12 December 2008

တွေဝေသူ




ဒီတံခါးနှစ်ချပ်နောက်မှာ
အမှန်တရားဆိုတာ
ရှိပါတယ်။

ဘယ်တစ်ဖက်
ညာတစ်ဖက်
အလွယ်လှမ်းလို့
ဖွင့်ရင်ဖြစ်ပေမယ့်
ခြင်္သေ့ပါးစပ်ထဲ
လက်နှိုက်ပြီး
ဖွင့်ဖို့
ငါမရဲဘူး

အမှန်တရားဆိုတာကို
အ, အ အိပ်မက်
မက်သလို
ပြန်ပြောဖို့
မလွယ်တဲ့နောက်
ငါဟာ
တွေဝေသူတစ်ယောက်
ဖြစ်နေစမြဲ.....

10 comments:

RePublic said...

အင်း.. မပြောပဲ သိမ်းထားလိုက်ပါဗျာ၊၊ အမှန်တရား ဆိုတာ ဖုံးကွယ်လို့ရတဲ့အရာမှ မဟုတ်တာ ၊၊ ဟုတ် မဟုတ်တော့ မသိ ၊၊ ပြောကြည့်တာ .. :)

:P said...

အမှန်တရား- ပန်းကန်ပြား
အမှန်ဆုံး- ပန်းကန်လုံး
အတည်ရေးထားတဲ့ကဗျာကို အဲလိုလာပြောင်ရင်
ဘယ်လောက် စိတ်ဆိုးလိုက်မလဲ....
မနောက်တော့ဘူးနော်.. ပြန်တော့မယ်

WWKM said...

ကဗျာလေးကောင်းတယ်ရွာသားလေးရေ..
တွေဝေနေသလား..း) အင်းး အဲ.. ဘာမှမပြောတတ်ဘူး.
ကဗျာလေးကတော့ တကယ်ကောင်းတယ်.
မြန်မြန်နေကောင်းပါစေကွယ်.
အစ်မကတော့နေမကောင်းဘူးရယ်..ဟီးး

Anonymous said...

သိပ်တော့ နားမလည်ပေမယ့် ကိုယ့်ကိုထိခိုက်မယ့် အမှန်တရားသာဆို ဖွင့်ပြောလိုက်ပါ ။ ကိုယ့်အတွက်မထိခိုက်ပေမယ့် တစ်ပါးသူ ထိခိုက်စေမယ့် အမှန်တရားဆိုရင် သိမ်းထားလိုက်တာ ကောင်းမယ်ထင်ပါ့ ။ ရိုးသားစွာနဲ့ မျက်ကွယ်ပြုခြင်းးးး

ဇင်ယော် said...

အမှန်တရားတွေ.ဖို့  ခြင်္သေ့ပါးစပ်ထဲ လက်နှိုက်ရမှာလား။ လွယ်ပါလားဗျာ။ တွေဝေမနေနဲ့  ရွာသားရေ။ အမှန်တရားအတွက် ပြတ်သားလိုက်စမ်းပါလေ။ ( အဲ အနော့် အမှန်တရားတွေတော့ လျှောက်မပြောနဲ့ ဦးနော်။ )

Dr. Yi Yi Win said...

လာလည်ပါတယ်ရွာသားလေးရေ။ အမဆီ တခါလာလည်ကတည်းက ပြန်လာလည်မလို့ 
ဟာ ခုမှရောက်တော့တယ်။
ဒါနဲ့ အမှန်တရားဟာ အဲသလောက်ခက်ခဲတဲ့နေရာမှာရောက်နေတယ် ဆိုတဲ့ခံစားချက်ကို
နားလည်မိသလိုလိုပဲ။ တကယ်ဆို ကိုယ်ကလက်ဝါးလို့ မြင်ပေမယ့် တဖက်လူအမြင်မှာ
လက်ဖမိုးဖြစ်နေတယ်လေ။ ဒီတော့ အမှန်တရားဆိုတာ တစ်ခုတည်းမဟုတ်တဲ့ကိစ္စမျိုးတွေ
လည်းရှိတတ်ပါတယ်။ နားလည်ပေးသင့်တာဆိုရင်နားလည်ပေးလိုက်ပါနော်။

ပန်းခရမ်းပြာ said...

အမှန်တရားကို ရဘို့
အခက်အခဲတွေကို
ကျော်ဖြတ်ရမယ် ဆိုတဲ့ သဘောပေါ့နော်။

Unknown said...

တချို့ပြောပြလို့မရတဲ့အမှန်တရားတွေကျတော့မပြောဘဲနေတာကောင်းမယ်ထင်တယ်နော် နောက်ကျရင်တော့ပြန်သိလာမှာပဲလေအဲဒီလိုတော့ထင်တာပဲ

khin oo may said...

သိတ်မြင့်လို့ ဘာပြောရမှန်းမသိတော့ဘူး။

Unknown said...

ကဗျာလေးဖတ်ပြီး
ကိုယ်တိုင်တောင်
တွေဝေသူတစ်ယောက် ဖြစ်နေလားလို့ 
စဉ်းစားမိသွားတယ်