07 June 2009

ရွေးချယ်ခွင့်

သူမတစ်ခု,ခုကို ရွေးချယ်ရတော့မယ်။ သူမ ဘာကိုရွေးချယ်မလဲ……

အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ရဲ့ဘ၀။ ဒီဘ၀ကိုရောက်ဖို့ သူမဘယ်လောက်ကြိုးစားခဲ့ရမလဲ။ ဘယ်လောက်ရင်းနှီး ပေးဆပ်ခဲ့ရမလဲ။ အောင်မြင်မှုဆိုတာတော့ လူတိုင်းတပ်မက်သည်ပေါ့။

အောင်မြင်တဲ့ ဘ၀တစ်ခုရဲ့ နောက်ကွယ်မှာ သမာရိုးကျ ဘ၀လေးတစ်ခုရှိနေသည်။ အဲ့ဒီဘ၀လေးထဲမှာ ကျေးလက်အိမ်ကလေးတစ်လုံးကအဆင်သင့်။ သိပ်ကိုပျော်ရွှင်ကျေနပ်ဖို့ ကောင်းတဲ့ မိသားစုကလေးနဲ့အတူ။ ပြီးတော့…….

ကျေးလက်က အဖွားမွေးနေ့ပွဲအတွက် ဈေးဝယ်ထွက်ရင်း လက်ရှိဘ၀ကို မပျော်ရွှင်နိုင်ဘူးလားဆိုတဲ့ မေးခွန်းတစ်ခုကို သူမရရှိလိုက်တယ်။ ဟုတ်တယ် သူမ ခဏပြောနေမိတဲ့စကားက ငါ့ဘ၀ကိုပြန်ပေးပါဆိုတဲ့စကားလေ။

ဖုံးကွယ်မှုဆိုတာကို ဖော်ထုတ်ဖို့လူတိုင်းက ကြိုးစားကြသည်။ အောင်မြင်သောသူတိုင်းရဲ့ လျှို့ဝှက်ချက်အတွက် အချိန်ကုန်လူပင်ပန်းခံတတ်တဲ့ လူစားတွေကလည်း အများသားလား။ ငယ်တုန်းက ကြားဖူးတဲ့ ပုံလေးတစ်ခုကို သတိရမိပြန်သည်။ တောကအဒေါ်ကြီးတစ်ယောက် မြို့ပေါ်အတက်မှာ ဇာတ်ခုံနောက်က မင်းသမီးအလှပြင်ရာကို အတင်းငေးရင်း မင်းသမီး နှာချေတာ ငါတို့လိုပါပဲလားဆိုတဲ့ ပုံလေးပါ။ တကယ်တော့ အောင်မြင်နေတဲ့သူတွေလည်း ကျနော်တို့လို သူလိုကိုယ်လိုပါပဲ။

အကယ်၍ မိမိရဲ့ဖုံးကွယ်ထားမှု (true identity hiding) တစ်ခုက ကျော်ကြားမှုတစ်ခု အတွက်သပ်သပ်ပဲ။ အဲ့ဒီအတွက် ကိုယ့်ကို ချစ်ခင်သူတွေအတွက် နာကျင်မှုတွေ ရှိနေမယ်ဆိုရင် အဲဒီထိန်ချန်မှုဟာ ထိုက်တန်ပါရဲ့လား။ ရိုးသားတယ်လို့ ထင်ပါသေးလား။ သူတို့အားလုံးဆီက ရိုးသားမှုတွေကို ရလိုက်ပြီး သူမကကော သူမကိုယ်တိုင်ကကော…

တစ်ခုခုကို စတင်လိမ်ညာပြီဆိုရင် နောက်ထပ်လိမ်ညာဖို့ အခွင့်အလမ်းတွေက အဖော်တွေနဲ့တပျော်တပါးရောက်လာတတ်စမြဲပါ။ ဘာဖြစ်လို့လဲဆိုတော့ လိမ်ညာခဲ့တယ်ဆိုတဲ့ အချက်တစ်ချက်ကို မသိအောင် နောက်ထပ် လူပေါင်းများစွာ အကြိမ်ပေါင်းများစွာ ဆက်စပ်ပတ်သပ်လေသမျှ ဒေါင့်စေ့အောင် လိမ်ညာမှ ဖြစ်မှာပါ။ တစ်ခါပဲ လိမ်ညာခဲ့တာပါဆိုပြီးပေါ့ပေါ့ပါးပါး မနေလိုက်ပါနဲ့ အလိမ်မပေါ်အောင် လိမ်ရင်း လိမ်ရင်း ထောင်သောင်းမကတော့ပြီမို့ သန်းခေါက်ထက်ညဥ့်ဘယ်လောက်နက် နိုင်ဦးမလဲ။

ရိုးသားတဲ့သူတွေရဲ့ အရှေ့မှာ အားလုံးကို လိမ်ညာခဲ့တဲ့သူတစ်ယောက်က ရဲဝံ့စွာ ရပ်နေနိုင်သတဲ့လား။ မဟုတ်ဘူး…သူမ သီချင်းဆက်ဆိုလို့ မရတော့လောက်အောင်ကို တုန်လှုပ်သွားမိခဲ့တာပါ။

သူမဘယ်အရာကို ရွေးချယ်ခဲ့မလဲဆိုတာကိုတော့ Hannah Montana : The Movie ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။



ကျနော်အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးနှစ်ခန်း ကတော့

သူမ နာမည်ကျော် အဆိုတော်တစ်ယောက်အနေနဲ့ သူမရဲ့ ငယ်သူချင်းကို လိမ်ညာတဲ့အခန်းလေး။ ကောင်လေးကို စိတ်ဝင်စားနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ချစ်စဖွယ်အမူအရာလေးတွေနဲ့ ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့ပါတယ်။ နှလုံးလှလူမိုက်ထဲက ခိုင်သင်းကြည့်ရဲ့ သစ်ငုတ်တို သီချင်းကိုပါ သတိရသွားမိစေခဲ့တယ်။

နောက်တစ်ခန်းက ဇာတ်စင်ပေါ်က သူမရဲ့ ကြေကွဲမှု။ မေတ္တာစူးတယ်ဆိုတာ ဒါမျိုးလားလို့ ပြန်တွေးနေမိတယ်။ ဖြစ်နိုင်တယ်။ လှိုက်ခနဲ ဖြစ်သွားအောင်အထိ ခေါ်သွားနိုင်ခဲ့တယ်။ အမြဲပြုံးရွှင်နေတယ်လို့ မြင်ရတဲ့ မြင်ကွင်းကနေ ရုတ်ချည်းပြောင်းသွားခဲ့နိုင်တယ်။

ပျော်ရွှင်ရယ်မောစရာတွေလည်း ပါတာမို့ ကြည့်ပျော်တယ်ဆိုလည်းမမှားပါဘူး။ တစ်ခြားရသလေးတွေပါ ဖြည့်စွက်ထားတာကလည်း ဒီဇာတ်ကားလေးကို ပြည့်စုံစေတယ်ထင်မိတယ်။ အကောင်းဆုံးကတော့ ကျနော်ကြိုက်တဲ့ သီချင်းလေးတွေပေါ့။

ထုံးစံအတိုင်း နောက်ဆုံးမှာ ကျန်နေရစ်တာက မေးခွန်းတစ်ခုပါပဲ

ကျနော့မှာရော ရွေးချယ်ခွင့်ရှိရင် ဘာကိုရွေးမလဲဆိုတာပါပဲ………..

22 comments:

ရွှေပြည်သူ (ShwePyiThu) said...

ဒီဇာတ်လမ်းမှာ သူဘာလို့ လိမ်ညာခဲ့တာလည်း ဖုံးကွယ်ခဲ့တာလည်း ဆိုတာတော့ သေချာမပြခဲ့ဘူး။ အကြောင်းပြချက်တစ်ခုခုတော့ ပြသင့်တယ် ထင်မိပါတယ်။ အခုတော့ တစ်ခုခု ဟာနေသလိုပဲ။ အကြိုက်ဆုံး အခန်းတွေက -
၁) သူ့အဖေနဲ့သူထိုင်ပြီး Butterfly Fly Away သီချင်းလေး ဆိုတဲ့အချိန် (အဖေ့ကိုလည်း သတိရမိပါတယ်)
၂) ကောင်လေးက သူ့ကို Date လုပ်ဖို့လာပြောမှာ သိလို့ စိတ်လှုပ်ရှားမှုကို ခပ်တည်တည်ဖုံးကွယ်ရင်း ဆေးသုတ်နေတဲ့ သရုပ်ဆောင်ချက်နဲ့ လေယူလေသိမ်းတွေပါ။ အရမ်းကို Cute ဖြစ်ပါတယ်။

ကလေးကားလေးများလားလို့ စဉ်းစားမိသေးတယ်။ ဒါပေမယ့် ပေးထားတဲ့ message လေးတွေက ယူတတ်ရင် တချို့လူကြီးကားတွေထက်တောင် တွေးစရာလေးတွေ ဖြစ်နေပါသေးတယ်။

Mogok Thar said...

သွားကြည့်တာ မခေါ်ဘူး။ စိတ်ဆိုးလို့ မမန့်ဘူးဗျာ။

yehtutnaung said...

အဲဒီကား ကြည့်မယ်ဗျာ..။ Miley Cyrus ပါလို့  အဲ ကိုရွာသား ညွှန်းလို့ ပါ..ဟဲ။

ဖိုးသင်္ကြန် said...

ကိုမိုးကုတ်ကလဲ ရုပ်ရှင်ဆိုတာနဲ့ လိုက်ချင်တော့တာပဲကိုး။
:P

ရွှန်းမီ said...

ဇာတ်လမ်းလေးက sweet ပါတယ်..
သီချင်းတွေလည်း ကောင်းတယ်..
ကျေးဇူးပါ ကိုရွာသား :-)

ကိုလူထွေး said...

စာရေးကောင်းလို့ အဆုံးအထိ ဆွဲခေါ်သွားလို့ ဖတ်ဖြစ်လိုက်တာပါ...

ရွေးပါဆိုရင်တော့ ဘာကို ရွေးရမလဲ မဆုံးဖြတ်နိုင်ပါဘူး...

းဝ)

Anonymous said...

စာရေးထားတာတွေ ဖတ်နေရင်းက
ပိုပြီးလက်ရာတွေ ကောင်းလာနေတယ်လို့
သိလာရသလိုပဲ။
လိုချင်တဲ့ရသတွေကို ရရနေတယ်။

Sein Lyan Tun said...

ဘာကိုရွေးချယ်မှာလဲ
ဘာကိုရွေးချယ်ခဲ့လဲ
ဘာကိုရွေးချယ်သင့်လဲ

khin oo may said...

ရွေးချယ်ခွင့်ရှိရင်လာ။
ရွာသားလေးစာကိုဘဲ ရွေးဖတ်မှာပါ။ စာရေးကောင်းတာကိုး။

Rita said...

သားရွှေအိုးထမ်းလာတာကို မြင်ရဖို့ပဲ ရွေးမှာပေါ့

သီဟသစ် said...

ကိုကိုရွာသား

ဘာကိုရွေးသလဲဆိုတာ ဆက်ရေးပါဗျို့

ခင်မင်စွာဖြင့်
သီဟသစ်

မွန် said...

အင်း ကလေးကားဆိုပြီး မကြည့်ပဲနေတာ ကိုရွာသားအညွှန်းကောင်းလို့ အားပေးတော့မယ်

Phyo Evergreen said...

ထော်လဲထော်ဘူး.. တွားကြည့်တာ..။ A&D တွားကြည့်တုန်းကထော်လို့ လက်စားချေတာလား..။

ဂျူနို said...

ရွာသားနာမည် မိုးမခ ဘလော့မှာ တွေ့ လိုက်တယ်။

ဂျူနို said...

ဒေါ်လေးရေးတဲ့ ကော့မန့် ကော ဘယ်ရောက်သွားလဲ။
ဖျက်လိုက်တာလား

WWKM said...

အင်း..ဆက်ပြောလေ.. ရွေးချယ်ခွင့်ရှိရင်...????

နောင်လာမယ့်အနှစ် ၂၀...

ဟလို.. ရွာသားလေးရေ...
အစ်မတို့ ပန်းလှိုင် ဂေါက်ကွင်းရောက်နေတယ်လေ..
ရွားသားလေးရော ဘယ်ရောက်နေတုန်း..

“ကျွန်တော်လဲ ပန်းလှိုင်ဂေါက်ကွင်းမှာပဲ မကြီးဝါ ရေ.”

စိတ်ကူးသမျှပြီးပြည့်စုံပါစေ.း))))
အကောင်းဆုံးတွေကို ရွေးချယ်နိုင်ပါစေ.

မကြီးဝါ

မီယာ said...

ရုပ်ရှင်မကြည့်တာကြာပြီ။ ကြောက်စရာနဲ့ ငိုရတဲ့ကားတွေ မကြည့်ချင်လို့။ ပျော်စရာကားဆိုရင်တော့ သွားကြည့်မယ်။

ကဗျာမလေး said...

“တစ်ခုခုကို စတင်လိမ်ညာပြီဆိုရင် နောက်ထပ်လိမ်ညာဖို့ အခွင့်အလမ်းတွေက အဖော်တွေနဲ့တပျော်တပါးရောက်လာတတ်စမြဲပါ။ အလိမ်မပေါ်အောင် လိမ်ရင်း လိမ်ရင်း ထောင်သောင်းမကတော့ပြီမို့ သန်းခေါက်ထက်ညဥ့်ဘယ်လောက်နက် နိုင်ဦးမလဲ။”
မှန်လိုက်လေခြင်း။
မဖတ်ရသေးသည်များ ဖတ်သွားပါသည်ရှင် :)

တန်ခူး said...

ရွေးချယ်ခွင့်… စဉ်းစားနေတာ… တခါတခါရွေးချယ်ခွင့်က ရှိနေပါလျက် ကိုယ်က အဲဒီလမ်းကို သွားဖို့  လုံလောက်တဲ့ ရောင့်ရဲမှုနဲ့  အတ္တတွေကို အဝေးကို လွှင့်ပစ်နိုင်တဲ့ သတ္တိရှိပါရဲ့လား… ကိုယ်ရပ်တည်နေရာကို ကိုယ်ပြန်ကြည့်တော့ အဖြေထွက်တယ်… Noတဲ့… တယ်ညံ့တဲ့ကိုယ်ပါပဲ… အဲဒီရုပ်ရှင်လေးကြည့်ချင်လိုက်တာ… ညွှန်းတဲ့သူ ရေးတတ်လွန်းလို့ …

ခမ်းကီး said...

ကျနော်က ရွေးချယ်ခွင့် ကို နောက်ထပ်တစ်ကြိမ်မျှ လိုချင်ပါတယ်...။

မိုးခါး said...

စိတ်ဝင်စားသွားပါတယ်
ရှာကြည့်လိုက်ဦးမယ်
:D

Unknown said...

ဇာတ်ကားမကြည့်ဖူးဘူး ဒါပေမယ့် ရွာသားလေးရေးတာ ဖတ်ပြီး တွေးစရာ ယူစရာလေးတွေ ရှိလာတယ်

တို့ တော့ ငယ်ငယ်က သိပ်အောင်မြင်ချင်တာပဲ
ခုတော့ အေးချမ်းတဲ့ဘ၀လေးကို ပိုနှစ်သက် မက်မောမိတယ်

ရွေးချယ်ခွင့်ဆိုတာ လူကလုပ်ယူတာပါ စိတ်ပေါ်မူတည် တာပဲ (ထင်တာလေး ပြောကြည့်တာပါ)