ဒီနှစ်ခရစ်စမတ်သိပ်ရက်စက်လွန်းတယ်
နင်ရယ်ငါရယ်
ကျောခိုင်းနှုတ်ဆက်နေလိုက်ရတာ
သိပ်ရဲရင့်နေတဲ့
ပွင့်တူရွက်တူတွေကလည်း
လှောင်ကြတယ်
သစ်ပင်ထက်က
ဖဲပွင့်တွေလည်း
အကြွားတ၀က်နဲ့
မကြားတချက် ကြားတချက်ပြောကြတယ်
တစ်လုံးချင်းလင်းနေတဲ့
မီးလုံးတွေလည်း
အပြိုင်လင်းရင်း
အမြင့်ကနေ ကျီစယ်တယ်
ဝက်ဝံရုပ်တွေ
ပုံထားတဲ့ ဒီခရစ်စမတ်
ထရီးကို ငါမမြင်ဘူးလို့
မူးမြစ်ထင်မိတယ်
အလှဂုဏ်မောက်တဲ့
နတ်သမီးတွေလည်း
လက်ညှိုးတစ်ထိုးထိုးနဲ့
အပြစ်အမျိုးမျိုးကို
ဖွဲ့ဆိုကြတယ်
မနှစ်ကလိုမဟုတ်တဲ့
ဒီခရစ်စမတ်ဟာ
အနီရင့်ရင့်တွေနဲ့အတူ
ငါရင်နင့်စရာတွေ
သယ်ဆောင်မလာဖို့
တစ်ဆိတ်လောက်
ပြောပေးကြပါ......
10 comments:
ပုံတွေနဲ့ ကပ်ထည့်သွားတယ် ကြည့်စမ်း တူလေး တယ်တော်လာပါလားး ဂယ်လည်းဟုတ်ပဲနဲ့း) အဆင်ပြေပါတယ်ဟုတ်.....ပြေမှာပါ ပြေအောင်နေ ပြေလာလိမ့်မယ်။
ဘာတွေလည်းနော်.. ဟုတ်လို့လားနော်..
ခရစ်စမတ်ရောက်သေးဘူးလေ နေပါဦး မလွမ်းပါရစေနဲ့ဦး
ကြော်ငြာဝင်နေပါသည်။
တင်ပြ့ပုံ တွေးခေါ်ပုံ. ။ သိတ်ကောင်းတယ်။တကယ်ပြောတာပါ။
အတွေးလေး ကိုကြိုက်တယ် ၊၊ orchard လမ်းမပေါ်တောင် မလျှောက်ဖြစ်တာ ကြာပါပကော ၊၊ သတိရသွားတယ်ဗျာ ၊၊
ရေးထားတာတွေက ကောင်းလိုက်တာ
လေးစားမိပါတယ်
ခင်မင်လျက်
I cannt control to write the comment after reading the poem.
Not only the poem but also the photos that describe the words are very nice. ;)
ကျောခိုင်းကြတာက ကဗျာဆရာလား? ခရစ်စမတ်ရုပ်တွေလား? ဘယ်သူတွေပဲဖြစ်ဖြစ် စိတ်မကောင်းပါဘူးကွယ်.....
အရမ်းကောင်းတာပဲ။ ဖတ်ပြီးတော့ ငိုချင်သလိုလိုကြီး ဖြစ်သွားတယ်။ ကိုရွာသာလေးကတော့ Christmas တောင်မရောက်သေးဘူး သူများတွေကို Mood အောက်အောင် လုပ်နေတယ်း)
သိပ်ကောင်းတဲ့ စိတ်ကူးလေးနဲ့ 
ကဗျာလေးပဲ
အရမ်းကောင်းတယ်
(ကဲ ရင်နင့်စရာ မဖြစ်ခဲ့ဖူးမလား ဖြေပါ)
Post a Comment