23 June 2008

ဂျုန်းဂျုန်းကျသို.မတော်တဆ

ခရီးသွားခြင်း ကျနော်အလွန်ကြိုက်တဲ့ အလေ့အထတစ်ခုပါပဲ။ မရောက်ဘူးတဲ့ဒေသတွေကို အလည်သွားရတာ ပင်ပန်းပင်မယ့် ပျော်ရွှင်စရာများနှင့် နောက်တခေါက်သွားဖို. ဘယ်တော့မှနောက်မတွန်.ခဲ့။ ခရီးတွေအမြောက်အမြားသွားခဲ့ ဘူးပေမယ့် အစီအစဉ်တကျ သွားခဲ့တာများပါတယ်။ အဲဒီအထဲကမှ ဒီဂျုန်းဂျုန်းကျ ခရီးက မစီစဉ်ပါပဲ မတော်တဆ ကမှောက်ကမှနိုင်လှစွာ ရောက်ရှိသွားခဲ့တာပါ။
ကျောင်းအပြီး နယ်အိမ်ကပြန်လာအပြီး အလုပ်ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ. ရန်ကုန်ကို ပြန်အလာမှာအိမ်ဘေးက အဒေါ်လိုခင်တဲ့အန်တီတို.မိသားစု ကျိုက်ထီးရိုးသွားမယ့် ခရီးစဉ်အကြောင်းကိုကြားရပါတယ်။ အလုပ်မရသေးခင် လိုက်ခဲ့ဖို.ခေါ်တာကို ဖိုးလိုက်ချင်ဖြစ်နေတဲ့ကိုယ်က ငြင်းမယ်ထင်လား။ ကားကညောင်တုန်းကကားနဲ.ပါ ကားပိုင်ရှင်ရယ် ညောင်တုန်းက ဧည့်သည်နှစ်ယောက်ရယ် ကားဆရာရဲ့တပည့်တစ်ယောက်ရယ် စက်ပြင်ဆရာ ကိုမိုးဇက် (သူက ခရစ်ယာန်ပါ) ပြီးတော့ ကျနော်တို.က ခြောက်ယောက်ပါ။ ကျိုက်ထီးရိုးက ညမှာရောက်ပင်မယ့် မနက်မှတက်ဖြစ်ပါတယ်။ တစ်ညအိပ်မယ်စီစဉ်ပင်မယ့် လည်စရာမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ. ပြန်ဆင်းလာရပါတယ်။ သူများနဲ.သွားရတာဆိုတော့ စိတ်သွားတိုင်းကိုယ်ဘယ်ပါနိုင်မှာလဲဗျာ။ ပြန်ဆိုလဲပြန်တာပေါ့။ ကင်ပွန်းစခန်းကပြန်ထွက််လာချိန်က ညနေစာစားပြီးချိန်ပါ။ ထူးဆန်းတာက ကားဆရာက ညနေစာကို ဥပုသ်စောင့်ပြီး ဘီယာသောက်လာတာ နှစ်အတော်ကြာပြီဆိုပဲ။ အတော်လည်းဟုတ်တဲ့ဘီယာဗျ။
ပြန်လာတဲ့လမ်းတစ်လျှောက်ပုံမှန်ပဲဗျ။ ဒါပေမယ့် ကျိုက်ထိုလမ်းခွဲကို လည်းဖြတ်ရော ကားဆရာရဲ့ညီမက ရုတ်တရက် ကျိုက်ခမီကို သွားချင်တယ်ဖြစ်သွားပါရော။ ကားကိုခဏရပ်ပြီး တိုင်ပင်ကြ ဆွေးနွေးကြပေါ့။ အစတည်းက သူများနောက်လိုက်ရပါတယ်ဆိုတော့ သူများဆုံးဖြတ်တဲ့အတိုင်းပေါ့။နောက်ဆုံးတော့ သွားချင်တဲ့လူကအနိုင်ရသွားတဲ့အနေနဲ.ကားကိုရောက်တဲ့နေရာကနေ နောက်ပြန်လှည့်လိုက်ကြပါတော့တယ်။ သွားချင်ပါတယ်ဆိုတဲ့လူက ခရီးကိုနီးနီးလေးနာရီပိုင်းနဲ.ရောက်မယ်ထင်ခဲ့တယ်ဆိုတာနောင်မှသိလိုက်ရတာပါပဲ။ ရက်တိုခရီးစဉ်အနေနဲ. စီစဉ်ခဲ့တာဆိုတော့ အခုလိုခရီးရှည်မယ်လို.မှမထင်ခဲ့တာ။ ပျော်ရွှင်စွာပဲ ဘုရင့်ညီဂူကို ဝင်လည်ပါသေးတယ် တောင်ပေါ်မှာပိုက်ဆံအိတ်ကျန်ခဲ့ပါသေးတယ်။ ရေပူရေအေးလားဘယ်နေမလဲဗျာ ချိုးခဲ့သေးတာပေါ့။ ဘားအံကိုဖြတ် ဇွဲကပင်ကိုငေးကြပါသေးတယ်။ ဝေးတယ်ဆိုပြီးမသွားကြတာ နို.မို.ဆို အဲဒီကို ရောက်အုံးမှာ။ သွားရင်လာရင်း မုဒုံနားအရောက်မှာတော့ တစ်လမ်းလုံးကောင်းလာတဲ့ကား စဖောက်ပါတော့တယ်။ ညနေမမှောင်ခင်လေးပါ။ ကားတစ်ကားရဲ့အကူအညီနဲ. မုဒုံက ဝပ်ရှော့ကို ရောက်လာရပါတယ်။ ကားလာပြင်တဲ့တစ်ခြားကားက အဖွဲ.အစည်းတစ်ခုရဲ့ကားပါ ကားပေါ်မှာ ဆေးလိပ်သောက်နေကြတာက ငယ်ရွယ်အုံးမယ်ထင်ပါတယ် လက်ထဲမှာလည်း လက်နက်နဲ.ပါ။နည်းနည်းတော့ ရှိန်တာပေါ့ဗျာ။ ကားပြင်အပြီး ညစာစားထွက်စားကြပါတယ်။ ညစာစားအပြီး ထမင်းဆိုင်က ကျနော်တို.ကို ညဘက်ခရီးမဆက်ဖို.တားပါတယ်။ နယ်မြေကြောင့်ရယ် မကြာသေးခင်က မှ အဲဒီလမ်းပေါ်မှာ နာမည်ကျော်မင်းသမီးကို ဓားပြတိုက်ထားတာတဲ့ဗျ။ အဲဒါနဲ. ကျနော်တို.တည်းဖို.လိုက်ရှာတော့ တည်းခိုခန်းမရှိဘူးတဲ့လေ။ မုဒုံကန်တော်ကြီးက ဘုရားဝင်းထဲမှာတည်းဖို. ကျောင်းကိုလျှောက်တော့ ဆရာတော်က ကျောင်းဝင်းပြင်နေတာမို. ဆရာတော်တို.ရဲ့စကြန်လျှောက်လမ်းမှာပဲတည်းခွင့်ပြုပါတယ်။ အမျိုးသမီးတွေကလည်းပါတာမို. ဟင်းလင်းပြင်မှာမဖြစ်ချေဘူးဆိုပြီး လျှောက်ရှာရပါတယ်။ ဆွမ်းခံရင်းငှက်သင့်တယ်ပဲပြောရမလား အဲဒီညက မုဒုံမှာ ဇာတ်ပွဲရှိလို. ဇာတ်ပွဲလာကြည့်တဲ့ကိုရင် နှစ်ပါးက သူတို.ကျောင်းမှတည်းလို.ရတယ်လို.ပြောပါတယ်။ မသွားတတ်တာမို. ကိုရင်နှစ်ပါးကို ပဲ လိုက်ပို.ခိုင်းရပါတယ်။ တောထဲကိုတော်တော်သွားရတယ်ဗျ။ ကိုယ်ဟာကိုဆိုကျောင်းကိုရောက်မယ်မထင်ပါဘူးဗျာ။ ကျောင်းရောက်တော့ ဆရာတော်က မီးစက်နိုးပြီး အဖူးခံပါတယ်။ ဆရာတော်ကိုလျှောက်ပြီး တစ်ညတည်းဖို.လျှောက်တော့ ဆရာတော်က ကြည်ဖြူစွာ ခွင့်ပြုပါတယ်။ တောကျောင်းဆိုပေမယ့် ရန်ကုန်က ကျောင်းတိုက်လောက်တော့အသာလေးပါ။ ကျွန်းပါကေးခင်း နဂါးရုပ်ကျွန်းသားထိုင်ခုံတွေနဲ. ခမ်းနားလှတဲ့ကျောင်းပါ။ အသေအချာစီစဉ်ပေးတာမို. ဗုဒ ္ဓဘာသာတွေရဲ့ ကူညီမှုက တခြားနိုင်ငံမှာရှာလို.တွေ.မယ်မထင်။ မနက်အိပ်ရာအထမှာတော့ မနက်စာစားဖို. ဟင်းချက်ကူတဲ့ အမေကြီးတွေက အတင်းလာခေါ်ကြပါတယ်။ ကောင်းမွန်လှတဲ့မနက်စာစားအပြီး လက်ရှိကျောင်းထိုင်ဆရာတော်ရယ် နာမည်ကျော်လှတဲ့ ဂျုန်းဂျုန်းကျဆရာတော်ဘုရားကိုဦးခိုက်ပြီး ခရီးဆက်ခဲ့ကြပါတယ်။ နောက်မှသိရတာက အရမ်းကိုလှတဲ့ ဂျုန်းဂျုန်းကျရေတံခွန်ကို မရောက်ဖြစ်ခဲ့တာပါ။ ရှိမှန်းလည်းမသိတာပါ။ နောက်တော့ ကျိုက်ခမီ စက်စဲကို ရောက်အောင်သွားဖြစ်ခဲ့ပါတယ်။ ငပလီကိုရောက်ဖူးတဲ့ကျနော့အတွက် စက်စဲကမ်းခြေက မဆွဲဆောင်နိုင်ဘူးဖြစ်နေပါတယ်။ အဲဒီနေ.မော်လမြိုင်ပြန်ရောက်တော့ ဖြတ်စရာတံတားက ပိတ်သွားပြီဖြစ်တာမို. မော်လမြိုင်မှာ တစ်ညထပ်အိပ်ရပြန်ပါတယ်။ ဘတ်ဂျက်ကအားလုံးကုန်နေပြီဖြစ်တာမို. ထမင်းစားဖို.ရယ် ဆီဝယ်ဖို.အတွက် ညောင်တုန်းက ဧည့်သည်တစ်ယောက်ရဲ့ ဆွဲကြိုးက မော်လမြိုင်မှာ နေရစ်ခဲ့ပါတော့တယ်။ ေနောက်နေ.ရန်ကုန်ကိုတောက်လျှောက်မောင်းပင်မယ့် အိမ်ကိုရောက်တော့ မနက်ငါးနာရီထိုးနေပါပြီ်။ ၂ ရက်လို.စခဲ့တဲ့ခရီးက တကယ်ကို ၅ ရက်လောက်ကြာခဲ့တာမို. ကျနော့ဘဝမှာ ကသောင်းကနင်းနိုင်လှတဲ့ ခရီးစဉ်အမှတ် ၂ ဖြစ်သွားပါတော့တယ်။ ပထမခရီးစဉ်ကတော့ အလောင်းတော်ကသပ ခရီးစဉ်ပါပဲ။ နောက်နေ. တနေ.လုံးအိပ်ပြီးနိုးလာတော့ အိမ်ကကျနော့ကို လတ်မှတ်လေးတစ်စောင်ထုတ်ပြပါတယ်။ နောက်နေ.ည ၁၀နာရီမှာထွက်မယ့် စိန်ဝင်းနဲ.ရောင်းရင်းများရဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ပါတဲ့။ ကျနော့ဆွေမျိုးများအလည်ရောက်နေတာမို.လိုက်ပို.ပေးဖို.ပါတဲ့ဗျာ။ ပင်ပန်းပါတယ်ဆိုပြီး ငြင်းခဲ့မယ်ထင်သလား………………………………………………

3 comments:

Anonymous said...

အော်...သူလည်း မွန်ပြည်နယ်တော်တော် နှံ့ တာပဲ ကျိုက်ထိုရောက်တာ ဘာလို့  မ၀်ခဲ့တုန်းး :) မုဒုံသူလေးတွေ မလှဘူးလား ဟားဟား ဖြူဖြူချောချောလေးတွေ ။

Mogok Thar said...

ရွာစားရေ.. မိသားစုနဲ့ ကျိဲုက်ထီးရိုး ဘုရားဖူး သွားခဲ့တာ သတိရသွားတယ်။
ခရီးသွာဒ ၀ါသနာ ပါတဲ့ ညီလေး... ကမ္ဘာအနှံ့ ခြေဆန့်နိုင်ပါစေဗျာ။

Unknown said...

ခရီးသွားပိုစ့်လေးကို စိတ်ဝင်တစားဖတ်သွားပါတယ်
မိသားစုနဲ့ သွားခဲ့ရတဲ့ မော်လမြိုင်ခရီးလေးကို သတိယမိပါရဲ့ 