အဲဒီစကားကို အဖွားရှိတုန်းက ခဏခဏကြားနေရတယ်။ သူငယ်ပြန် ချိန်ရောက်ပင်မယ့် သူတည်ခဲ့တဲ့ ဘုရားကို အမြဲမပြတ်ပြင်ချင်စိတ်ဖြစ်နေတာကိုက သူ.ရဲ့ကုသိုလ်စိတ်ပေါ့။
အဲဒီမြစ်ကမ်းဘေးကရွာလေးမယ် ဒို့များမွေးခဲ့တာပေါ့။ ဘွားမယ်တူတဲ့ တို.အမေ့နာမယ်က။ တစ်ဦးတည်းသောသမီး။ ကမ်းဘေးက လယ်ကွင်းတောက်လျှောက်ဟာ ဖွားတို.ပိုင်တဲ့လယ်တွေပဲလေ။ ခုတော့လား လယ်လုပ်သူလယ်ပိုင်စေဖြစ်လိုက်ဆိုတော့ သူရင်းငှားတွေလက်ထဲရောက်ရပြီပေါ့။ ဒီလယ်တွေပိုင်ဖို. မျိုးစဉ်ဘောင်ဆက်ကြိုးစားခဲ့တာပေါ့။ ဘာတွေလုပ်ခဲ့ဘူးလို.လဲ စာရင်းနဲ့အင်းနဲ့တော်ရေ မမယ်ရင်တို.က။ စောင်လည်းရက်တက်တာပဲ၊ ရက်ကန်းဆိုတာ မြို.ပေါ်ရောက်တဲ့ထိ ရက်တုန်းတော်။ အမွေသိမ်းထားတဲ့စောင်လေးထုတ်လိုက်ပါအုံး နွေးဆိုမှနွေး။ မြန်မာမုန်.အမျိုး မျိုး လုပ်သမှသိပ်လုပ်တတ်။ အိမ်မှာ ရှိတဲ့မုန့်ဘန်းတွေကိုက မုန်.ဆိုင်ဖွင့်လို့ရရဲ့။ ရွာကိုက မုန့်ရောင်းတဲ့ရွာမဟုတ်လား သုံးထပ်သင်္ဘောတွေများလာရင် အို.....ုကိုယ့်ခတ်တတ်ကိုခတ်ပြီးလှေငယ်လေးကိုလှော်ပြီး မကြောက်မရွံ့ အတင်းကပ်။ အတင်းရောင်း။ မြေပဲပေါ်ချိန် နှုတ်ဖို.မနက်စောစောထ ဒွေးလေးတို.လှည်းပေါ် အခန်.သားပေါ့တော်။ အကြမ်းအိုးလေး ပုဆိုးစုတ်လေး ခေါင်းပေါ်တင်ပြီး ရွက်သွားလိုက်တာများအကျ။ နေကြာပန်းများ ခူးရုံဘယ်ကမလဲ နေကြာစေ့ကို တုတ်နဲ့ ကို ရိုက်ပြီးတပြည်ဘယ်လောက်ပေးမလဲ ပိုပေးတဲ့ဆီ ဖင်မြဲရုံပဲပေါ့။ အမလေး နေကြာတွေကိုင်လို.ယားလားလို့မမေးနဲ့တော်ရေ. ရိုက်ပြီးလို.ကတော့ သောင်ပြင်အပြေးပဲ။ မြစ်ထဲခုန်ဆင်း ထမီကို ဘူဘောင်းလုပ်လှိုင်းစီးပြီးမှ အိမ်ပြန်ရုံပဲ။
ကိုညွန်.နဲ့တွေ.ကြတာလား။ သူကအထက်ကတော်ရေ.အထက်က။ သူကလည်းတစ်ဦးတည်းသောသား။ တွေ့မယ့်တွေ့တော့လဲ အဲလို။ နှစ်ဘက်လုံးက သဘောမတူဘူးလေ။ ခိုးရာလိုက်ပြေးတာတောင် ဟိုး…….ဘက်ရွာကိုလှေနဲ. ကိုညွန်.မြန်မြန်လှော်ပါတော့ဆိုတော့ အေးပါမမယ်ရင်ရ မင်းမလဲ ပူတတ်ရန်ကောနဲ.။မတည့်ပါဘူးအေ ညည်းတို.ဘိုးအေ။ ကလေးသာ ၁၂ ယောက်ရရော ကြည့်လို့ကိုမရဘူး။ ၁၂ယောက်သာမွေးလိုက်ရတာပါ။ အဖတ်တင်တာက ၅ရောက်ထဲရယ်။ ရှားရှားပါးပါး သားကတစ်ယောက်ထဲရယ်။ ထူးချွန်ချက်တော့ ဆရာဝန်လောင်းပ။ သူနဲ့ရတော့ စီးပွားတော့ အဖြစ်သားလား သူက ဆီစက်တစ်စက် ကိုယ်ကဆီစက်တစ်စက် နှစ်စက်ပြိုင်လိုက်တာပ။ ကမ္ဘာ ချစ် ဆီစက်ဆို မသိတဲ့လူမရှိဘူး။ ဆံပင်ကောင်းတိုင်းလည်းကောင်းတာမဟုတ်ဘူးတော်ရေ။ တစ်ရက်သား လည်နေတဲ့တာလပတ်ကြားဆံပင်ပါသွားလို ပေါင်တစ်ခြမ်းနဲ့ ဦးရေပြားပါသွားသေးသဟဲ့။ ကံကောင်းလို.အသက်မပါတယ်။ စီးပွားရေးကောင်းလို. အလှူအတန်းမလုပ်တန်ကောင်းရဲ့လို. မတွေးလိုက်ပါနဲ့အေ။ ကျုပ်တို.က အလှူရေစက်လက်နဲ့မကွာပါ။ မြို.ပေါ်ကစာသင်တိုက်မှာလဲ ရှင်ရဟန်းတွေကို မောင်ပဇင်းတက်ပေးတာ ၅ပါးရှိပါရဲ့။ အိမ်မလည်း ဆွမ်းခံကိုယ်တော်က ၁၀ပါး။ အမြတ်ဆုံးက ကျုပ်တို့ ရွာကဘုရားကိုပြင်လိုက်ရတာပါ။ ရွှေသင်္ကန်းလုံးတော်ပြည့် ကပ် ထီးတော်အလှူလဲပါပေါ့။ ရွာလုံးကျွတ် ၀န်ကြီးလေးပါးနဲ့ ကျွေးတာတော့ ကျုပ်ရွာသားတွေမယ်အားရပါးရ စားပုံများမြင်ရင် ထပ်လှူချင်စိတ်ပေါက်ရဲ့။ အဲဒီဘုရား ကျုပ်တစ်သက်လုံး ရာသက်ပန်လှူမယ် ပြုပြင်မယ်လို.ကို တစ်ထိုင်တည်း ဆုံးဖြတ်ဖြစ်သွားတာ။ ကျုပ်သိပ်ချစ်တဲ့ရွာက ရွေ.ဖြစ်တာလား။ ဓါးပြပေါ့တော်။ ပစ္စည်းယူရုံဘယ်ကမလဲ လူကလည်းအရိုက်ခံရသေး။ နည်းနည်းပါးပါးမဟုတ်ဘူး ဆန်ပြုတ်ကို ၂ ရက် ၃ရက်အသာလေးသောက်ရတာပေါ့။ ကြီးလာတော့ အိမ်မှာရှိရှိသမျှတံခါးတွေကို မှောင်ရင်ပိတ်ရမှဆိုတဲ့ အထိကိုလွှမ်းမိုးခဲ့တာသာကြည့်တော့။ှ ပြီးတော့ ကျုပ်တို.လင်မယားပိုင်ဆီစက်ကလေးတွေ ပြည်သူပိုင်တဲ့တော်။ နီးစပ်ရာမြို.ကိုတက်ရတာပေါ့။ ကလေးတွေလက်ဆွဲပြီး အပြေးအလွှားတက်ခဲ့ရတာပေါ့။
တက်သာလာခဲ့ရတယ်။ တစ်ရက်မှမေ့မရပါဘူးတော်။ ရွာပြန်ချင်တာပါပဲ မတတ်သာလို.သာ။ ရွာဦးကဘုရားကြီးဆိုတာ ပြန်မပြင်ရတာကြာလာပါပကော။ ဒီခေတ်ကြီးမှာ ပြန်ပြင်နိုင်ဖို.ကလည်းခက်သားလား။ အဲဒီတော့ ရွာကဘုရားကြီးပြင်ချင်တယ်ဆိုတာကိုသာ ရွတ်နေရတာပါပဲ။ သို.ပေမယ့်လည်း……
အစိန္တေယျအစချီဘုရားရှိခိုးကို ဌာန်ကရိုဏ်းကျကျရွတ်တတ်သော၊ တပြည်လုံးက ဘုရားတွေကုန်အောင်ရှိခိုးတတ်သော၊ ကော်ဖီသိပ်ကြိုက်သော၊ စည်းကမ်းကြီးသော၊ သင်္ကြန်ဆိုပိတောက်ပန်းတွေတခေါင်းလုံးဝေအောင်ပန်တတ်သော၊ သရက်သီးတွေကို ပေါက်တတ်သော၊ ထညက်ကြိုက်သော သော့တွေမျက်မှန်တွေ ခဏခဏပျောက်တတ်သော ကျနော့ရဲအဖွားကိုအမှတ်တရ

picture is copy from http://www.scottpix.com/gallery/travel/myanmar/4608.html