01 June 2009

ဓါတ်ခွဲခန်းထုတ်ဖော်ပုံ


၁။ ပုံတွင်ပြထားသော ပျားအုံစင်တွင် ကရိယာများကို စနစ်တကျ (နေ့စဉ်လုပ်ဆောင်နေကျအတိုင်း) တပ်ဆင်ပါ။

၂။ မိုးလင်းသောအခါ ရေမိုးချိုးပြီး ရုံးဆိုသော နောက်ထပ်ပျားအုံစင်တစ်ခုကိုလှမ်းပါ။

၃။ ရှစ်နာရီ သို့မဟုတ် ထို့ထက်ပိုသော နာရီပေါင်းများစွာ ရုံးပျားအုံစင်တွင်နေပါ။

၎။ အချိန်ပြည့်က အထက်ပါပျားအုံစင်ကို ပြန်လာပါ။

၅။ ပျားအုံစင်နှစ်ခုစလုံးတွင် အလှည့်ကျနေ၍ ရက်သုံးဆယ်ပြည့်သောအခါ သင်ထုတ်ဖော်လိုသော ငွေဆိုသောအရာများ ထွက်ရှိပါလိမ့်မည်။

နောက်ထက် ထပ်မံထုတ်ဖော်လိုပါ အဆင့် ၁ မှ ၅ အထိ အကြိမ်ကြိမ်လုပ်ပါ။

23 comments:

ရွှန်းမီ said...

အင်း.. သဘာဝပျားနဲ့ မတူတာက .. အင်း . . အဲ . . . ဖွပ်လိုက်ရင် မီးခိုးပဲ ပြန်ထွက်လာမှာ.. ဟူး . ..

Mogok Thar said...

ပျားကလေးတွေ ပန်းပွင့်လေးတွေ ရှိတဲ့ ပန်းခြံထဲ သွားသွားလည်တာကျ ပါဘူး။

khin oo may said...

စာထက်တောင် ဓါတ့်ပုံကေးလးကိုကြိုက်တယ်။

khin oo may said...

ဖော်မြူလာပေးနေတာကိုး

khin oo may said...

အချစ်ရျိရင်ပြည့်စုံပါတယ်။

မွန် said...

Lab ထဲက ရွာသားတစ်ယောက်ရဲ့ သီအိုရီကို သဘောကျလို့ပါ

ဖိုးသင်္ကြန် said...

ကဲဗျာ...ကြာပါတယ်
ပျားပဲ လိုက်ဖွတ်ကြတာပေါ့။

yehtutnaung said...

အိုင်ဒီယာလဲ လန်း...
လူတွေလဲ ဂွမ်း...
ဒီ formula တယ်စွမ်း။

Dr. Yi Yi Win said...

ငွေဟာ ပျားရည်လိုပဲ ချိုတယ်ပေါ့။ သစ်ပင်လေးတွေ သစ်ရွက်လေးတွေ လေမှာပျံဝဲတာလေးတွေ လည်း ထည့်ပါဦးလား။ ကဗျာချိုချိုလေးတွေ ထွက်လာအောင်လို့ ။

:P said...

မုတ်ဆိပ် ပျားစွဲ..
ဘာမှတော့မဆိုင်ဘူး.. သတိရသွားလို့...။ :)))

Htoo Aung Lwin said...

ရက်သုံးဆယ်ပြည့်အောင် ရုံးတတ်မလို့လား
၂၆ရက်လောက်ဆို တော်ရောပေါ့ ကိုရွာသားရာ

ဝေလေး said...

အင်း. ရက်သုံးဆယ်လုံးလား.....
ဓာတ်ပုံကမိုက်တယ်..... ခုကြည့်မှပဲ ပျားအုံနဲ့ပိုတူလာသလိုပဲ

မယ့်ကိုး said...

ဓာတ်ပုံရော စာရော လန်းတယ်။

ပန်းခရမ်းပြာ said...

Formula က လွယ်လွယ်လေး။
ချမ်းသာတော့မှပဲ။
ဒို့ကတော့ မနေ့က ရုံးပျားအုံစင်မှာ မရှိဘူး။
ခွင့်ယူပစ်လိုက်တယ်။
ဓာတ်ပုံလေးကို ကြိုက်တယ်။

WWKM said...

ဘာကြီးတုန်း ဒါက ..မပေါက်ပြန်ဘူး..း)))

သိသွားပါပြီ ရွာသားလေးရဲ့လျို့ဝှက်ဂျိုင်းခလုတ် အစ်မမှာလဲရှိသားပဲ.. အဟတ်..း))))မသိဘူးလေ..အစ်မက ရှင်းရှင်းပြောမှပေါက်တာ.း)

မိုးခါး said...

လုပ်နေပါတယ်ဗျာ .. ဒီပျားအုံစင်ကိုပဲ တ၀ဲလည်လည် .. :D

Rita said...

ပြောစရာ စကား မရှိပါ။
More than Words!

လင်းဒီပ said...

ငွေကျည်ဆံတွေ ပြေးနေတယ်...
ငါကိုယ်တိုင်က ပစ်မှတ်တစ်ခုလားဟေ့....
ငွေကျည်ဆံတွေ ပြေးနေတယ်..
ငါကိုယ်တိုင်က ပစ်ခတ်သူလားဟေ့..။

Rita said...

tremendous producing formula လေး ရရင်လဲ ပေးဦးနော်

sait phay yar said...

နောက်ထပ်ပျားတစ်အုံတော့ပါဘူး
ထည့်ရေး

NangNyi said...

ခုကို အကြိမ်ကြိမ်ကို ဖော်ထုတ်နေရတား(

NangNyi said...

ခုကို အကြိမ်ကြိမ်ကို ဖော်ထုတ်နေရတား(

Unknown said...

ဟားဟား တကယ်ပဲ
ရွာသားလေးဟာလေ တကယ့်ကိုပဲ
ဦးဏှောက်ကလေးကို ရွှေချထားချင်တယ်

ဖတ်ရင်းနဲ့  တကယ့်ကို သဘောကျပြီး ပြုံးမိတယ်
ဒီပိုစ့်လေးထဲက ဖော်မြူလာလေးကို သဘောကျမိတယ်