ပေါ့ပေါ့ပါးပါးလေး ဖြစ်အောင်
ဖျော့ထားနေခဲ့တယ်
လေထဲမှာလွင့်ချင်တယ်
မိုးထဲမှာ မျောချင်တယ်
အတွေးတွေနဲ့ မောမောနေပြန်တယ်
နက်နက်နဲနဲ ပြန်မရချင်ဘူး
ဒီလိုဏ်ဂူက အသက်ရှူကြပ်တယ်
အလင်းရှိရာ မှန်းပြီး
ထွက်ပေါက်ကို လာတဲ့လမ်းမှာ
ချော်လဲတာ ဘယ်နှစ်ကြိမ်မှန်းမသိတော့
ရခဲတယ်ဆိုတဲ့ ဒီဘ၀မှာ
ပြန်ထွက်ဖို့လည်း ခက်ခဲနေပြန်တယ်
ဦးခေါင်းဆိုတဲ့ အရာထဲကို
ဒီအတွေးချည်မျှင်စတွေ ဘယ်သူတွေလာလာထည့်သလဲ
အဆုံးနဲ့အစကို ပြန်ရှင်းရင်း
ချည်တိုင်တစ်ခုကို ပြန်ရောက်ရောက်သွားတယ်
ဘာလုပ်ရမလဲ................
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 weeks ago
12 comments:
ဘာလုပ်ရမလဲဆိုတော့ ကဲ....ညီငေးရွာသားက ဘာလုပ်ချင်သတုန်း =)
ဂေါက်နေတဲ့သဘောပေါ့။
အဲလိုနေ့ရက်တွေနဲ့ ရခဲလှတဲ့ ဘ၀တစ်ခု ကုန်ဆုံးသွားဦးမယ်နော်။
တို့က ရွာသားကို ခင်လို့ သတိပေးသွားတယ် မှတ်ပါ။
ခံစားချက်တွေတူနေတယ်
အမ KOM ပြောသလိုဆိုရင်တော့ rita လဲဂေါက်ချင်ချင်ပေါ့
ဟဟဟ
ငြိချင်နေတာကိုး....ငြိအောင်လုပ်နေသူကလည်း ရှိပြန်တော့ ခက်တယ်၊
ဘယ်လိုမှ မဖြစ်နိုင်တာ..လွှတ်ချခဲ့ပါ ရွာသားရယ်...
မှတ်ထားဖို့က အခြေခိုင်တဲ့သူဟာ အထိမနာဘူး၊ ကိုယ်ပဲ ကွဲမှာ...သတိထား....
ပုံ / မြင်အောင် ကြည့်တတ်သူ
ပျော်အောင်နေပါ
နေပျော်အောင် နေပါလေ။ မုန်တိုင်းမလာခင်တော့ ကောင်းကင်ဟာ ကြည်လင်နေမှာပါ။ မုန်းတိုင်းလာတဲ့ အခါ ခံနိုင်ရည် ရှိအောင်ကြိုးစားထားပေါ့..။ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဖျတ်သင့်နေပီထင်တဲ့ အရာတွေကို အသိတရားရှိရှိ ဖျတ်ထားပေါ့..။ မုန်တိုင်းလာမှတော့ မကယ်နိုင်ဘူးနော်။။။။
ရောက်တတ်ရာရာ ရေးထားတာကို ရောက်တဲ့နေရာက ဖတ်သွားတယ်...
ရှင်းမရရင် မီးရှို့ထည့်လိုက် အနည်းဆုံးတော့ အားလုံးချုပ်ငြိမ်းမသွားခင်မှာ အလင်းတစ်စကို မြင်လိုက်ရဦးမယ်။း)
ဒီမှာလည်း status တင်ထားတယ်။
august 4 Wednesday
အခြွေအရံအသင်းအပင်းများခြင်း။ ခြွေရံသင်းပင်းမရှိခြင်း။
ဥစ္စာပစ္စည်းရှိခြင်း ။ မရှိခြင်း
ကဲ့ရဲခံရခြင်း။ ချီးမွမ်းခံရခြင်း
ချမ်းသာခြင်း ။ ဆင်းရဲခြင်း
ငါ့အစ်ကို ကဗျာရေးတာတွေ ပိုပိုကောင်းလာတယ်...
“ဒီလိုဏ်ဂူက အသက်ရှူကြပ်တယ်
အလင်းရှိရာ မှန်းပြီး
ထွက်ပေါက်ကို လာတဲ့လမ်းမှာ
ချော်လဲတာ ဘယ်နှစ်ကြိမ်မှန်းမသိတော့”
ခုခံစားနေရတာနဲ့ ကွက်တိ!
သတိလေးသာ ကပ်ထားပါလေ .. :D
Post a Comment