တကယ်ပါ
ဝေေ၀၀ါးဝါးပဲလေ
အရှေ့မှာ ဘာရှိမလဲ
သိမှ မသိပဲ
နောက်ကိုလည်း
ပြန်လှည့်မကြည့်သင့်
ပညာရှင်တို့ အကြံပေးကြတယ်
စနေတနင်္ဂနွေတွေ
စိတ်ဟောင်းလောင်း ဖြစ်နေတာ
ဘယ်လောက်ကြာပြီလဲ
သတင်းစာမဖတ်တဲ့နောက်
နောက်ကောက်ကျတယ် ပြောလေ
ပြောဦးပေါ့
အိမ်ဈေးတွေ တက်သတဲ့ ကျသတဲ့
လားလားမှ မအပ်စပ်လိုက်လေ
ကားဝယ်စီးမလား ဆိုင်ကယ်အသစ်တွေ
ဟားဟား နားလိုက်စမ်းကွာ
ပိတ်ထားတဲ့ စာမျက်နှာတွေမှာ
ဂူဂယ်လို့ အတင်းရိုက်တော့
ဘာထွက်ကျလာဦးမှာတဲ့လဲ
ဖုံးဆက်မယ်လို့
ခလုပ်ကိုနှိပ်တော့
အရေးပေါ်ဖုံးကိုသာ နှိပ်ရန်တဲ့
ရဲစခန်းကိုပဲ ဖုံးဆက်ပြီး
မြန်မြန်သာလာဖမ်းလှည့်လို့
ပြောလိုက်ချင်တယ်
ဒါပေမယ့် တစ်ဂဏန်းနှိပ်မရတဲ့
ဒီဖုန်းကြောင့်ပေါ့
ပြက္ခဒိန်ကို
လှမ်းဆွဲပြန်တယ်
အခါခါအပျင်းပြေဖို့
အရာရာ တနင်္ဂနွေ ဖြစ်စေချင်ပြန်ရော
စိတ်ထွက်ကျောင်းဖို့
စိတ်ခြေထောက်တွေဆန့်ထုတ်
စိတ်လမ်းကြောင်းကို ရှေ့ရှု
သြော်
စိတ်တွေ
ဝေလေလေ……….
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
1 month ago
No comments:
Post a Comment