skip to main |
skip to sidebar
မနေ့ညက ၁၂:၁၀မိနစ်ပွဲကို သွားကြည့်ဖြစ်ပါတယ်။ ကြော်ငြာတွေကြည့်ရင်းက စိတ်ဝင်စားတာရယ် အက်ဒွပ်နော်တန်ဆိုတဲ့ မင်းသားကို သဘောကျတာရယ်ကြောင့်ပါ။
ဇာတ်ကားတစ်ပုဒ်လုံးကို လုံးစေ့ပတ်စေ့နားမလည်လိုက်ပါဘူး။ ညံ့ဖျင်းတဲ့ အင်္ဂလိပ်စာအရည်အချင်းပိုင်ဆိုင်သူအဖြစ် ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်မိတယ်။ ဒါပေမယ့်အခုအချိန်အထိ ကြိုးစားချင်စိတ်မရှိတော့လည်း ပေလယျာကံပစ်ထားလိုက်တာပါပဲ။
လောကကြီးမှာ စည်းဆိုတာရှိပါတယ်။ သူ့စည်းကိုယ့်စည်း လူ့စည်းဘီလူးစည်း သတ်သတ်မှတ်မှတ် ရှိခဲ့မယ် ဆိုရင် အားလုံးသာယာအဆင်ပြေမှာပါ။ ထမင်းရည်ပူစည်းဆိုပြီး ထုပ်ဆီးတိုးကစားခဲ့ကြတုန်းကလို စည်းဆိုတာ ရှိသင့်တယ်လေ။ ဘာမဟုတ်တဲ့ ကလေးဘ၀ကစားပွဲကိုတောင် စည်းကျော်မကျော် ငြင်းခုန်ကြသေးတာ။ အခုလို လောဘ ဒေါသ မောဟတွေပြည့်နေတဲ့ တကယ့်လောကကြီးမှာဆို ပိုဆိုးပြီပေါ့။ အဲဒီတော့ စည်းမျဉ်းစည်းကမ်းဆိုတာကို ဥပဒေသတွေပြဌာန်း ဥပဒေဘောင်တွင်း အေးချမ်းစွာနေထိုင်ရေးအတွက် စောင့်ရှောက်သူတွေက ဥပဒေဘက်တော်သားတွေ အဖြစ်နဲ့ပေါ့။
ဒါဆို ဥပဒေဘက်တော်သားတွေက လူထဲကလူတွေပဲနော်။ သူတို့လဲ လူသားအားလုံးပိုင်ဆိုင်တဲ့ အတ္တဆိုတာတွေ တန်းတူပိုင်ဆိုင်ကြမှာပါပဲ။ ဥပဒေဘက်တော်သားတွေလည်း စည်းဝိုင်းအပြင်ဘက်ကို ထွက်နိုင်တာပေါ့။ သူတို့ထွက်သွားရင်ကော ဘယ်လိုလုပ်ရပါ့။ တကယ်လဲ အပြင်မှာ ဥပဒေချိုးဖောက်နေတဲ့ ဥပဒေဘက်တော်သားတွေ ရှိပါတယ်။ နောက်လည်း ရှိဦးမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့အားလုံး လူသားဆန်ကြလို့ပါ။
သာမန်ပြည်သူပြည်သားတစ်ယောက် ဥပဒေချိုးဖောက်ခဲ့တယ်ဆိုရင် အရေးယူအပြစ်ပေးသင့် သလောက်အပြစ်ပေးခဲ့တယ်။ ဥပဒေဘက်တော်သားတွေ ချိုးဖောက်ခဲ့ရင်ကော။ ဒီထက်ပြင်းထန်တဲ့ အပြစ်ပေးမှုတွေပေးသင့်တယ်ဆိုရင် ကျနော်တို့ မတရားရာများကြနေမလား။ ဥပဒေကိုနားလည်တဲ့ သူတွေ လက်တစ်လုံးခြားနဲ့လုပ်နေကြတာကို ကျနော်တို့ ရပ်ကြည့်မနေသင့်ဘူးထင်တယ်နော်။ နားမလည်တဲ့ သာမာန်လူတစ်ယောက် အဖြစ်နဲ့ နားမလည်စွာ ရပ်တည်နေခဲ့တာက နေသားကျနေပြီ။
ပြီးတော့ ကျောသားရင်သားမခွဲခြားဘဲ ရှိသင့်တဲ့ ဥပဒေ။ တကယ်ကိုလိုအပ်ပါတယ်။ ငါ့သမီးမို့ ငါ့သားမို့ ငါ့မျိုးငါ့ဆွေမို့ ဆိုတဲ့ အရာတွေနဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲရမယ်ဆိုရင် တစ်ယောက် တစ်ဥပဒေဖြစ်နေမှာပေါ့။ အက်ဒွပ်နော်တန်ရဲ့ ရပ်တည်မှုကို ချိန်ထိုးကြည့်သင့်တယ်။ ဒီလိုရပ်တည်မျိုးမှာ ကျနော်ရပ်တည်နိုင်မယ်ဆိုတာ သိပ်မသေချာဘူး။ စိတ်ဓါတ်ပျော့ညံ့စွာ မိသားစုဘက်က ရပ်တည်မိမှာစိုးတယ်။ ဒါကြောင့်လည်း ဒီလိုအလုပ်မျိုးကို မလုပ်ဖြစ်ခဲ့တာပါ။
နောက်ထပ်တစ်ခုက အရှေ့မှာတော့ အေးချမ်းရေးအတွက် ထိန်းသိမ်းနေသလိုလိုနဲ့ နောက်ကွယ်က ချိုးဖောက်မှုတွေုပါ။ ဂျင်မီရဲ့ ရက်စက်မှုအခန်းတွေ နဲ့ သူချစ်တဲ့ မိသားစုနဲ့နေတဲ့ အခန်းတွေကို ယှဉ်ကြည့်ရင် တကယ့်ကို တစ်ကွက်စီလေ။ သူလိုချင်တဲ့ အဖြေကို ရဖို့အတွက် ရင်ခွင်ပိုက်ကလေးလေးရဲ့ မျက်နှာကို မီးပူနဲ့ကပ်မယ့်အခန်းဆို ကျနော်မျက်စိမှိတ်ထားရလောက်အောင်ထိ ရက်စက်ကြမ်းတမ်းလွန်းတယ်။ သားသမီးဆိုတာကို ချစ်တတ်သူတစ်ယောက်ဖြစ်ပါလျက် ဒီလောက်မလုပ်ရက်သင့်ဘူး။ တကယ်တော့ စိတ်အမှောင်ဖုံ်းပြီဆိုရင် ဘာမဆိုလုပ်တတ်ကြတယ်ထင်တယ်။
နောက်ဆုံးမှာတော့ လောကကြီးရဲ့ ဒဏ်ခတ်မှုကို ပြသထားတယ်ထင်ပါတယ်။ ဂျင်မီတစ်ယောက် သူ့ရဲ့ အပြစ်တွေကို သူ့ဘာသာဆေးကြောသွားခဲ့တယ်။ တစ်ကယ်လည်း ပြစ်မှုကျူးလွန်သူတိုင်းဟာ သူတို့ရဲ့ မည်းညစ်တဲ့ လိပ်ပြာရဲ့ ခြောက်လှန့်မှုကို ခံနေရမှာပါ။ ကျနော်ဖတ်ပြီးသွားတဲ့ အဆိပ်ဝတ္ထုထဲက ဆရာဝန်လိုပါပဲ။ ကိုယ့်အပြစ်တွေအတွက် ကိုယ်တိုင်ဆေးကြောသွားခဲ့တာ။ perfume ဆိုတဲ့ ဇာတ်ကားလေးတုန်းကလည်း ကျနော်ထင်တာတော့ သူ့လုပ်ရပ်တွေအတွက် သူပြန်လည်ဆေးကြောသွားတယ်ထင်တာပါပဲ။
ကျနော်တို့ရဲ့ လောကကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဥပဒေနဲ့ ဥပဒေဘက်တော်သားဆိုတာ မရှိမဖြစ်လိုကို လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီဥပဒေဘက်တော်သားတွေ ကိုယ်တိုင်အပြစ်ကျူးလွန်မကျူးလွန်ကိုတော့ ကျနော်တို့ ဘယ်လိုသိနိုင်ပါ့မလဲ။ ဘယ်လောက်ထိယုံကြည်စိတ်ချရပါ့မလဲ။ ဘယ်သူတွေက မှန်ပြီး ဘယ်သူတွေက မှားနေပြီလဲ။ မယုံကြည်လို့လည်းမရ ယုံကြည်လို့လည်း မဖြစ်ပြန်ဆိုတော့ ယုံရမှာလား ဥပဒေဘက်တော်သားရယ်လို့ ရေရွတ်နေရုံမှတစ်ပါး……………………
9 comments:
စလိုက်ရှူိးကြည့်သွားတယ။်
အရမ်းကောင်းတယ်ဗျာ
အရမ်းကြိုက်တယ်
ကျနော်နဲ့ အမြင်ချင်းရော အယူအဆချင်းရောထပ်တူကျတယ်ဗျာ
ဆိုလိုရင်းကိုရောက်အောင် မြင်သာအောင်ရေးပြထားတာ စံယူလောက်ပါတယ်ခင်ဗျာ
အကို့ရဲ့ ဒီလို ခံစားမှုတွေကို နောက်ထပ် ခံစားခွင့်ပြုပါခင်ဗျာ
ဥပဒေ အထက်မှာ ဘဘကြီးတွေရှိနေတော့ ဘာဆိုဘာမှ မယုံပါ ( မဆိုင်တာတွေပြောခဲ့သည်း) )
ရှုးးးးးးးးးး ၊၊ သူတို့ လည်းမှားတတ်မှာပါလေ ၊၊
http://mirror-4d.blogspot.com/2008/12/blog-post_22.html
ရွာသားလေးဝိုင်တီယူ said...
ဟင့်အင်း
လှည့်ကြည့်လို့
ဘယ်သူမှမရှိတဲ့ ဘ၀မှာ
ငါဟာနေသားကျနေခဲ့ပြီ
သစ်ပင်အိုပီပီ
အခက်အပွင့်တွေ
ထပ်ဆင့်မဝေနိုင်တော့
ငါ့သစ်ခက်တွေ
တစ်ဖြောင်းဖြောင်း
ကျိုးကျေနေတာပဲ
ကြာလှပြီလေ
မှီခိုစရာအရိပ်ကို
ဒီလိုဘ၀မှာ
တမ်းတလို့
အိပ်မက်နေလို့
ဘယ်လိုမှ
ပြန်မလှတော့နောက်
ငါဟာ
ခြောက်သွေ့နေဆဲပေါ့
December 22, 2008 8:48 PM
http://kthwe.blogspot.com/2008/12/blog-post_22.html
ရွာသားလေးဝိုင်တီယူ said...
ပင်လယ်ရယ်
နေရာလေးမတူရုံနဲ့
နင်တကယ်
လွှတ်လှနေတယ်
နင်လှတာ
ငါမမြင်ဖူးပေမယ့်
ဝေမျှသူ
အမကေကြောင့်
ငါအရူးအမူးဖြစ်ရတယ်
တကယ်ဆို
ငါလည်းလေပင်လယ်နဲ့
နီးပါလျက်
နင်နဲ့ငါ
တစ်စိမ်းတွေလိုပဲနော်....
December 22, 2008 9:34 PM
ယမန်နေ့ညက ဤရုပ်ရှင်ကို ကြည့်ဖြစ်ပါသည်။ သရုပ်ဆောင်များ တော်ကြပါသည်။ ကျနော်ကတော့ စာတမ်းထိုးနှင့် ကြည့်ရလို့ ဇတ်လမ်းကိုလည်း နားလည်လိုက်ပါသည်။
လူတွေက တစ်ကြိမ်တစ်ခါတော့ မှားတတ်ကြတာကြီးပဲလေ... သူတို့အမှားအတွက်တော့ သူတို့ကိုယ်တိုင်ပဲ ပေးဆပ်ကြရမှာပဲ လူစားလည်းခံလို့မရသလို မပေးဆပ်ချင်လို့လည်းမရဘူး။ ဒါကို လူတိုင်းနားလည်ကြမယ်ဆိုရင်တော့ လက်တစ်လုံးခြားလုပ်တာတွေ လျော့သွားကြမယ်ထင်တယ်နော်။ နားလည်ရဲ့နဲ့ နားမလည်ချင်ယောင်ဆောင်နေတာဆိုရင်တော့လည်း..... အင်း..... မပြောတတ်တော့....
မကြည့်ဖူးပေမယ့် ဖတ်ရင်းနဲ့  ခံစားသွားတယ်
အဲ့ထဲကလို ရင်ထိတ်ရမယ့်ဇာတ်ကွက်တွေပါရင်တော့ ကြောက်မိမှာပဲ
သူပြောသလို လူသားဆန်တဲ့လူတွေပဲလေ ရပ်တည်မှုတခုအတွက် ဒါမှမဟုတ် အလိုဆန္ဒတခုအတွက် အမှားတွေကို လုပ်မိကြတာပဲ
ဥပဒေဘက်တော်သားကို ယုံဖို့ မပြောနဲ့  ကိုယ့်စိတ်ကိုယ် ကိုယ်တိုင်တောင် ယုံရတာမှမဟုတ်တာလေ နော့
Post a Comment