တစ်နေ့တစ်နေ့
တမတ်တပ်တပ်နဲ့
ငါရပ်နေရတယ်
ငါဟာခိုင်ခန့်တယ်
ခန့်ညားတယ်
လှပတယ်တဲ့
ခွန်အားရှိသမျှ
ခံနိုင်စွမ်းနဲ့
မာန်မာနကြီးစွာ
ဖိအားမှန်သမျှကို
တွန်းတင်ပေးခဲ့တယ်
အနားနားတစ်ချက်လာကြည့်ပါ
တစ်ချက်မှအော်မညည်းပါ
လေတိုးရင်လည်း
ယိုင်လဲမလွယ်
တကယ်တမ်းတော့
ငါညောင်းတယ်ကွာ......
7 comments:
ဓါတ်ပုံမိုက်တယ်။
နင်းတော့ပေးချင်ပါရဲ့။
အော်တော်တော်လေး မိုက်တယ်နော် ကဗျာလေးက
ခဏ နားလိုက်ပါ ၊၊ အညောင်းပြေမှ ပြန်ရပ်ပေါ့ ၊၊ ကိုရွာသားလေးက စိတ်ကြီးတယ် ၊၊ စသွားတယ်ဗျာ ၊၊
ကိုကြီးဝီ
ခဏတော့ နားလိုက် ထိုင်လိုက်ပါ လိုရင် လာနင်းပေးမယ် ညောင်းတယ်ဆိုရင် ခြေကြွခတော့ ပေးမယ်ဟုတ်း)
ကိုယ်ချင်းစာမိပါတယ်.. ဟုတ်တယ်.. ညောင်းမှာပါပဲ..။
တွေးထားတာလေး အရမ်းမိုက်တာပဲ
သနားတောင်သွားတယ် တိုင်လုံးလေးတွေကို
(ဖတ်ပြီး ပြုံးမိတယ် ရေးထားတာလေး သဘောကျလို့ )
ကဲ နင်းပေးမယ့်သူ ရှာပေရော့  မောင်ရွာသားလေး
Post a Comment