20 June 2008

ကျနော့လိုမဖြစ်ကြစေလိုပါ

ဒီခေတ်ကြီးကိုက ပညာခေတ်ကိုးဗျ။ နေရာတိုင်းမှာ အသိပညာ အတတ်ပညာ တွေ အပြိုင်အရိုင်းတိုးတက်နေကြလို.ပါ။ တောကလာတဲ့ ကိုယ်လို လူတစ်ယောက်အတွက်ကော နောက်ထပ်လာမယ့်လူတွေအတွက်ကော စိတ်မအေးဖြစ်ရပါတယ်။နဂိုကမှ အသိပညာ အတတ်ပညာချို.တဲ့ရတဲ့ ကြားထဲ ဆက်သွယ်ရေးလမ်းပန်းကလည်းမကောင်းပြန်ဆိုတော့ လူဖြစ်ရှုံးတယ်ပဲပြောရမှာပေါ့ဗျာ..
ကျနော်အခုရောက်နေတဲ့နေရာအထိ နောက်ပြန်ကြည့်မိတာလေးပါ။ ဆိုလိုတာက ရွာကကျနော်နဲ. အခု ကျနော်ကို ယှဉ်ကြည့်မိတယ်ပဲ ပြောကြပါစို.။ ကျနော်တို.တောမှာက ဖုန်းဆိုတာရှားမှရှား အခုပြောနေတဲ့ mobileဆိုတာ မြင်ဖူးဖို.ဝေးစွခြောက်ဖြာ။ ဖုံးဆက်ချင်ရင်အစိမ်းကိုနှိပ် ဖုံးပိတ်ချင်ရင်အနီကိုနှိပ်ဆိုပြီး မှတ်ထားလိုက်တယ်အေးရော။ message ပို.ခိုင်းမယ်လား ဘာလုပ်လို.ဘာကိုင်ရမှန်းကိုမသိတာ။ ရိုးချက်တော့ လို.ပြောကြအုံးမလား။ ရုပ်မြင်သံကြားဆိုတာ တစ်ရပ်ကွက်မှတစ်လုံးထားပေးထားလို.သာ တိုးဝှေ.ကြည့်ရပါတယ်။ကိုယ်ပိုင်ဝယ်ဖို. ဘယ်စိတ်ကူးရဲမှာလဲဗျာ။ ကွန်ပြူတာဆိုတာကရော ကျောင်းကအလှူခံလို.သာထည့်လိုက်ရတယ် မှန်ပေါင်းချောင်ထဲက ရွှေငါးလေးလို အလှကြည့်ယုံသက်သက်ပါ။ အဲဒီတော့ဗျာ ကွန်ပြူတာ တစ်လုံးရဲ့ပါဝင်တဲ့အစိတ်အပိုင်းတွေအသုံးချပုံတွေ ကိုမလေ့လာခင် power ခလုတ်ကဘယ်နားမှာ keyboard ပေါ်ကခလုတ်တွေကို သိဖို.အရင်ကြိုးစားနေရတာကအရင်ဆိုတော့ တွေးသာကြည့်ကြပါတော့ဗျာ။ဒီလိုတရွတ်တိုက်လိုက်နေရတဲ့ လူတစ်ယောက်ကို software တွေနဲ. နပန်းလုံးခိုင်းရင်တရားပါ့မလားဗျာ။ တရုတ်ကားထဲကလို မည်သို.လုပ်လိုက်သည်မသိက ခပ်များများရယ်ပါ။ နောက်ပြီးတော့ အားလုံးကိုချိတ်ဆက်ထားတဲ့ နပ်ဝပ်ဆိုလားပါဆိုလားဗျာ သူတို.ပြောတာက ဘယ် Drive ထဲမှာ ဘာရှိတယ်ယူလိုက်ပါတဲ့ ကိုယ်ကတော့ အဲဒီ Drive ဆိုတာကြီး ကိုဘယ်လို ရှာရမလဲ ပေါ့ ခေါင်းကိုကုတ်နေရုံနဲ.ထွက်မလာဘူးဆိုတာသိပါတယ် ဒါပေမယ့်ကုတ်နေမိတာပါပဲ။ ဒါတင်ပဲလားဆိုတော့ ရွာမှတစ်လုံးမှမရှိဘူးတဲ့ copier, scanner, printer, fax 4 in 1 ဆိုတာပါပဲ ဘယ်လိုနှိပ်ရမလဲ စက်ကိုလှည့်ပတ်ကြည့်နေတုန်း သူများတွေက screen လေးကိုပဲနှိပ်နှိပ်သွားကြတယ်ဗျ။ ထူးဆန်းပ။ Email ပို.ပို.ဆိုတော့ လည်း address ရိုက်ဖို. Attachment တွဲဖို.ဆိုတာ ပုစ္ဆာ ခက်ခက်ကြီးတွေပါဗျာ။ BCC နဲ.ပို.ဆိုတော့လည်း ကျီးကြည့်ကြောင်ကြည့် ကြည့်နေမိပြန်ရော ရွာမှာ Internet ဆိုတာမကြားဖူးပါ။ ဒီအကြောင်းအရာတွေက အစိမ်းဆိုမှ အစိမ်း။ တစ်ခြား Digital အသုံးအဆောင်တွေက လည်းလွတ်များတာကိုး။ လုပ်ငန်းသဘောကိုလည်းလေ့လာရ မိခင်ဘာသာမဟုတ်တဲ့ ဘာသာ ကို ပုံစုံအမျိုးမျိုး အသံထွက်အမျိုးမျိုးနဲ. ပြောနေကြတာကို နားရေလည်အောင်လုပ်ရ နဲ. ဗေဒါလေးကျနော့ဘ၀က ဘဲအုပ်တစ်ရာနှစ်ရာကြားထဲမှာပါ။
အဲဒီလိုကြုံရတိုင်း Theroey ကိုသာလေ့လာခဲ့ရပြီး (Theroey ကလည်း generalပါ) လက်တွေ.နည်းခဲ့ ရတဲ့ ကျနော့ဘ၀ နောက်ကျကျန်ခဲ့တဲ့ အသိပညာ အတတ်ပညာ (အခုထိလည်းနောက်ကျဆဲ) ဆင်းရဲပါတယ်ဆိုတဲ့ ကျနော့ ရွာကလူတွေနောက်ထပ်များလာကြမယ်ဆိုရင် ကျနော့လို.မခံစားစေချင်လို.ပါဗျာ………..

ဒီစာလေးကို Siemensရဲ့ Training သင်တန်းချိန်မှာ ခံစားရေးခဲ့တာပါ
၁၆. ၀၆. ၂၀၀၈

3 comments:

Anonymous said...

အဖြစ်ကတော့ ဆန်းပါ့ တူနေတယ် အရင်က ကွန်ပျူတာကို ကိုယ့်လက်နဲ့ ထိမိရင်ပဲပျက်သွားမလားလို့ ကြောက်နေတား) အင်တာနက်ကတော့ ဒီရောက်မှပဲ သုံးဖူးတာဗျို့  အဲ့လောက် တော်တာ ။

ကိုရုပ်ဆိုး said...

အဲဗျာ ... ရွာမှာကျန်နေတဲ့ ကျနော့အဖြစ်က ပိုရယ်ရတယ်ဗျ။ senior တွေက လက်မဆေးပဲ ကွန်ပျူတာမကိုင်နဲ့တဲ့၊ ဗိုင်းရပ်စ်တွေ ၀င်သွားမယ်တဲ့။ လက်ဆေးလိုက်ရတာ အကြိမ်ကြိမ်ပါဗျာ။

Unknown said...

ဖတ်ပြီး စိတ်ထဲ သနားမိတယ်
ဖတ်ပြီး စိတ်ထဲ ဆုတောင်းမိတယ်
ဒီလို ဘ၀တွေကနေ ရုန်းထွက်နိုင်ပါစေလို့ 