skip to main |
skip to sidebar
ခါးသက်ခြင်းဆိုတဲ့ အသီးတွေစားရင်း
တနေ့တခြား ကြီးပြင်းနေခဲ့တယ်
မိုင်တွေဟာ ရှည်သလောက်
လမ်းမီးတိုင်က မလောက်ငှ
လမ်းညွှန်ဆိုင်းဘုတ်တွေနောက်မှာ
ဖိနပ်ပါးအောင်လျှောက်လိုက်ရင်း
ပါးတွေဟာ ဖောင်းလာလိုက် ပြားသွားလိုက်
အချိုဆုံးဆိုတဲ့ တဒင်္ဂကိုရဖို့
ရင်းလိုက်ရတဲ့ အရာတွေက
ပင်လယ်တခုထက် မကတော့
လေမလာတဲ့အရပ်မှာ
ရွက်တွေကိုလွှင့်ရင်း
ခရီးအကြုံ မေခလာဆိုတာ မလာရင်တောင်
အိပ်နေတဲ့ ကျောက်ဖျာ အမှန်ဖြစ်ဖို့ထက်
လာရပ်တဲ့ ရထား ဖုတ်သွင်းမသွင်းက
အခုအချိန်မှာ အဓိက
အဲ့ဒါတကယ့် ဘ၀ပဲ…..
No comments:
Post a Comment