးတယ်ဆိုပြီး ရေစုန်မျောတတ်ကြပါတယ်။ မိမိတတ်နိုင်သလောက်ကြိုးစားအားထုတ်မယ်လို့ စိတ်မကူးတတ်ကြပါဘူး။ နောက်ခံဘ၀မကောင်းခဲ့ရလို့ ဆင်းရဲလို့ ပညာမတတ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေကို အသေဆုပ်ကိုင်ပြီး ကိုယ့်ရဲ့ ပျင်းရိမှု တွေကို ဖုံးကွယ်ထားတတ်ကြပါတယ်။ ခရေပန်းလေးလို အားနွဲ့တဲ့မိန်းကလေးတောင် သူ့ဘ၀ကို ခါချဉ်ကောင် ခါးမသန်ပေမယ့် မာန်တင်းနိုင်သေးတာပဲ။ ကျနော်တို့ဘာအတွက်ကြောင့်မှ လွယ်လွယ်လက်မလျော့သင့်ပါဘူး။
မိန်းကလေးငယ်ငယ်တွေအတွက် ပတ်ဝန်းကျင်ကြောင့် ပျက်စီးလွယ်တဲ့ အကြောင်းတွေအများကြီး ရှိပါတယ်။ ဒါပေမယ့် လူတွင်ပါမှ နွားကျားကိုက်တယ်ဆိုတာကိုလည်း သတိချပ်စေချင်ပါတယ်။ (မတရားအနိုင်ကျင့်ခံရခြင်းတွေကို မဆိုလိုပါ)။ မိမိတို့ထိန်းသိမ်းသင့်တဲ့ သိက္ခာကိုထိန်းသိမ်းရင်း တန်ဖိုးရှိတဲ့ မိခင်လောင်း မိခင်ကောင်းတွေ များပြားစေချင်ပါတယ်။
စာဖတ်သူရှမ်းနဲ့ စာဖတ်သူအားလုံးကို ကျနော့ရဲ့ တ၀က်တပျက်နဲ့ ရပ်တန့်နေတဲ့ ပျက်ကွက်မှုအတွက် အနူးအညွှတ်တောင်းပန်ပါတယ်။ နောင်ကို ပြောစရာ ဆိုစရာ ဆဲစရာ သွန်သင်စရာရှိရင် ဆုံးမသွားနိုင်ပါတယ်ဗျာ။
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
18 comments:
ဘဝေတြ .......
အရင်အဆက်ကိုပါရှာဖတ်သွားသဗျ ...
ကောင်းသောနေ့ပါဗျာ ...
အရင် ရှေ့က အပိုင်းတွေ ရှာဖတ်လိုက်အုံးမယ်။
၇ွာစားရေ
ဘ၀ ဘ၀ ဘဝ
ဘာလည်းတော့မသိ
ယုံကြည်မူတစ်ခုနဲ့ဆက်မယ်ဆိုရင်တော့ ပန်းတိုင်တော့ ရောက်ပါတယ်။
ဘ၀ တွေ အရှုံးမပေးပဲ ကြိုးစားစေချင်တဲ့ ရွာစားကို...
ကျေးဇူးတင်ပါတယ်။ အပိုင်းတွေ အကုန်ဖတ်ပြီး ပြန်လာမန့်တာ။
အန်တီ့ကိုလဲ လေးစားတယ်ဗျာ။
အန်တီတို့ မိသားစု ပျော်ရွှင် ချမ်းမြေ့ပါစေ။
ဟုတ်ကဲ့ ..... မှတ်သားနာယူစရာပါ ...။
အားပေးလျက်ပါ :)
ပထမပိုင်းပါ ရှာဖတ်သွားပါတယ် ..း)
အရှေ့က(၃) ပိုင်းလုံးပါ ပြန်ဖတ်လိုက်ပါတယ်... ဘယ်ကရတဲ့ အဖြစ်အပျက်လည်း ဆိုတာကိုလည်း တော်တော် စိတ်ဝင်စားမိပါတယ်။ လူတစ်ယောက်ရဲ့ ဘဝအောင်မြင်မှုဆိုတာ မွေးဖွားကြီးပြင်းရာ ရေခံမြေခံနဲ့ မသက်ဆိုင်ဘဲ စိတ်ဓာတ်အခြေခံနဲ့သာ သက်ဆိုင်တယ်ဆိုတာလေး မြင်လိုက်ရပါတယ်...
နောင်ကို ပြောစရာ ဆိုစရာ ဆဲစရာ သွန်သင်စရာရှိရင် ဆုံးမသွားနိုင်ပါတယ်ဗျာ။
(သွန်သင်စရာတွေကတော့ အများကြီးပဲ။ ကိုယ်က အငယ်ဖြစ်နေလို့ ကြောက်ကြောက်နဲ့ ပါးစပ်ပိတ်ထားရတား))
အခုမှ ရှေ့ကအပိုင်းတွေ ရှာဖတ်မလို့
စိတ်ဝင်စားဖို့ကောင်းလို့လေ ခရေပန်းလေးလို့တင်စားထားတာလှတယ်နော် ပြောကြသလို အကြွေပန်းပေမယ့် ရနံ့သင်းတုန်းမို့လို့လား အဲလိုမိန်းကလေးတွေ မြန်မာပြည်မှာရှိကြပါတယ် အလွယ်လမ်းလိုက်သွားတဲ့ ကောင်မလေးတွေ ဒီစာလေးကိုဖတ်မိရင် ပိုကောင်းမှာပဲ
ရွာသားလေးဝိုင်တီယူ: ဟုတ်ကဲ့ အသက်ငယ်ပေမယ့် ၀ါမငယ်၍သော်လည်းကောင်း ပညာကြွယ်၍သော်လည်းကောင်း ဆိုဆုံးမနိုင်ပါတယ်ခင်ဗျာ
ဝါလည်းငယ် ပညာလည်းမကြွယ် မျက်နှာငယ်သူမို့ မဝံ့ကြောင်းပါ...း))
ရွာသားလေးဝိုင်တီယူ: မနောက်ပါနဲ့ ကြီးတော်ရယ်
မနောက်ပါဘူး သားရယ်။ ကြီးတော်အရွယ်နဲ့ နောက်စရာလားကွယ်။ သွန်သင်စရာတွေ သိပ်သိချင်ရင်တော့ နောက်ကြုံရင် အလိမ္မာသုံးပြီး မသိမသာ ပြောပါ့မယ်။ ဒေါသအမျက် ချောင်းချောင်းမထွက်ပါစေနဲ့လို့ပဲ ကြီးတော် ဆုတောင်းပါတယ် သား...
ရွာသားလေးဝိုင်တီယူ: ဒေါသအချောင်းချောင်းက ကြီးတော်ထွက်မှာပဲ ပူရတာပါ။ တူတော်မောင်က အမွေရပြီးရော ကြီးတော်မသေခင် ပြောသမျှ မြေ၀ယ်မကျပါ
ဒီအတွက်တော့ မပူပါနဲ့တော့ သားရေ။ နောက်ထပ်ဒေါသ မထွက်ဖို့ရယ်၊ တူတော်မောင်ကို အမွေမပေးတော့ဘူး ဆိုတာရယ် ကြီးတော် ဆုံးဖြတ်ပြီးသွားပါပြီ။ တရားနှလုံးသွင်းပြီး စိတ်ကို လုံးလုံး လျော့ထားပါတယ်။ ပြောနေတဲ့ အကြောင်းအရာက ပို့စ်နဲ့ တော်တော်လေး ဝေးသွားပြီမို့လို့... တော်သေးပြီ သားရေ။
တို့ က ရွာသားစာ အဟောင်းတွေလာဖတ်နေတာ ပါ၊အသစ်လဲ ဖတ်သွားပါတယ်
အရှေ့ပိုင်းတွေပါပြန်ရှာဖတ်သွားတယ်..... အမှန်အတိုင်းပြောရရင် သိပ်မမှတ်မိတော့လို့ .....
ဘာပဲဖြစ်ဖြစ် ဒီပို့စ်အတွက်ကျေးဇူး အပိုင်းတွေအကုန်လုံးကိုပြောတာပါ......
စဉ်ဆက်မပြတ်ဖတ်သွားပါတယ။်
ဒီတစ်ခါ ကိုလူထွေးအိမ်လာရင် တုတ်ကောက်ခဲ့...
းဝ)
စာဖတ်သူရှမ်းတော့ မဟုတ်ဘူး။ ကျွန်တော် ဇူလိုင်ပါ။ ဆဲစရာရှိရင် ဆဲလို့ရမလား ခင်ဗျာ။ မေးကြည့်တာပါ။
ကျွန်တော်က စာဖတ်သူ မဟုတ်ဘူးလားလို့ ကပ်မပြောပါနဲ့။ နည်းနည်း ခွါပြောပါ။ တခါတလေ အလည်တခေါက် လာရောက်သွားတတ်သူပါ။ အဟား...
တော်သေးတယ် ငါအသက်သိပ်မကြီးသေးဘူး
ရှေ့ ပိုင်းတွေ မှတ်မိနေသေးလို့ 
ပြန်ဖတ်စရာမလိုတော့ဘူး
(နောက် ၂၀၁၀ မှ တင်တာတော့မဟုတ်ဘူး ခုနည်း၂စောသေးလားလို့ )
ဒါကြောင့် ခရေပန်းလေးနဲ့ တင်စားတာကိုး
ခရေပန်းလေးကြိုးစားမှုလေးကို ဂုဏ်ပြုမိတယ်
(နောက်ဆို အဲ့လို ဇာတ်လမ်းဆက် မရေးပါနဲ့ )
မျှော်ရတာ မောလို့ 
ကိုရွာသားရေ... အရေးအသားကတော့ တကယ်မိုက်ပါတယ်။ အိုး...ဒါနဲ. ကျွန်တော့ကိုလဲ ကိုဖြူတုတ်ကနေ မဖြူတုတ်လို့ ပြောင်းရအုန်းမယ်နော့။ :) Keep up the good work!
Post a Comment