
အချိန်ကျပြီမို့
ပင်ပေါ်မှာမနေအား
ရွက်ဝါကြွေ
ညှာချွေမခိုင်တော့သည်ကြောင့်
တစ်ကြောင်း...
လေအပင့်မှာ
လေသင့်ရာကြွေခဲ့ရ
လေအတိုက်မှာ
အလေလိုက်မိသည်က
တစ်ကြောင်း....
လေငြိမ်ရင်
ဝေဟင်မှာမဆော့အား
ကျခဲ့ရာ
ကြွေသက်လို့
မြေထက်မှာ ငြိမ်နေရတယ်
လေပြင်းရယ်မွှေပါအုန်းလား
လေအနော့မှာ
လေနှင်ရာရွက်တိုက်လို့
သွားချင်ရာဦးစိုက်လိုက်မိတယ်
မိုက်မဲဖို့အရေး................
7 comments:
လေအတိုက်မှာ အလေလိုက်ပြီး အနေမမိုက်လိုက်ပါနဲ့ မောင်လေး။
အယ်.....ဘယ်ကိုသွားမှာတုန်းး မိုက်ဖို့ အရေးဆိုတော့ တူမောင်ရယ် မိုက်လုံးမကြီးစမ်းပါနဲ့  ဘကြီးစိတ်မချဘူးးး)
25 Oct 08, 23:46
kom: တယ်ကဗျာဆန်နေပါလားဆရာ။
မမိုက်ပါနဲ့ ကိုရွာသားရယ်..လေနှင်ရာ အလေလိုက်နေရင်တော့
ဒုက္ခရောက်လိမ့်မယ်နော်...
ကိုရင်ရယ်..ကြီးမှ မိုက်ချင်စမ်းနဲ့...:P
ကိုရွာသားလေးရေ .. မိုက်မိုက်မဲမဲ ရှာတော့မယ်ပေါ့
သိနေတယ်နော် ၊၊ဟားဟား
အောင်မြင်ပါစေဗျာ ၊၊
ကိုကြီးဝီ
ပန်းချီလေးနဲ့ ကဗျာလေးက အတော် လိုက်ဖက်တယ်…
ရွာသားလေးဆွဲတာလား….
သစ်ရွက်လှုပ်ရင် ရီတော့တဲ့အရွယ်မဟုတ်ပေမယ့်
သစ်ရွက်လေးအကြွေကို ခံစားပြီး ရေးစပ်ထားတာလေး က သိပ်ပြီး နူးညံ့နေပါလား အမောင်ရွာသားလေး
Post a Comment