14 June 2009

တခဏ


တကယ်ကို ခဏလေးပါ


မင်းကိုထိတွေ့ခွင့်ရတဲ့

ခဏတာလေးပါ


မင်းလန်းဆန်းမယ်ဆို

ဖျတ်ခနဲ ကုန်သွားလည်း

ဒီခဏတာအတွက်

ငါကျေနပ်ပါတယ်


တွဲလွဲခို

မင်းအပါးမှာ

ရပ်နားခွင့်မရှိလေတော့

လျှောခနဲ

ငါအကျမှာ


ခိုခဲ့ရ အဲ့ခဏကို

မက်လို့မဆုံး..............

36 comments:

Anonymous said...

Photo က အရမ်းလှတယ် အနီရောင်က ရဲပြီးကြွနေတာပဲ ..
တခဏ ကဗျာလေးလည်း အရမ်းသဘောကျတယ် ...
စာလုံးနဲနဲနဲ့ ပေါ်လွင်နေတာပဲ ...

khin oo may said...

နေဒေးသစ်ကိုမနာလိုဘူး။

khin oo may said...

စာလုံးနဲနဲနဲ့ ပေါ်လွင်နေတာပဲ ...

(နောက်ကို နဲနဲဘဲရေးပါ)

khin oo may said...

တကယ်ကို ခဏလေးပါ
မင်းကိုထိတွေ့ခွင့်ရတဲ့
ခဏတာလေးပါ
(လက်ကလေးကိုင်ခဲ့တယ်)


မင်းလန်းဆန်းမယ်ဆို
ဖျတ်ခနဲ ကုန်သွားလည်(ကောင်မလေးက ရုပှ်ရင်သွားကြည့်မယ်လေို့ပြောတော့သူပိုက်ပိုက်တွေ ဖျတ်ကနဲကုန်သွားတာပေါ့။)

ဒီခဏတာအတွက်
ငါကျေနပ်ပါတယ်
(ကျေနပ်ပရမှာပေါ့)


တွဲလွဲခို
မင်းအပါးမှာ
ရပ်နားခွင့်မရှိလေတော့
လျှောခနဲ
ငါအကျမှာ
ွှ(အဲဒီမှာ ကောင်မလေးက ရှက်ပြီးတွန်းချလိုက်တယ။်)


ခိုခဲ့ရ အဲ့ခဏကမက်လို့မဆုံး..............
(ဟိ-ိ)

khin oo may said...

ကဗျာလေးသိတ်ကောင်းတယ။်

Rita said...

အမလေး ရှေ့မှာ ၅ ယောက်တောင် ရှိပဟဲ့လို့ ထင်တာ လက်စသပ်တော့ မမKOM ချည်းပဲ ၄ ခါ။

"သစ်ရွက်ဖျားမှာ ခိုတွဲနေတဲ့ နှင်းပေါက်ကလေးလို" ပေါ့လေ။
ရေးထားတာလေး ကောင်းတယ်။
ပန်းပွင့်ချပ် အစွန်းလေးမှာ ခိုတွဲနေတဲ့ ရေစက်ကလေးလို လျှောခနဲကျသွားမယ် ဆိုလဲ ကျေနပ်တယ်ပေါ့။

(အင်ဂျင်နီယာများ နုချင်တော့လည်း သူတို့ပဲ။
မှတ်ချက်။ ။ ဂျူလိုင်ဒွင်းတော့ မပါ။ သူက လူကြမ်းမင်းသား။)

Rita said...

အော် ရေးနေချိန်မှာပဲ နောက်တခါ
မမက ရွာသားကို သိပ်အားပေးတာပဲ

khin oo may said...

စိတ်ဆိုးလားဟင်...

khin oo may said...

ထပ်အားပေးသွားတယ။်

ကောင်းကင်ပြာ said...

ပုံရော ကဗျာရောကြိုက်တယ်

မွန် said...

ရေပေါက်ကလေးက ပြောတဲ့စကားပေါ့နော်

:P said...

မမကေအိုအမ်.. ဓာတ်ပုံနဲ့ ကဗျာဖတ်ပြီး
တွေးနေရာက ထ ရီမိအောင် မန့်နိုင်ပါပေတယ်...။

ကောင်မလေးက ရှက်ပြီးတွန်းချလိုက်အောင် ရွာသား ဘာတွေလုပ်...?????

Anonymous said...

ပန်းလှတာလေးက ရင်ကို ဘယ်လိုလာထိမှန်းမသိဘူး။
ခိုခဲ့ရ အဲ့ခဏဆိုတာလေးမှာ အဲ့ခဏ(အဲ့ဒီခဏလို့မှတ်လိုက်တယ်)
စကားမပီတာလား၊ ဓလေ့သုံးလား။
အဲလို(အဲဒီလို)မျိုးလေး ရေးတတ်ချင်လိုက်တာ။

ပွင့်မြုးဇင် said...

အရမ်းကောင်းတဲ့ ကဗျာလေးပါ... စကားလုံးတိုင်းမှာ လေးနက်တဲ့ အဓိပါယ်တွေရှိနေတယ်... အရမ်းကြိုက်ပါတယ်...

သီဟသစ် said...

ကိုရွာသားရဲ့ လွမ်းချင်းရော

မမkom ရဲ့ တမ်းချင်း(ဟာသ) ကိုရော ဖတ်သွားပါတယ်

ခင်မင်စွာဖြင့်
သီဟသစ်

WWKM said...

လက်ဆွဲလိုက်လို့ပါဆို... စင်စင်ကလဲ မပေါက်ဖူး။ :P

မင်းကိုထိတွေ့ခွင့်ရတဲ့ ခဏလေးတဲ့.. အဟမ်းဟမ်း

ရွာသားလေးရဲ့ရိုက်ချက်ကပြင်းတယ်.

WWKM said...

ရွာသားလေးရဲ့အိမ်ကနေ မရောက်ဖူးသေးတဲ့အိမ်တွေ
တစ်အိမ်ပြီးတစ်အိမ်လျှောက်လည်သွားတယ်.း)
စီဘုံးမရှိလို့ ဒီမှာအော်ခဲ့တယ်..

ဒါနဲ့ နောက်တခါဆိုရင် လျှောခနဲမကျစေနဲ့..း))

ရွှန်းမီ said...

ပန်းပွင့်ပေါ်က ရေပေါက်လေးတွေ လှလိုက်တာာာ ..

ပန်းပွင့်လေးကလည်း . . .
'ရေပေါက်ကလေး
လိမ့် ပြေး မသွားနဲ့' လို့
မခို့တရို့  ရီရင်း
သီချင်းစပ် ဆိုနေသတဲ့ကွယ်..

ကိုလူထွေး said...

ထိကရုံးပန်းကလေးရဲ့ အလှ
မင်းငါ့ကို လာထိတဲ့ ခဏမှ
ငါ... ဟနေရာကနေ
ပြန်စေ့သွားခဲ့တယ်...

ဘာရယ်မဟုတ်ဘူး... ရွာသားကို သတိရလို့ လက်တန်းစပ်လိုက်တာ...

းဝ)

(စာကြွင်း... ကွန်မန့်လိုက်မပေးရဆိုပေမယ့်.. ကိုလူထွေးအိမ်က ချွင်းချက်)

Moe Cho Thinn said...

ပုံလဲ လှ၊ ကဗျာလဲ လှ။
မkom ပြောမှ ရီလဲ ရီရ။

PAUK said...

ကဗျာကို သိပ်နားမလည်ပေမယ့်..
ဒီကဗျာလေးက နားလည်လွယ်တယ်...

Mogok Thar said...

ဓာတ်ပုံလေးကလှ
ကဗျာလေးကလှ
ရွာစားလဲ ချောတော့
(အဲလို)
လျောလျောကျ။
ဟ ဟ ဟ...
:-p

အိုင်လွယ်ပန် said...

ဟုတ်ကဲ့ပါ ကိုရေစက်ရယ် :)
ပုံကော ကဗျာကောနှစ်သက်မိပါရဲ့ ....

ဖိုးသင်္ကြန် said...

သြော်................
ဟဲ
ဟဲ
ဟဲ

ကဗျာမလေး said...

ရေပေါက် ကလေးဘက်ကပဲ စပ်သွားတာလား... ပန်းကလေးဘက်ကိုလည်း ငဲ့ကြည့်လိုက်ပါဦး ... သူ့မလည်း ခံစားချက် တစ်စုံတရာတော့ ရှိပေမပေါ့နော်
အားပေးလျက်၊ လေးစားလျက် :)

Htoo Aung Lwin said...

ခဏလေးပဲလား
လွမ်းနေရစ်အုံးမယ်ပေါ့
နေပါစေလေ တဘဝစာလောက်တော့
ပေးနေခွင့်တောင်းပေးလိုက်ပါနော်..............

sait phay yar said...

ကိုကို့စာသားတွေလန်းနေတာဘဲ..
ပန်းလေးလိုဘဲ

သက်ဝေ said...

ကဗျာနဲ့ ပန်းပွင့်လေးရဲ့ အလှကို
မမခင်ဦးမေရဲ့ ဟာသနဲ့ တွဲဖတ်သွားပါတယ်...
အင်ဂျင်နီယာများ နုချင်တော့လည်း သူတို့ပဲ ဆိုတဲ့ ရီတာ့ရဲ့ မှတ်ချက်ကိုလဲ ရယ်သွားပါတယ်...
ကဲ ပြောကုန်ကြပြီ ကိုရွာသားရေ... ဘယ်လိုလုပ်ကြမလဲ...

ဝေလေး said...

ဓာတ်ပုံလေး သိပ်ကြိုက်တယ်။ အနီရောင်..... လှတယ် တစ်ကယ်ပဲ.....
ကဗျာကလည်း နုရွလှပ...... :D

ကြည်ဖြူပိုင် said...

ကိုရွာသားရေ..ကိုရွာသားသိတယ်ဆိုတဲ့ weekly eleven နဲ့airmandalay ကလူတွေကိုနာမည်လေးတွေပြောပြပါဦးဗျ။ weekly eleven မှာတော့ ၃လပဲလုပ်ခဲ့ရတော့ အကုန်သိဖို့မသေချာ။ airmandaly ကလူတွေတော်တော်များများတော့ ဒီရောက်နေပြီဗျ။ စကားမစပ် ကိုရွာသားရဲ့...၁၀၁ အကြောင်းရယ်။။ အကြောင်းအရာတချို့ရယ်ကို ဘလော့ဂ်တစ်ခုကို မျက်စိလည်ရောက်သွားရင်းသိခဲ့ရတယ်ဗျ။

ကြည်ဖြူပိုင် said...

အသေသတ်ပြောပြဘူး။။။။။။။။။။။။။။။။။။။။။။။။။။။ကိုရွာသားသိတယ်ဆိုတဲ့လူတွေက who?

တန်ခူး said...

စကားပန်းလေးပေါ်က ရေစက်လေးတွေရယ်… ဒီကဗျာလေးရယ်… ခံစားပြီးတော့ မြက်ဖျားနှင်းကို လွမ်းသွားတယ်…

ကြည်ဖြူပိုင် said...

ဟမ်း....မောင်မင်း..အသင်ဟာဘယ်သူတုန်း....နောက်ကွယ်မှာ ပုန်းမနေပါနှင့်။ ထွက်ခဲ့လော့...ထွက်ခဲ့လော့......ဂျပန်စာတတ်တာ? ပြီးတော့...အင်ဂျင်နီယာမသူငယ်ချင်း ? စဉ်းစားရင်းနဲ့ခေါင်းရှုပ်ရပါပြီ။။။။။။။။။။။။။။။။။။။။။။ယူက အိုင့်ထက် ၁ နှစ်ကြီးတယ်လေဗျာ.............သိတော့ဘူး။ရုပ်ပြပေရော့မောင်မင်း

ရွှေပြည်သူ (ShwePyiThu) said...

ရေပေါက်လေးကို ဖွဲ့ထားတာဆိုတော့ ကိုရွာသားအကြောင်းတော့ မဖြစ်နိုင်ဘူး။ ကိုရွာသားဆိုရင် ရေပေါက်မဟုတ်ဘဲ Super Glue ဖြစ်နေမှား)))

စကားမစပ်... ဒီဘလော့က ဓာတ်ပုံတွေကို ကြည့်မိတိုင်း Camera ကြီးကိုပဲ မြင်မြင်နေတယ်။ ရတော့မှာပါ။ ဝယ်ဖို့ မုန့်ဖိုးပေးမယ့်သူ ရှိတယ်း))

ဂရေစ့် said...

ဒီထိဖတ်ပီးသွားပီ။ လူတွေအများကြီးဝိုင်းအုံမန့်နေတော့ နာလိုပါဘူး။ အသစ်တပုဒ်ပဲတင်ရသေးတာပါနော်။
တကယ်တဲစိတ်ကလဲကောက်ရသေး။ ဖုန်းခေါ်တာမကိုင်မိလို့။ ငိုချင်ရက်လက်တို့ပေါ့နော်။
ကဗျာလေးကတော်တော်ကောင်းတယ်။
ဟဲ..ဟဲ....
ကျိတ်ချိုးနဲ့နော်

Unknown said...

သိပ်ကောင်းတာပဲ
ရေးထားတာလေး
တို့ ကတော့ ပန်းလေးပဲ
ရေစက်လေးတော့ မဖြစ်ချင်ဘူး
လျှောကနဲ ကျသွားမစိုးလို့ 

ဒါ့ပုံ ရိုက်ချက်လေးမိုက်တယ်