အိပ်မက်မြို့တော်
ငယ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ အိပ်မက်ထဲကမြို့လေးတစ်မြို့။
ကျောင်းပြီးကာစ အလုပ်မရခင်စပ်ကြားမှာ Dangerous Beauty ဆိုတဲ့ ရုပ်ရှင်လေးကိုကြည့်မိတယ်။ ရင်ထဲကိုဝင်ရောက်စွဲငြိစေခဲ့တဲ့ ဇာတ်ကားလေးပါ။
မိန်းမလှလေးတစ်ယောက်ရဲ့ အချစ်နဲ့ ဘ၀။ သူချစ်ကျွမ်းဝင်တဲ့သူနဲ့ လွဲခဲ့ရတယ်။ သူ့မိခင်ရဲ့ အမွေကို ဆက်ခံဖို့ courtesan ဆိုတဲ့ ဘ၀ကိုရွေးချယ်ခဲ့ရတယ်။ courtesan ဆိုတာကလည်း လွယ်လွယ်မှတ်လို့။ လမ်းလျှောက်တာကအစ စကားပြောတာ ပြုံးတာ ရီတာအဆုံး ပုရိသတွေအသည်းကို ဆွဲလှုပ်နိုင်ဖို့ နည်းမျိုးစုံ သင်ရတော့တာပါပဲ။
လှပပြီး ဥာဏ်ပညာထက်မြက်တဲ့ သူ့အတွက် အရာအားလုံးကိုဖြတ်ကျော်နိုင်ရုံမကပါဘူး တစ်မြို့လုံးကို ကျော်ကြားသွားခဲ့တာပါ။ သူမနဲ့ ချစ်ပွဲဝင်လိုတဲ့ အရာရှိတွေ ပညာတတ်တွေ ချဉ်းကပ်သူတွေကြားမှာ ကျော်ကြားလွန်းလှတယ်။
ငယ်ချစ်နဲ့ပြန်ဆုံပြီး သူများတကာလိုပဲ ပျော်ပါးချစ်ခင်ခွင့်ရခဲ့ပေမယ့် ထာဝရပိုင်ဆိုင်မယ့် အချစ်မျိုးမဟုတ်ပါဘူး။ သူ့ချစ်သူက တကယ့် အထက်တန်းမျိုးရိုးကပေါက်ဖွားလာတာမို့ အချိန်တန်ပြီဆိုကတည်းက သူနဲ့ သင့်တော်သူဆိုသော အိမ်ထောင်ဖက်နဲ့ အိမ်ထောင်ရက်သား ချခဲ့ပြီးလေ။ ဒီအတွက်ကြောင့်လည်း သူတို့နှစ်ယောက်ဝေးနေခဲ့ရတာ။ ပူဆွေးနေခဲ့ရတာပါ။
ဒီအချစ်ဇာတ်လမ်းလေးနဲ့အတူ ကျနော့ အိပ်မက်မြို့လေးက တကယ့်ကို ပီပြင်လာခဲ့တာပါ။ ရုပ်ရှင်နဲ့အတူ နောက်ခံမြို့လေးက ကျနော့ကို စွဲဆောင်ထားခဲ့တယ်။ မြို့လေးထဲမှာ လှေစီးကြတာလေးတွေ။ ရေပြာပြာလေးတွေနဲ့။ ကျနော့အိပ်မက်ထဲက မြို့လေးတစ်မြို့ ပီပီပြင်ပြင် အရုပ်ထင်နေခဲ့တာ။
အိပ်မက်ဆိုတာက အပြင်မှာလက်တွေ့ဖြစ်ချင်မှ ဖြစ်တတ်တာမျိုးလေ။ တကယ်တမ်းနေမယ်ဆိုရင်လည်း နေဖြစ်မယ်မထင်ပါဘူး။ မြို့လေးလှတာနဲ့ပဲ နေရရင် ကြာရှည်နေဖြစ်မယ်တော့မထင်။ ဒါပေမယ့် တစ်ခါတစ်ခေါက်တော့ ရောက်ဖူးတယ် ရှိအောင် သွားချင်မိတယ်။ အခါအခွင့်သင့်ရင်ပေါ့လေ။ အိပ်မက်ထဲက မြို့ရေ…….
ရည်ရွယ်တဲ့မြို့ငယ်
အနှစ်နှစ်ဆယ်ပို့စ်မှာရေးခဲ့ဖူးပါတယ်။ ကျနော် တစ်လလောက်နေခဲ့ဖူးတဲ့ မြို့လေးပါ။ နွေရာသီကျောင်းပိတ်ရက်တိုင်း ကျနော်က ဘုန်းကြီးကျောင်းသားပါ။ ဧ၀ံမေသုတံကို မရ မချင်း အိမ်မပြန်ရတဲ့။ သုစိပုဘာကိုလည်း ကြောင်ပုဇွန်စား ကျွပ်ကျွပ်ဝါးရမတဲ့။ ဆရာတော်ကို အဲ့ဒီမြို့ခံတွေက အလှူဖိတ်တာမို့ ဘုန်းကြီးကျောင်းသား ကျနော်က ကန့်လန့်ကန့်လန့်နဲ့ပါသွားခဲ့တာပါ။
အလှူက ချက်ကျွေးတဲ့ မုန်ညင်း ၀က်သားပါးပါး ဟင်းချိုကိုလည်း ကြိုက်သွားမိတယ်။ မနက်ခင်းမှာကျွေးတတ်တဲ့ တို့ဟူးကြော်နဲ့ ကော်ဖီကိုလည်း စွဲလမ်းတယ်။ ညနေတိုင်းလမ်းလျှောက်ဖြစ်တဲ့ ကန်တော်ကြီး ပတ်ဝန်းကျင်ကိုလည်း လွမ်းမိပါတယ်။
အမြဲလျှောက်သွားနေကျ ကျနော့ကို မြို့ခံတွေက လမ်းပျောက်မှာမပူပါနဲ့တဲ့။ ဒီမြို့မှာ အမြင့်ဆုံးသစ်ပင်က ဒီ ဘုန်းကြီးကျောင်းဝင်းထဲမှာ ရှိတာပါ။ နေရာတကာကကို မြင်သာထင်သာပါတယ်တဲ့။ အပင်ကိုမှန်းပြီး ရမ်းသာလျှောက်ခဲ့ပါ။ ကျောင်းပြန်ရောက်ဖို့ အလွယ်လေးဆိုပဲ။
ပြောမယ့်သာပြောတာပါ။ အဲ့ဒီမြို့လေးက ကျနော့ကိုဒဏ်ရာတွေပေးခဲ့ပါတယ်။ မြို့ကအပြန် လက်ဆောင် အဖြစ်ငှက်ဖျားလေး သေသေချာချာကို ထည့်ပေးခဲ့တာ။ မနက်မှာကောင်းပြီး ညမှာ အဖျားတွေတက် ချမ်းလွန်းလို့ ခိုက်ခိုက်တုန် ကမ္ဘာကြီးကလည်း သင်္ဘောမုန်တိုင်းမိသလို ပင်လယ်ထဲ ချာချာလည်နေသလား အောက်မေ့ရတယ်။ ကုတင်တိုင်ကိုင်တာတောင် လူက ယိုင်တိုင်တိုင်။ ခံရခက်တဲ့ ဝေဒနာမို့ ဒီမြို့ကို အစွဲပိုစေခဲ့သလားမသိ။
ဒါပေမယ့် စိတ်မနာနိုင်ပါဘူး။ အဲ့ဒီမြို့လေးမှာအခြေချဖို့ တိုင်ပင်မိခဲ့တယ်။ ဖြစ်နိုင်ရင်ပေါ့။ အေးဆေးတိတ်ဆိတ်ပြီး ချစ်စရာကောင်းတဲ့ မြို့လေးမှာ နေထိုင်ခွင့်ရဖို့ ရည်ရွယ်ထားပါတယ်။
အဲ့ဒီမြို့နှစ်မြို့က ကျနော်အနေချင်ဆုံးမြို့နှစ်မြို့ပါပဲဗျာ။ တစ်မြို့က အရမ်းကြိုက်ပါတယ်။ ဒါပေမယ့် နေဖို့မဖြစ်နိုင်ပါဘူး။ နောက်တစ်မြို့ကတော့ အသက်ဆုံးတိုင် နေဖို့ရည်ရွယ်ထားတာမို့ မြို့လေးကို ၀င်ဖြစ်ခဲ့ရင် အလည်တစ်ခေါက်လာရောက်လှည့်ပါခင်ဗျာ………….
မမိုးခါးရေ ကျေနပ်ပျော်ရွှင်နိုင်ပါစေနော်……………….
အိုနာသခေရီးအစသို့ ကိုးရကျတာ..
-
ကျမ တရားစခန်းဝင်တယ်ဆိုတော့ အကြောင်းသိတချို့က အံ့ဩကြတာလည်း ရှိ..
သာဓုခေါ်ကြတာလည်း ရှိပါတယ်။
ဟုတ်တာပေါ့... ကျမက တရားထိုင်တယ်ဆိုတဲ့ ဘာဝနာကိစ္စနဲ့ အတော်အလ...
2 months ago
25 comments:
ဝေဟေဟေးဟေ....first
ထပ်လာဖတ်ဦးမယ်။
သူမဖတ်ဘဲရေးသွားလို့ မဟုတ်ရင် တို့ဘဲ။
မနေ့က နေဒေးသစ်.ဒီနေ့ ကြည်ဖြူပိုင်း ဟွန်း။
ဒုတိယမြို့လေးမှာ အေးချမ်းစွာနေနိုင်ပါစေဗျာ
လာလည်မယ် ၀ိုင်တွေ စိမ်ထားလိုက်
ခင်မင်စွာဖြင့်
သီဟသစ်
မိမိ ဘဝနဲ့ မိမိ စိတ်ကို ပျော်ရွှင်ကြည်နူးစေမယ့် မြို့လေး မှာပဲ ပျော်ရွှင်ကြည်နူးစွာနဲ့ ထာဝရ အခြေချနိုင်ပါစေ ..
နေဒေးသစ်။
နေချင်သော မြို့တိုင်းမှာ တအိမ်တယာ ထူထောင် ပူလောင် အဲလေ.. ပိုင်ဆိုင် ပျော်ရွှင်နိုင်ပါစေဗျာ။ နေမကောင်းတာတောင် တက်တုန်း။
မြို့ လေးရဲ့ အစားအသောက်တွေက
သွားရည်ကျစရာ :)
ဗိုက်ဆာသွားပါသည်.. :-)
ရည်ရွယ်ရာ မြို့လေးမှာ အခြေတကျ ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေလို့
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ကျေးဇူးတင်ပါတယ် ကိုကိုရွာသားရေ... ဗမာ့စောင်းအတွက်
မြို့ပြန်တိုင်း
ကိုရွာသားအိမ် ၀င်လည်ပါ့မယ်..
ဟိတ် ရွာသားလေး မြို့တွေနဲ့ ပဲပတ်သတ်နေပလား..
မြို့လေးတွေကို ချစ်တတ်သပေါ့နော်.........
မြို့လေးတွေ လှတဲ့အကြောင်း
စာဖတ်သူတွေ သိရပြီ..း)
အိပ်မက်လေးတွေ
လှပနိုင်ပါစေ
လာဖတ်သွားတယ်ဗျ :)
ဒါပေမယ့် စိတ်မနာနိုင်ပါဘူး။ အဲ့ဒီမြို့လေးမှာအခြေချဖို့ တိုင်ပင်မိခဲ့တယ်။
ဘယ်သူနဲ့တိုင်ပင်တာတုန်း...ဘယ်မြို့လဲတော့...
(၀င်လည်ရအောင်...မေးတာပါ)
နေချင်တဲ့မြို့၌ နေနိုင်ရပါစေကြောင်း..
လာပြန်သည်။
ဘာဖြစ်လို့ ပဟေဠိတွေနဲ့ ရေးချင်တာလဲဟင်။
အိပ်မက်မြို့တော်ကို ၀ှက်ထားပြန်ပြီ။
နေချင်တဲ့မြို့ငယ်လေးမှာ အိမ်နီးချင်းလာဖြစ်ရင်တော့ အိမ်ရှေ့ပက်လက်ကုလားထိုင်ပေါ်မှာ မျက်မှန်ထူထူနဲ့ သတင်းစာထွက်ဖတ်နေမှာ မြင်ယောင်ပါတယ်။
ဒါနဲ့ နောင်အနှစ်နှစ်ဆယ်ရောက်ရင် နေချင်တဲ့မြို့ငယ်လေးက သာယာလှတဲ့ခြံလေးနဲ့အိမ်မှာ တယောက်ယောက် အပို ရှိမနေသင့်ဘူးလား။ (ထည့်ရေးတာ တခါမှမမြင်လို့ပါ)
လာလည်တော့မှ မသိချင်ယောင်မဆောင်ပါနဲ့..... ဟွန်း ဟွန်း
တင်္ဂပို့စ်ပေမယ့် အရေးတော်တော့ ကဗျာသိပ်ဆန်တာပဲ
ဘယ်မြို့လေးလဲ မသိရတာလေးကိုက မဖောက်ရသေးတဲ့ လက်ဆောင်ထုပ်လေးလို ရင်တလှပ်လှပ် ခံစားချက်ပေးတယ်
ဘယ်မြို့လဲ
အင်း
သူလဲ တော်တော် ပုစ္ဆာဆန်သား :D
ရောက်သွားရင် လှမ်းသတင်းပေးလေ
လာလည်ရအောင်
ငှက်ဖျားတော့ လက်ဆောင်ထည့်မပေးနဲ့ဗျို့ :D
နောက်ကျသွားတာစိတ်မရှိပါနဲ့နော်
ပတ်ပတ်လည်မှာ ဂျပန်တွေ ၀ိုင်းနေလို့ပါး(
ရည်ရွယ်တဲ့ မြို့ ငယ်လေးမှာ အေး၂ချမ်း၂ နေနိုင်ပါစေ
လာလည်ရင်တော့ မက်မန်းဝိုင်လေး တခွက်လောက် တိုက်ပါ
လက်တွေကျကျနေနိုင်တဲ့သူဖြစ်အောင် အဲ့မြို့ သူကိုယူပါလို့  အကြံပေးသွားတယ်
If i'm not wrong, the first city you want to refer is, Venice, right? (I did not watch that movie but I can sense it. :P)
Venice is a very first place I have always wanted to visit since 3rd grade. It is one of my favorite destinations outside Myanmar.
Never give up your dream. One day you will have a chance to visit there. I still haven't accomplished my dream yet. Hopefully one day ... I will. :)
Post a Comment