"နန်းရတုကို
၊ ဇမ္ဗူသခင် ၊ မရွှင်တင့်တောင်း ၊ ရန်ညောင်းပယ်နွံ ၊ သိကြားစံသို့ ၊ မင်းဝံရွှေတောင် ၊
တပြောင်သည် ၊ ဖြာရောင်မကျွန်းလှည့်လေသလော….."
တံတားများကိုကျော်ဖြတ်ပြီးသကာလ
ဒီမြို့ဟောင်းကို ရောက်ဖြစ်တယ်။ အဟောင်းအမြင်းတွေနဲ့အတူ နာကျင်စရာအကြောင်းတွေဟာ တိုက်ခတ်တဲ့လေမှာ
ကပ်ကပ်ပြီးပါလာဆဲ။ သမိုင်းဆိုတဲ့ အရိပ်ထဲမှာ ဒီမြို့ဟောင်းဟာ ယနေ့တိုင် ကြွင်းကျန်ရစ်လျက်။
ပထမဆုံး လေးထပ်ကျောင်းက ကျနော့ကို စတင်နှုတ်ခွန်းဆက်တယ်။ ပြိုကျ ပျက်စီးနေပေမယ့် ခမ်းနားခဲ့တဲ့ အတိတ်ကို မဖုံးဖိနိုင်ခဲ့ဘူး။ သာသနာရောင်ဝါ နေလိုလလိုထွန်းလင်းခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ သက်သေကောင်းတွေပါပဲ။
ရှေးတုန်းက
အခုခေတ်ကျနော်တို့လို စာသင်ကျောင်းတွေ မရှိတဲ့အခါ ဘုန်းကြီးကျောင်းတိုက်တွေဟာ စာသင်ရာ၊ စာအံရာ အရပ်ဖြစ်ခဲ့တယ်။
မင်းကစလို့ လေးစားကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းတွေဟာ အမွမ်းအပြောက်တွေနဲ့ လူတဖက်စာမကတဲ့
ကျွန်းတိုင်တွေနဲ့ ယခုထက်တိုင် ဟိတ်ဟန်ကြီးမားစွာ။
နာမည်ကျော်ဗားကရာကျောင်းကို
သွားဖို့ အခုလို မြင်းလှည်းတွေနဲ့ မြိုင်ဆိုင်စွာ။ ဝင်္ကဘာအစရှိတဲ့ ဘုရားတွေဟာ ရေဝန်းဝိုင်းလို့
ဧည့်သည်တွေကို အလည်လာဖို့ ဟန့်တားထားကြသလို၊ ဗားကရာသွားတဲ့ လမ်းဟာလည်း ရေကျော်ပြီး
ဖြစ်လို့ နွံက တတောင်လောက်မကတဲ့ နေရာတွေမှအများကြီး။ လမ်းကလေးများ ဖြောင့်အောင် ဆောက်ပေးရင်
ကျောင်းအဝင်ဝမှာ ကောက်တဲ့ ဝင်ကြေးတွေ အများကြီး ပိုရလာမယ်ဆိုတာ မသိလေသရော့လား။
ဧရာဝတီမှာ
မေးတင်ထားတဲ့ ဆင်ကျုံးကို ရောက်တယ်။ အမြှောက်နှစ်လက်ဟာ အသုံးမပြုရပါပဲ အရှံုးပေးလိုက်ရတဲ့အတွက်
အံကြိတ်လျက်ရှိကြတယ်။ ကတော့တွေထိုးနေတဲ့ ဧရာဝတီကို ငေးမိတယ်။ ကျံုးကြီးကတော့ ရေခပ်ဆင်းတဲ့သူတွေအတွက်
ရွှံ့ဗွက်ထဲကနေ ရှောင်ဖယ်ဖို့ ကယ်တင်ရှင်ဖြစ်နေမြဲ။
မြို့ရိုးကို
မြင်တဲ့အခါ မြို့ဟောင်းတခုမှ ဟုတ်ပါလေစရယ် မှတ်တယ်။ နီလျက် ခိုင်လျက် ထုနဲ့ထည်နဲ့။
မြို့ဟောင်းတခုလုံးမှာ
စိတ်အဝင်စားဆုံးက မဟာအောင်မြေဘုံစံ။ ပန်းရံပန်းတမော့ ဆိုတဲ့ မြန်မာ့အနုပညာတွေကို တွေ့မြင်ရမယ်။
ကျောင်းပြင်ပ အရောင်ဟာ အဝါရောင်ပြေပြေ။
ကျောင်းတွင်းနံရံတွေကတော့ ဖြူလွလွ။
သမိုင်းမှာ မှတ်တိုင်လိုဖြစ်ကျန်ခဲ့တဲ့ အလင်းခန်း အမှောင်ခန်းတွေဟာ မဟာအောင်မြေဘုံစံရဲ့ အနှစ်သာရ။ မယ်နုနဲ့မောင်အိုရဲ့ ဖောက်ပြန်တဲ့နေရာတွေလို့ ပြောလိုပြော၊ မင်းညီမင်းသားတွေကို လုပ်ကြံသတ်ဖြတ်တဲ့ နေရာတွေလို့လည်း ဆိုကြတယ်။
အကြိုက်ဆုံးက တံတားနှစ်ခုကို ယှဉ်ပြီး မြင်ရတဲ့ မြင်ကွင်း။ အဟောင်းနဲ့ အသစ်ဟာ အခုလို လှပစွာ ရှိကြတယ်။
ကျောင်းတွင်းနံရံတွေကတော့ ဖြူလွလွ။
သမိုင်းမှာ မှတ်တိုင်လိုဖြစ်ကျန်ခဲ့တဲ့ အလင်းခန်း အမှောင်ခန်းတွေဟာ မဟာအောင်မြေဘုံစံရဲ့ အနှစ်သာရ။ မယ်နုနဲ့မောင်အိုရဲ့ ဖောက်ပြန်တဲ့နေရာတွေလို့ ပြောလိုပြော၊ မင်းညီမင်းသားတွေကို လုပ်ကြံသတ်ဖြတ်တဲ့ နေရာတွေလို့လည်း ဆိုကြတယ်။
အကြိုက်ဆုံးက တံတားနှစ်ခုကို ယှဉ်ပြီး မြင်ရတဲ့ မြင်ကွင်း။ အဟောင်းနဲ့ အသစ်ဟာ အခုလို လှပစွာ ရှိကြတယ်။
အရိပ်ထိုးနေတဲ့
အုတ်ကျောင်းကို မြင်ရတော့ နေဝင်သွားတဲ့ မယ်နုရဲ့ နောက်ဆုံးခရီးကို အမှတ်ရတယ်။ ဆရာတော်ဘုရားရဲ့
ဆုံးမသြဝါဒကို ခံယူရင်း ခြေလှမ်းတွေကို တရားနဲ့ လှမ်းသွားတာပဲဖြစ်မှာပါ။
နောက်ဆုံးကြည့်စရာအဖြစ်
နန်းမြင့်မျှော်စင်ကိုပဲ ရွေးထားတယ်။ ဧည့်သည်တွေအတွက် လုံခြုံမှု မရှိလောက်အောင် ကြံ့ခိုင်မှုများ
ပျက်ယွင်းနေခဲ့တာမို့ အပေါ်ကို တက်ပြီး မြို့ဟောင်းတခုလုံးကို ကြည့်ခွင့် မရခဲ့ဘူး။ နောက်တချိန်တော့
တက်ခွင့်ရတန်ကောင်းရဲ့။
“ချစ်ခြင်းငယ်ပြိုင်၊
မြစ်မင်းပိုင် အဏ္ဏဝါက၊ ပြန်တရာကဲ။
ယွန်းစေဝသုန်၊ ငွေဝန်းသော်တာယုန်သို့၊
ကမ္ဘာကုန် ကျယ်သရွေ့ငယ်မှာ၊ ဘယ်မေ့လိမ့်လည်း”….ဆိုတဲ့ မမြလေးရဲ့ အသံဟာ နာကြည်းစရာ အတိတ်တွေနဲ့အတူ ကျနော့ကို
မြို့ဟောင်းကနေ နှင်ထုတ်ခဲ့ပါတော့တယ်…
No comments:
Post a Comment