05 October 2008

ဖြိုသလစ် ဖြစ်သလို


အကြွေးရှင်ကိုဂျုလိုင်က တချိန်းချိန်းလာချောင်းနေတော့ရေးလိုက်ပါပြီဗျာ။ တောသားလေးဝိုင်တီယူရဲ့ ဖြိုသလစ်မျာအကြောင်း….

ငယ်တုန်းကတည်းဖြိုသလစ်တွေက စခဲ့တာပါ။ ဆောင်းတွင်းဆို မေက ဆေးရုံတက်ပြီး အောက်ဆီဂျင်ရှူနေကြလေ။ အိမ်မှာ ကျန်နေခဲ့တဲ့ ကျနော်တို့တွေက ဖေ့တပည့် ဦးဇော်ကြီးတို့ရဲ့ စီမံချက်ပြုတ်မှုနဲ့ပဲပေါ (ကြက်ဥကြော် လက်ဖက်သုတ်မထပ်စေရဘူး တစ်မျိုးတစ်လှည့်စီ)့။ မနက်စောစော ၅နာရီစာထဖတ်တတ်တဲ့ ကျနော့တာဝန်က အလွန်ခက်ခဲလေတဲ့ ထမင်းပေါင်းအိုးနဲ့ထမင်းချက်ခြင်းပါပဲ။ မီးက ၂၄နာရီလာတဲ့စက်ရုံနယ်မြေဆိုတော့ မီးဖိုခြင်း ဆိုတဲ့ဒုက္ခတွေနဲ့ ကင်းဝေးခဲ့ပါတယ်။ မေဆေးရုံကဆင်းလာပြီဆိုရင်တော့ သူညွှန်ကြားတဲ့အတိုင်း ထုပါဟဲ့ ထောင်းပါဟဲ့ ခွာပါဟဲ့ နွှာပါဟဲ့ ဆိုတာကို ကူလုပ်ပေးရတတ်ပါတယ်။ ဟင်းတစ်အိုးလုံးပြီးမြောက်အောင် မချက်ဖူးပေမယ့် အစီအစဉ်တွေက ခေါင်းထဲမှာ စွဲခဲ့ပါလိမ့်မယ်။ ဟင်းအိုးအကြည့်ခိုင်းလေတိုင်း စာအုပ်တစ်ဖက်ဖြစ်ဖြစ် ကစားစရာတစ်ခုဖြစ်ဖြစ် တွဲထားမိတော့ အိမ်မှာ မောင်တူးတူးဖြစ်တတ်မြဲပါ။

ဆယ်တန်းအောင်လေတော့ ဖေက ငါတို့အမျိုးတွေထုံးစံအတိုင်း သူများအိမ်မှနေရမယ်ဆိုပြီး အဝေးကိုလွှတ်ခဲ့တယ်။ မီးသွေးကျုံး ဆန်အိတ်ထမ်းဘ၀လေးပေါ့။ အိမ်ရှင်အဒေါ်က ခရီးထွက်သွားတဲ့ အချိန်မှာပဲ အဲဒီမီးဖိုချောင်ဇာတ်လမ်းက စတော့တာပါ။ ပထမဆုံးစချက်တဲ့ ရေခမ်း ထမင်းက ဆန်ပြုတ်ဖြစ်သွားခဲ့တာပါပဲ။ အိမ်က အစ်ကိုကြီးတစ်ယောက် ဆန်ပြုတ်ကြိုက်ပါတယ်ဆိုပြီး အားပေးသွားတာ တစ်အိုးလုံး ကုန်သွားခဲ့တဲ့အထိ။ ဖြစ်သလိုပင်မယ့် အဲလိုအောင်မြင်ခဲ့တာပါ။ ထမင်းကြော်ကြော်တော့လည်း အမချိုသင်း အမျိုးသားလို ထမင်းတွေထဲ ကြက်ဥတွေဆမ်းပြီး မကျက်ပဲ အရည်တရွှဲရွှဲနဲ့မို့ နှာခေါင်းပိတ်စားတောင်မရခဲ့လို့ သွန်ပစ်ခဲ့ရဖူးပါတယ်။

နောက်တော့လည်း အစားမက်တဲ့လူဆိုတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ဟင်းတွေကို ချက်တတ်ခဲ့ပါတယ်။ သင်ဆရာမြင်ဆရာကတော့ မေပဲဖြစ်ပါလိမ့်မယ်။ အရိုးမပါတဲ့ အဲဒီလျှာရဲ့ ရသတဏှာနောက်ကို လိုက်နေမိတော့လည်း ဒုက္ခကို သုခလို့ထင်ချင်ထင်နေတော့တာကိုး။

ဒီကိုရောက်လာပြီးမှ အစားအစာတွေက ကိုယ်နဲ့ဘယ်လို့မှမအပ်စပ်။ချိုရင်ချို ဘာမှအရသာမရှိလေတဲ့ လက်ဆေးရေ ဟင်းချိုတွေပဲ တွေ့နေရတယ်လေ။ နေ့လည်ထမင်းစားကိုတော့ ရုံးနားက ကန်တင်းမှာ ၁၂၃၄ ရေပြီးအလှည့်ကျအားပေးလိုက်ပါတယ်။ စားလို့မြိန်လားဆိုရင်တော့ အင်အားရှိအောင်စားနေရတာပါလို့ပဲ ဖြေရပါမယ်။

ဟိုဘက်တစ်လလောက်ကနေစပြီး ရုံးပြန်လာရင် ထမင်းမစားချင်တဲ့ ပြဿနာတက်နေခဲ့ပါတယ်။ အဲဒီတော့ ကျနော့ညနေစာတွေက ဖြစ်သလို အသီးတွေ ဒါမှမဟုတ်ပေါင်မုန့် ပြီးတော့ ကော်ဖီပေါ့။ တခါတလေစားချင်စိတ်ရှိရင်တော့ စားဖြစ်ပါတယ်။ သူများတွေချက်ထားတာကို အခန့်သားထိုင်စောင့်ပြီးစားတတ်တာပါ။ (ဘော်ချက်တာလဲဖြစ်နိုင်တယ်နော်)။

စနေ၊ တနင်္ဂနွေဆိုရင်တော့ ကောင်းကောင်းကန်းကန်း ချက်စားဖြစ်ပါတယ်။ လာစားမယ်ဆိုရင်တော့ ကြိုပြောပါဗျာ။ ဖြိုသလစ်ကိုစားနိုင်တယ်ဆိုရင်တော့ အချိန်မရွေးပေါ့။ ကိုဂျူလိုင်ရေ ကျေနပ်တော့နော့………………………

ပုံလေးကိုတော့ ကျနော်ကြိုက်တဲ့ ကာတွန်းကားကပုံလေးထည့်ပေးလိုက်ပါတယ်။

14 comments:

Moe Cho Thinn said...

တို့ကတော့ တို့ရဲ့ ဖြစ်သလိုတွေကို နံမည် အမျိုးမျိုး ပြောင်းပေးပြီး စိတ်ကို လှည့်စားထားတယ်။
ပစ်ထည့် ရောမွှေ
သရုပ်ပြ အမွှန်းတင် (အဟောင်းကို ပြန်ရော ချက်တာ)
လျှပ်တပြက် ရိုက်ချက် .. တဲ့။
တနေ့တမျိုး မရိုးရဘူးလေ..

ဇင်ယော် said...

ကိုတူးတူးရေ ဖြိုသလစ်လေးတွေ လာအားပေးသွားတယ်ဗျ။ ကျနော်ကတော့ လမ်းလျှောက်ဟင်းချိုလေးကို ကောင်းကောင်းချက်တတ်တယ်။ မီးဖိုထဲ လမ်းလျှောက်ရင်း တွေ.သမျှအသီးအရွက် ရေနွေးအိုးထဲ ပြစ်ထည့်တာ။ ဟဲဟဲ မဆိုးဘူးဗျ။

စူး said...

စလုံးမှာနေတယ်ဆိုရင် ပါနီဆူလားမှာ ဖြစ်သလို ဝယ်စားပေါ့..
ရန်ကုန်ဆိုရင်တော့ ဖြစ်သလို ဆီဒိုနားမှာစားလေ..။
အမတို့ဆီမှာတော့.. ဖြစ်သလို...ပြောစရာ ဆိုင်တောင် မရှိဘူးးးဟ။
ဒီတော့ ဖြစ်သလို ကိုယ့်ဟာကို ချက်စားရတယ်.
သနားလိုက်ပါဘိ။
ဟိုးတနေ့ကတော့ ဖြစ်သလိုပါပဲ မုန့်ဟင်းခါးပေါ့.။
ဟိုးရင်ကတော့ မျစ်ချဉ်နဲ့ ဝက်သား
ဒီနေ့ကတော့ အမတန်ခူးထဲက ပဲထောပတ်ထမင်းလေးလေ..
နောက်နေ့ကို ဖြစ်သလို အသုတ်သုတ်စားမလားလို့တွေးနေလေရဲ့..ဟီးး

မိုးမြင့်တိမ် said...

ကိုရွာသားလေးရေ ကျွန်တော်လည်းထူးမခြားနားပါဘဲဗျာ။ ဘ၀တူခြင်းအားပေးပါတယ်ဗျို့ ။

JulyDream said...

မသိပါဘူးဗျာ။ ပုံကို မြင်လိုက်ရတော့ ဖြစ်သလို ကြွက်သတ်စားတာလားလို့။ အဟီး

May Moe said...

ကောင်းကောင်းကန်းကန်း ဆိုတာဘာဟင်းလဲဟင် :P

khin oo may said...

ဖြိုးသလစ် စားနိုင်ပါဘူး ကောင်းကောင်းဘဲစားချင်တယ်။

puluque said...

ကောင်းကောင်းကန်းကန်းလေး စားချင်တယ်ဗျာ
ချက်စားရင် လက်တို့လိုက်ဦး

ကိုရုပ်ဆိုး said...

ဟ ... ရွာသားရ .. အိမ်မှာ စနေ, တနင်္ဂနွေ တိုင်း မင်းကြိုက်တတ်တာလေးတွေကို မင်းအမ ချက်ကျွေးလို့ ရပါတယ်ဟ။ ဖြိုသလစ် မကောင်းဘူး :) မနေ့ကတောင် ပွ စားချင်တယ်ဆိုလို့ ဆိတ်စွပ် လုပ်စားသေးတယ်။

RePublic said...

ဟုတ်ကဲ့ ၊၊ကောင်းကောင်းကန်းကန်း ချက်စားရင်ပြောပါ ၊၊ဖြိုသလစ် ကို လာစားပါ့မယ် ၊၊ ဟီး
စတာပါ ကိုရွာသားလေးရေ ...

ပျော်ရွင်ပါစေဗျာ

khin oo may said...

MCT: တို.ကတော.ဖြစ်သလိုချက်တာတွေကို နံမည်ပေးထားတယ်။ တူဒေးစပါယ်ရှယ် တဲ။့ ဒါပေမဲ့ ချက်တာ ကတော. ပုဇွန်ကြော်နဲ့ မုန်လာဥ ချဉ်ရည်ဟင်းဘဲ။ ချက်ပြီဆိုရင် ဒါဘဲ. ဘာဟင်းလဲ လာ မမေးနဲ့။

ဝေလေး said...

အစ်ကို့ရဲ့ ဖြိုသလစ်လေး လာဖတ်သွားတယ်.....
ဟင်းချက်ကောင်းတယ်ဆိုပဲ... ဟီးး.. :P

သံလွင် HeRo said...

စနေ.တနင်္ဂနွေဆိုရင်တားတားလည်းအားတယ်ဂျ
ဖြစ်သလိုလေးတွေလာစားမယ်
တောင်းတောင်းချက်ကျွေးနော်ဂျ ဟီးဟီး

Unknown said...

အော် တူးတူးဖြစ်တော့မပေါ့ ငယ်နာမည်က ကူးကူး ပါဆို
စလုံးရောက်ရင်တော့ ဟင်းချက်တတ်မှာသေချာပါတယ်
ဒီကဟင်းတွေက စားမှမကောင်းတာကိုး
စနေ တနင်္ဂနွေ ဆို ကောင်းကောင်းကန်းကန်းချက်စား ဖြစ်တယ် ခုကတည်းက ကြိုပြောထားပြီ ဟင်းကောင်းရင် လှမ်းခေါ်လိုက် (ပုံက ကြွက်သားမပါ က အပြေးလှမ်း၍ လာစားပါမည်)