11 June 2009

လှေခါး


တကယ်တမ်းတော့
ငါဟာဖြန့်ခင်းထားလျက်သားပါ
နင်းသွားတဲ့ ခြေလှမ်းတိုင်း
ခလုတ်မထိစေဖို့ ဆန္ဒပြုပါတယ်

အဆင်းကျော့ကျော့
အတက်မော့မော့ရယ်မို့
ဆင်းစဉ်တုန်း ပြုံးမပြပေမယ့်
တက်နေသခိုက်တော့ မုန်းကိုမုန်းကြမှာပါ

အပမ်းရယ်မကြီးစေဖို့
ခရီးဝယ်အဆင်ပြေစေကြောင်း

ကုန်းရုန်းလို့အထ
ခေါက်ရိုးတွေအဆစ်ဆစ်နဲ့
တဗျစ်ဗျစ်မြည်နေလျက်က
တစ်ထစ်ချင်း ပြန်ဖြည်မရတော့တဲ့
ဒီလှေကားဘ၀မှာ
ဘယ်နှစ်ထစ်ရယ် ရေမနေကြပါနဲ့
မုန်းမုန်းရယ် ခြေသံပြင်းနဲ့
နင်းလိုက်ပါတော့.....

34 comments:

ကြည်ဖြူပိုင် said...

ဟေဟေးဟေးဟေ.........ပထမရတယ်ကွယ်

ကြည်ဖြူပိုင် said...

ကောင်းတယ် idea လဲကောင်းတယ်။ ရေးသားပုံလည်းကြိုက်တယ်။ အနော်အဲဒိလှေခါးလေးကို မြင်ဖူးတယ် :D

PAUK said...

စီဘောက်စ်လဲမရှိဘူး..
ကဗျာလာဖတ်တာ...

khin oo may said...

အတွေးလေးကောင်းတယ။် လှေခါးထစ်မြင်ရင် မရေပါဘူး. တလှမ်းချင်းဘဲတက်သွားတယ။် အပေါ့်ရောက်ဘို့ကူညီတဲ့အတွက်ကျေးဇူးတင်နေမှာပါ။
စာသားလေးတွေ လည်းလှတယ်။

khin oo may said...

လှမှာပေါ့။ကီးဘုတ်ကြီးနဲ့ရေးတာကိုး။

ရွှန်းမီ said...

ခြေသံပြင်းပြင်း မနင်းပါဘူး. .ခြေထောက်နာမှာစိုးလို့.. အထူးသဖြင့် လှေကားဆိုရင် အသာလေးနင်းတယ်.. အဆင့်တွေကိုကြောက်လို့း-)

အိုင်လွယ်ပန် said...

အတွေးလေးကောင်းသဗျ

ThuHninSee said...

စက်လှေကားလေးဆိုကောင်းမှာ။ နင့်အစ်မ ငပျင်း
း)

ကိုလူထွေး said...

လှေခါးတက်တယ်ဆိုတော့ လှေခါးဆုံးရင် ဘာရောက်မလဲ ဆိုတဲ့ မျှော်လင့်ချက်လေး ရှိနေလို့ပေါ့...

ကျိုက်ထီးရိုးဘုရားကြီးကိုရောက်ဖို့
လှေခါးတွေ လှေခါးလို့တောင် ခေါ်လို့မမည်တဲ့ တောင်ကုန်းတွေ ဘယ်နှစ်ခုဖြတ်ခဲ့ရသလဲ...

အတွေးလေးကောင်းတယ်...
(အပျင်းကြီးသူတွေအတွက်လဲ စက်လှေကား ဆိုပြီး ကဗျာတပုဒ်ရေးပေးလိုက်ပါဦး ရွာသားရေ)

းဝ)

မွန် said...

အတက်မှာမောလို့ မုန်းလိုက်
အဆင်းဆို ပြုံးလိုက်
အတက်မှာ အမြင့်လှမ်းမှာမို့ ရွှင်လန်းလိုက်
အဆင်းမှာ ဒလိမ့်ကောက်ကွေးမို့ ဆွေးလိုက်
ကိုယ့်ဘဝကို ရှေးရှုလွန်းနေလို့
ကိုယ့်ခြေထောက်အောက် လှေကားကို သူတို့မေ့ကြတယ်
ကိုရွာသားလေးပြောတဲ့ ခေါက်ရိုးကျိုးနေတဲ့ လှေကားကို စိတ်ထဲမှာဖြန့်ခင်းပြီး သယ်သွားပါတယ်

ဂျူနို said...

တချို့ လူတွေက လှေခါးနဲ့ တူတယ်။ဒါပေမဲ့
သူတို့ ကို ကိုယ်တို့ က လှေခါးလောက်တောင် သတိမရကြပါဘူး။
ဖုန်မသုတ်ပေးဘူး။ ဆေးမသုတ်ပေးဘူး။ နာနေ ကျိုးနေလည်း လူလှေခါးတွေကို မေ့ထားလိုက်တာပဲ နေသာ သလိုပေါ့။

နွေးနွေးသဲမွန် said...

စာသားလေး ရော..ကာရန်လေးရော...အတွေးလေးပါ သဘောကျမိတယ်... ;-)

Htoo Aung Lwin said...

ဟိတ် ကိုရွာသား
လှေခါး ဘဝနဲ့ တသက်လုံးနေမှာလား
ကိုလဲ တခါတလေ နင်းတဲ့ သူလုပ်ကြည့်လေ

Unknown said...

Your thinking is excellent. It is a nice poem.
I dont want to be a ladder in my life.
People stepped my heart and passed roughly.

ကဗျာမ လေး said...

အမြင့်ကိုရောက်ဖို့အတွက် လှေခါးကိုသုံးပြီးတက်ကြတာပဲ.....
အဆင်းမှာပြုံးမပြပေမယ့် ... တက်တုန်းလည်းမုန်းမယ်မထင်ပါဘူး။
ဒါနဲ့... ခြေသံပြင်းပြင်းနဲ့တော့ မနင်းရက်ပါဘူး (ခြေထောက်အနာခံလို့) ဟီး :P

ပွင့်မြုးဇင် said...

Appreciate your meaningful poem.

မယ့်ကိုး said...

တွေးတတ်တယ်။ အတွေးလေးကိုလည်း လှအောင်ရေးတတ်ပေတယ်။

Mogok Thar said...

ခေါက်ရိုးတွေအဆစ်ဆစ်နဲ့
တဗျစ်ဗျစ်မြည်နေလျက်က
တစ်ထစ်ချင်း ပြန်ဖြည်မရတော့တဲ့
ဒီလှေကားဘ၀မှာ

“တစ်ခါ လာနင်း
တက်ဆင်းရင်းဖြင့်
ရင့်ကျက်ခိုင်ကြည်
ပြန်မဖြည်နှင့်
ချစ်ခြင်းမုန်းခြင်း
ဘ၀တွင်းမှာ
မေတ္တာလှေကား တည်စေသော်ဝ်”

ရွှေပြည်သူ (ShwePyiThu) said...

လှေကားတွေ မြင်တိုင်း တက်နင်းရမှာတောင် အားနာသွားပြီ...

mirror said...

အဲ့ဒိလှေခါးကို ဓာတ်ပုံရိုက်ယူလာဖို့ စိတ်ကူးမိတဲ့စိတ်ကူးရယ်။
အဲ့ဒိဓာတ်ပုံကို ကြည့်ပြီး ဒီလိုကဗျာဖွဲ့ဖြစ်ဖို့ ထွက်ကျလာတဲ့စိတ်ကူးရယ်......။
နောက်ပြီး ခံစားချက်ရယ်..။နောက်ပြီး ဖွဲ့တတ်တဲ့ အတတ်ပညာရယ်.....။
လေးစားမိပါ၏ ကိုရွာသား...

ပွင့်မြုးဇင် said...

cbox လည်းမတွေ့ဘူး... လာလည်တာကျေးဇူးပါ... လင့်ခ်လိုက်မယ်နော်... ခွင့်ပြုပါ...

Rita said...

စက်လှေကားပြီးရင် ဓါတ်လှေကားပါရေးပါနော်

ဆေးသုတ်တဲ့ခေါက်လှေကားရော

(idea နဲ့ presentation ကတော့ ပြောစရာမရှိ)
:)

ကြည်ဖြူပိုင် said...

အစ်ကို.............အနော် option ၂ခုဖြေချင်တယ်။ ပထမတော့ orchard က သစ်ခွဥယာဉ်ထင်တာ။ ဒါပေမယ့်လှေခါးတွေကပျက်နေတော့ ပယ်ချလိုက်တယ်။မုန့်မုန့်ကျွေးမယ်ဆိုတော့မှားဖြေလို့ ဖြစ်ဘူးရယ်။ အဲဒိတော့ option ၂ခု.............ပြင်ဦးလွင် သို့) တောင်ကြီးကလော...အနော်နေချင်တဲ့မြို့တွေပဲ စဉ်းစားမယ်။တခြားဟာ မစဉ်းစား။ မုန့်အစားအရုပ်ဆိုရင်တော့ ၁ ခုပဲ မရ အရ ဆံပင်ဖြူအောင်စဉ်းစားလိုက်ဦးမှာ။ စကားမစပ်...အကို့ ကောင်မလေးနဲ့ မအိုကေတော့ဘူးလား။ ၁၀၁ ဆိုတာရောဘာကြီးလဲဟင်။ အနော်နားမလည်လို့

ကောင်းကင်ပြာ said...

တို့လဲ လှေခါးပေါ်နင်းသွားရင် ကောင်းမလား၊ လှေခါးလုပ်ရင် ကောင်းမလား စဉ်းစားနေတယ်

WWKM said...

အတွေးကောင်းတဲ့ ကဗျာလေးလာဖတ်သွားပါတယ် မောင်ရွာသားရေ...
ရွာသားလေးရဲ့လက်ရာဓါတ်ပုံလေးက ရှယ်ပါပဲ.
အတော်ပဲ စလုံးလာရင် ကင်မရာမင်န်းလုပ်ခိုင်းရမယ်. အဟားး

ခမ်းကီး said...

တော်တယ်ဗျာ....

ကြည်ဖြူပိုင် said...

အောင်မယ်......မယ်......KFC အရုပ်တော့လိုချင်ဘူး။အနော့်မှာ ၂ ရုပ်တောင်ရှိတယ်။ စားပွဲပေါ်မှာတင်ထားတယ်။တခြားအရုပ်ဆိုရင် အဖြေ ၁ ခု။။။။။။။။။။။။ခုကျမုန့်မုန့်ဆိုတော့ အဖြေ ၂ခုပဲ...၁။ orchid park ကလှေခါးကြီးက ပျက်နေတုန်းကိုရွာသားက သွားရိုက်ထားတာ။ မပြင်ရသေးတဲ့ပုံ။ ခုကျတော့ကောင်းသွားပြီ။
၂။ပြင်ဦးလွင်ကလှေခါး :P

ဝေလေး said...

လှေကားတွေကို မုန်းစရာလို့ ဘယ်တုန်းကမှ မမှတ်ယူဖူးဘူး။ သူတို့မပါရင် အမြင့်ရောက်ဖို့ ခက်ခက်ခဲခဲတောင် တက်ရဦးမှာလေ။ အဆင်းဆိုရင်တော့ ကိုယ့်ခြေထောက်ကိုယ် ခလုတ်တိုက်ပြီး မှောက်လျက်လဲမှာစိုးလို့ လှေကားကိုသေချာကြည့်ပြီး တစ်ထစ်ချင်းပဲဆင်းတယ်.. :P

တန်ခူး said...

ဒီကဗျာလေး ဖြစ်တည်ဖို့  အစပျိုးပေးခဲ့တဲ့ အတွေးလေးရယ်… လေးနက်တဲ့ ကဗျာလေးရယ်… လိုက်ဖက်တဲ့ သရုပ်ဖော်ပုံလေးရယ်… အကုန်ကောင်းတယ်… အမကတော့ လှေခါးအတက်ကို မကြောက်သလောက် လှေခါးအဆင်းတွေ ကြောက်တတ်တဲ့ ရောဂါရှိတယ်… ကျိုက်ထီးရိုးတို့  ပုပ္ပားတောင်တို့ ဆို အတက်မှာ အသံမကြားရပေမယ့် အဆင်းဆို ငိုမဲ့မဲ့နဲ့  အိမ်ကလူတွေ စောင့်ခေါ်ရတယ်… တမျိုးပဲနော်…

ဆန်းဝင်း said...

လာလည်ပါတယ်..
ကဗျာလေး ကောင်းလိုက်တာ။
ကြားဖူးတာကြာပီဖြစ်ပေမင့် အခုမှ ရောက်ဖြစ်တယ်။
စာတွေ လာဖတ်ပါဦးမယ်။

Sein Lyan Tun said...

ကိုယ်တိုင်လဲ လူ့လှေကားလို့တွေးမိပါတယ်
ကဗျာလေးကြိုက်တယ်ဗျ

ဂရေစ့် said...

ခုမှတော့ရေပီးပေါ့။ ၃၇ထစ်ရှိတယ်။ ညောင်းလိုက်တာ

ကြည်ဖြူပိုင် said...

ဒီအဖြေမှန်ရဲ့သားနဲ့ မုန့်မကျွေးတာလေ...ကျေနပ်ဖူးကွကျေနပ်ဖူး...ဒုန်းဒုန်းဒုန်း (နှုတ်ခမ်းဆူခြေဆောင့်ပြီးထွက်သွားသည်။ )

Unknown said...

မနင်းရက်ပါဘူး
ဒါပေမယ့် လူတချို့ နင်းသွားတာတော့
ကိုယ်တိုင်ခံရဖူးတယ်
အဲ့လို့ စာသားမျိုးကိုတော့ ခေါင်းထဲက ထွက်မလာခဲ့ဖူး
စိတ်ပဲ တိုခဲ့တာ
၇ွာသားလေးကတော့ ကဗျာဖြစ်အောင်ရေးတတ်တယ်
သိပ်တော်တာပဲ