22 June 2009

ဘူတာရုံ


မကြာခဏ
ဖြတ်သွားကြလေရဲ့

အမြန်ရထားတဲ့
ပဲခူးအိပ်တဲ့
ကားရထားတဲ့
လော်ကယ်တဲ့
စာပို့တဲ့
သစ်ဆွဲတဲ့
ဈေးရထားတဲ့
ဒဂုံမန်းတဲ့
အထူးအမြန်တဲ့

ရပ်လိုက်ကြ
ဖြတ်လိုက်ကြ
ကျော်လိုက်ကြ
ဘော်လိုက်ကြ

ပျော်ကြမယ်ထင်လို့
အဖော်ရစေဖို့
တစ်ခေါက်လောက်လိုက်ခဲ့ချင်တယ်
ဘူတာရုံကို အကြုံမခေါ်ကြဘူးလား
ငါလိုက်ချင်လို့…….

26 comments:

Anonymous said...

ကျွန်တော် ၁ ယူချင်လို့ပါ :D

Anonymous said...

ကဗျာဖတ်ပြီး ရထားလာစီးတယ် ကိုရွာသား ... လာ မြို့ပတ်ရထား တူတူသွားစီးရအောင် လကမှတ်တော့ ကိုရွာသား စိုက် :D

Rita said...

တောင်ကို ဖြတ်လို့ မြစ်ကိုကျော်
ရထားတူတူအော်
တူတူအော်တဲ့ ရထားလေး
လှိုဏ်ခေါင်းထဲမှာပြေး

ဖိုးသင်္ကြန် said...

ပြေးတဲ့ရထား စီးဖို့ရာ
MRTခ မရှိပါ
ခေါက်တုန့်ပြန် လမ်းသာလျှောက်
ဘူတာရှေ့မှာ ချောင်းတွေပေါက်

မီယာ said...

ဘူတာရုံကြီးလည်း ခေါ်ချင်ပါတယ်
ရုံပိုင်ကြီးလည်း လာပါကွယ်
ရွာသားလေးနဲ့ အပေါင်းအပါများ
ပျော်ပျော်ခရီး သွားစို့လား
(ကြိုးစားကြည့်တာ လက်ကုန်ပဲ)

ကိုလူထွေး said...

အားရပါးရ ပြေးလိုက်ကြ
နောက်ဆုံးတွဲမှာနေရာရ

ရွာသားလေးက မျက်နှာရွှင်
ပြုံးပျော်မဆုံးပင်

အပျော်မဆုံးခင် ရထားပျက်
နောက်တွဲမပါ ရှေ့ဆက်ထွက်
ကိုလူထွေးလက်ချက်....

းဝ)

khin oo may said...

ခေါ်ချင်တယ။် ခင်လို့ပါ။

ဆန်းဝင်း said...

အကိုရေ…
ရုံးမှာ ကွန်ပျူတာ နေရာ ရွှေ့လိုက်တော့ ဘလော့ကို မရောက်ဖြစ်တော့ဘူး။
ချက်ချင်း အကြောင်းမပြန်နိုင်တာ နားလည်ပေးပါ။
အခုလို ပါဝင် လှူတန်းချင်တယ် ဆိုတာ သိရလို့ ၀မ်းသာပါတယ်ခင်ဗျာ။
အစက ကျွန်တော့်အနေနဲ့ ဘလော့ဂါ ၀န်းကျင်မှာ အလှူခံဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။
ကျွန်တော် လုပ်တဲ့ အလုပ်ကလဲ သိပ်အကြီးကြီးမှ မဟုတ်တာဗျ..
ကျွန်တော် ရွာက အဝေးရောက် လူငယ်လေးတွေနဲ့.. ရွာကျောင်းမှာ ပညာသင်ခဲ့ဖူးသူတွေ အဓိကထား စည်းရုံးဖို့ ရည်ရွယ်ပါခဲ့ပါတယ်။
ကျွန်တော်တို့ အဖွဲ့ ဆိုပေမယ့် ကျွန်တော်က တိုင်ခံ ပြောပေးရသူပါ.. စာအုပ်ဝယ်ဖို့ ပို့ပေးဖို့ကိုတော့ ရန်ကုန်က ကျွန်တော့ သူငယ်ချင်းက တာဝန်ယူလုပ်ပါတယ်။

အကိုတို့ မွန်မြတ်တဲ့လုပ်ငန်းလေးတွေ စုပေါင်းလုပ်ကိုင်နေတာကိုလဲ သိရပါတယ်..
အကို့ရဲ လှူဒါန်းမှုကို ကြိုဆိုပါတယ်အကို။
ကျွန်တော့ ဖုန်းနာပါတ် 81084170 ပါ။

ကိုရင်နော်ခင်လေးငယ် said...

ဘူတာရုံကို သွားရင် ဒို့တွေလည်း လိုက်မယ်..

နွေးနွေးသဲမွန် said...

ဘူတာရုံကိုလွမ်းမိတယ်...

ပန်းခရမ်းပြာ said...

ရထားပျက်လည်း ပြုံးဆဲပင်
မောင်ရွာသားလေး မျက်နှာရွှင်
ထိုင်ခုံပေါ်မှာ ခပ်ကွေးကွေး
Air-cond လေးနဲ့ အိပ်တယ်လေး ….

sait phay yar said...

ကြောက်တယ်....

Mogok Thar said...

လူတကာဆုံတဲ့ ဘူတာရုံကို
လူကြုံ လိုက်ခဲ့တယ်။
ရွာစားက “ဘူတာရုံကို အကြုံမခေါ်ကြဘူးလား” မေးပီး ဒိတပါတ်လုံး ဘူတာရုံကို ပတ်ပြေးနေတယ်။

capricorn said...

ဟုတ်...ပျောက်ဆို off day လည်းတခြားရောက်နေလို့ အစ်ကိုရေ..off မဟုတ်ရင် split shiftဆိုတော့
တစ်နေကုန်...hotel မှာပဲလေ..ပြောပြဖူးပါတယ်..
စာတွေ အရမ်းရေးဖြစ်နေတယ်နော်...ကောင်းလိုက်တာ

သက်ဝေ said...

ကိုရွာသားက Clementi မှာနေတာလား...
ဒါဆို လမ်းလဲကြုံပါတယ်... ခေါ်လဲ ခေါ်ချင်ပါတယ်... လိုက်ချင်တဲ့အခါ E Mail ပို့လိုက်ပါ...

သက်ဝေ said...
This comment has been removed by the author.
တန်ခူး said...

အိမ်ရှေ့ က အမြဲဖြတ်သွားနေတဲ့ ဒီကရထားကို မေ့ပြီး ခိုင်ထူးသီချင်းထဲက ရထား၊ ထူးအိမ်သင်သီချင်းထဲကရထား… ငယ်ငယ်တုန်းက ရင်ခုန်စွာစီးခဲ့ရတဲ့ ရထားကို တို့ လဲအမြဲလွမ်းနေမိတယ်… ခေါ်မဲ့သူရှိရင်ပြောပါဦး… တို့ လဲလိုက်လို့ ရမလားလို့ ….

Rita said...

အမယ် comment က ကဗျာတွေက ပိုကောင်းသေး

ကောင်းကင်ပြာ said...

အမ mrt သွားမလို့ လိုက်မလားလာခေါ်တာ:)

ကောင်းကင်ပြာ said...

အမ က braddell mrt ကွ

ကောင်းကင်ပြာ said...

တန်ပူရာ ကျော်ခိုင်းတာ ရွာသားပြန်မလာတော့ဘူး၊ ခက်ပ

ကဗျာမလေး said...

ဘူတာရုံ အကြုံခေါ်ချင်ပါရဲ့ ... ဗုံးပေါက်တော့ ဘယ့်နှယ်လုပ်မလဲ ... ဟီး :P

JulyDream said...

ရှယ်ပဲဗျာ ဓါတ်ပုံ မိုက်တယ်။

ကဗျာတော့ မပြောတတ်ဘူး။

မိုးခါး said...

အမ်အာတီကို အစအဆုံးလိုက်စီးကြတာပေါ့ :D

Phyo Maw said...

ကလီမန်တီ ထင်ရဲ့။

Unknown said...

လာ
လိုက်ခဲ့
ရထားသွားစီးမယ်
MRT ကဒ်တော့ ပိုက်ပိုက်ဖြည့်ခဲ့

ကဗျာလေးဖတ်ပြီး ကျောင်းတက်တုန်းက
ရန်ကုန် -မန်းလေး ရထားလွန်ပြန်စီးခဲ့တာကို အမှတ်ယမိတယ်
ရှည်လျားတဲ့ ညတွေပါပဲ
ပြတင်းပေါက်က တိုးဝင်လာတဲ့လေအေးအေးရယ်
ညမှောင်၂မှာ မြင်နေရတဲ့ ကောင်းကင်က ကြယ်တွေရယ်
ပြန်မရနိုင်တော့တဲ့ အချိန်တွေရယ်ကို လွမ်းမိတယ်